သမိုင်းတစ်လျှောက် ကြောက်စရာအကောင်းဆုံး အမျိုးသမီးလူသတ်သမားများ

(၁) Nannie Doss

Doss ဟာ သူမရဲ့ ခင်ပွန်း ငါးယောက်အနက် လေးယောက်ကို သတ်ခဲ့သူ ဖြစ်ပါတယ်။ နောက်ဆုံး ခင်ပွန်းအလှည့်မှာ အမှုပေါ်သွားခဲ့ပါတယ်။ သူမ သတ်တဲ့ လူတွေဟာ သူမနဲ့ အနီးစပ်ဆုံးသူတွေ ဖြစ်ပြီး၊ မိခင်၊ ညီမ၊ မြေး၊ ယောက္ခမတို့လည်း အသတ်ခံခဲ့ရပါတယ်။

(၂) Elizabeth Báthory

Elizabeth Báthory လို့ အမည်ရတဲ့ အမျိုးသမီးကတော့ ဥရောပသမိုင်းမှာ လူသတ်မှု အများဆုံး ကျူးလွန်ခဲ့တဲ့ မှတ်တမ်းကို ပိုင်ဆိုင်ခဲ့သူ ဖြစ်ပါတယ်။ သူမဟာ 1585 ခုနှစ်နဲ့ 1610 ခုနှစ်အတွင်းမှာ ဆယ်ကျော်သက်အရွယ် မိန်းကလေးပေါင်း 650 ကို သတ်ဖြတ်ခဲ့ပါတယ်။ သေသူရဲ့ သွေးနဲ့ ရေချိုးတယ်လို့တောင် ဆိုပါတယ်။ ဒါပေမယ့် မိသားစုက သြဇာကြီးမားတဲ့ဟန်ဂေရီနန်းတော် Báthory မျိုးရိုးဖြစ်လို့ သူမဟာ သေဒဏ် မကျခံခဲ့ရပါဘူး။ သို့သော် အလုံပိတ်ထားတဲ့ အခန်းထဲမှာ ရေနဲ့အဆာ ပို့ဖို့အတွက် အပေါက်ငယ်လေးသာထားပြီး သေသည်အထိ ချုပ်နှောင်ခံခဲ့ရပါတယ်။

READ
အနောက်တိုင်းမှာ ခေတ်စားလာတဲ့ ရုံးချိန်တွင်း ခေတ္တအိပ်စက်ခြင်းဓလေ့

(၃) Jane Toppan

သူနာပြုဆရာမအဖြစ် အသက်မွေးခဲ့တဲ့ Jane Toppan ကတော့ 1931 ခုနှစ်မှာ လူနာ 31 ယောက်ကို သတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်ဒဏ်ချမှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။ သူမဟာ လူနာတွေကို ညွှန်ကြားထားတဲ့ ဆေးမထိုးပဲ morphine နဲ့ atropine ဆေးတွေသာ ထိုးပေးခဲ့ပါတယ်။ သူမရဲ့ အကြောင်းပြချက်ကတော့ မျှော်လင့်ချက်မဲ့နေတဲ့ လူနာတွေကို စေတနာနဲ့ လူ့ပြည်ကနေ ဖယ်ရှားပေးခြင်းလို့ ပြောခဲ့ပါတယ်။

(၄) Miyuki Ishikawa

1940 ခုနှစ် ဒုတိယကမ္ဘာစစ်ြံကီး ပြီးသွားတော့ Miyuki Ishikawa ဆိုတဲ့ ဂျပန်အမျိုးသမီးဟာ ဆင်းရဲသား ကလေးငယ် 104 ယောက်ကို ပုံစံအမျိုးမျိုးနဲ့ သတ်ခဲ့ပါတယ်။ အကြောင်းပြချက်ကတော့ ဆင်းရဲသားတွေအတွက် လူ့ပြည်မှာ အခွင့်အရေးမရှိဘူးလို့ ယူဆပြီး သတ်တာပါ။ သူမရဲ့ လူသတ်မှုတွေအတွက် ဂျပန်အစိုးရက ထောင်ဒဏ် လေးနှစ်သာ အပြစ်ပေးခဲ့လို့ သမိုင်းတစ်လျှောက်လုံးမှာ ပြစ်မှုနဲ့ပြစ်ဒဏ် မျှတမှုမရှိတဲ့ ဆုံးဖြတ်ချက်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

READ
ဝန်ထမ်းတွေ အလုပ်ပိုပြီးစေဖို့ တစ်ပတ်ကို (၄)ရက်ပဲ ရုံးတက်ခိုင်းမယ့် ထိပ်တန်းကုမ္ပဏီ

(၅) Leonarda Cianciulli

Leonarda Cianciulli လို့ အမည်ရတဲ့ အီတလီအမျိုးသမီးကတော့ လူတွေကို သတ်ပြီး အသားညှပ်ကိတ်နဲ့၊ အိမ်လုပ်ဆပ်ပြာခဲ လုပ်ရောင်းခဲ့ပါတယ်။ 1939 ခုနှစ်နဲ့ 1940 ခုနှစ်အတွင်းမှာ အမျိုးသမီးသုံးယောက်ကို အိပ်ဆေးခပ်ထားတဲ့ ၀ိုင်တိုက်ပြီး ပုစိန်နဲ့ ခုတ်သတ်ခဲ့ပါတယ်။ လူအသားတွေကို ကိတ်မုန့်ဖုတ်ရာမှာ အသုံးပြုပြီး ၎င်းတို့ လင်မယားလည်း စားသောက်ခဲ့သလို၊ ပိုလျှံတာတွေကိုလည်း ရောင်းခဲ့ပါတယ်။ လူတွေရဲ့ အဆီနဲ့ပြုလုပ်ထားတဲ့ ဆပ်ပြာကိုတော့ ၎င်းတို့ ရေချိုးတဲ့အခါမှာ အသုံးပြုခဲ့သူ ဖြစ်ပါတယ်။ ပြစ်ဒဏ်ကျခံရမှုကိုတော့ ဖော်ပြမထားပါဘူး။

နတ်စည်တော် (Shwemom)

source : the-line-up.com

SHARE