ကမ္ဘာ့သမိုင်းဝင်အမွေအနှစ် Notre Dame ဘုရားကျောင်းကြီး မီးလောင်မှုမှတ်တမ်းပုံရိပ်များ

၂၀၁၉ ခုနှစ် ဧပြီလ ၁၅ ရက်နေ့မှာတော့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရဲ့ ကမ္ဘာ့သမိုင်းဝင်အမွေအနှစ် အဆောက်အဦးကြီးတစ်ခုဖြစ်တဲ့ Notre Dame ကတ်သလစ်ဘုရားကျောင်းကြီးဟာ မီးဘေးသင့်ခဲ့ရပါတယ်။ ထိုဖြစ်စဉ်ကြီးဟာ ပဲရစ်မြို့သူမြို့သားတွေအပါအဝင် ကမ္ဘာတဝှမ်းက ယဉ်ကျေးမှုအမွေအနှစ် တန်ဖိုးထားသူတွေအတွက် စိတ်ထိခိုက်ဖွယ်ရာ ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့ရပါတယ်။

Notre Dame မီးလောင်မှုကြီးဟာ ဥရောပအလယ်ပိုင်းဒေသ စံတော်ချိန် ညနေ ၆ နာရီ ၅၀ မိနစ်မှာ စတင်ဖြစ်ပွားခဲ့ပြီး ၁၅ နာရီကြာပြီးနောက် ဧပြီလ ၁၆ ရက်နေ့မှာ မီးငြိမ်းသတ်သွားခဲ့ပါတယ်။ အဆောက်အဦးကြီးရဲ့ ပြသာဒ်နဲ့ မျက်နှာကြက်၊ အဆောက်အဦးအတွင်းပိုင်းနဲ့ နံရံအပေါ်ဘက်တွေ၊ ပြတင်းပေါက်တွေမှာ အကြီးအကျယ် ပျက်စီးမှုတွေ ဖြစ်ခဲ့ရပြီး အခြားအစိတ်အပိုင်းများစွာလည်း မီးဘေးသင့်ခဲ့ရပါတယ်။ ဒါပေမယ့် ဘုရားကျောင်းတွင်းက အဖိုးကြီးလှတဲ့ အနုပညာလက်ရာပစ္စည်းတွေ၊ အထွတ်အမြတ်ထားရာ ရတနာတွေနဲ့ ဘာသာရေးပစ္စည်းတွေကိုတော့ အချိန်မီ ပြောင်းရွှေ့လိုက်နိုင်ခဲ့ကြပါတယ်။

READ
စိတ်ဖိစီးမှု ရှိ၊ မရှိကို ပြောပြနိုင်တဲ့ သင့်ခန္ဓာကိုယ်က လက္ခဏာများ
Shutterstock

Notre Dame ရဲ့ အမည်နာမအပြည့်အစုံကတော့ Notre-Dame de Paris ဖြစ်ပြီး “Our Lady of Paris” လို့ အဓိပ္ပာယ်ရပါတယ်။ အလယ်ခေတ် ကတ်သလစ်ဘုရားကျောင်းကြီးဖြစ်ပြီး မယ်တော်မေရီကို ကိုးကွယ်ရာ အထွတ်အမြတ်အဆောက်အအုံဖြစ်ပါတယ်။ ပြင်သစ်ဂေါ့သစ်ဗိသုကာလက်ရာကို တွေ့မြင်နိုင်မယ့် အနုပညာလက်ရာအမြောက်ဆုံး အဆောက်အဦးကြီးလည်း ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံကို အလည်အပတ်ခရီးရောက်သူတိုင်းလည်း မသွားမဖြစ် နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဘုရားကျောင်းကြီးကို နှစ်စဉ်လာရောက်လည်ပတ်သူဦးရေ ၁၂ သန်းလည်း ရှိပါတယ်။ မှတ်တမ်းဓာတ်ပုံတွေမှာတော့ မီးဘေးသင့်နေခဲ့တဲ့ ဘုရားကျောင်းကြီးကို မြို့ခံပြည်သူတွေ ကြေကွဲစွာ ငေးမျှော်ကြည့်နေခဲ့ကြရှာတာကိုလည်း စိတ်မကောင်းဖွယ်ရာ တွေ့မြင်ရပါတယ်။

ပြင်သစ်နိုင်ငံ သမ္မတ Emmanuel Macron ကတော့ ဘုရားကျောင်းကြီးကို ပြန်လည်ပြုပြင်မွမ်းမံဖို့ စီစဉ်သွားမှာ ဖြစ်ပါတယ်။ ပြုပြင်မွမ်းမံစရိတ်အတွက် ရံပုံငွေထူထောင်တဲ့ အစီအစဉ်ကို စတင်ထားပြီဖြစ်ပြီး ၂၄ နာရီအတွင်း ယူရို သန်း ၈၀၀ ကို ရရှိပြီး ဖြစ်ပါတယ်။ ပြုပြင်သွားမယ့် အချိန်ကာလကတော့ နှစ်ပေါင်း ၂၁ နှစ်နဲ့ အထက် ကြာမြင့်နိုင်ချေရှိကြောင်း တွက်ချက်ထားကြပါတယ်။ မီးလောင်မှုကြီးရဲ့ မှတ်တမ်းဓာတ်ပုံတွေကိုလည်း ဖော်ပြပေးလိုက်ရပါတယ်။

READ
နေရာမရှောင်ပဲ ချစ်တင်းနှောခဲ့ကြလို့ သေဆုံး/ဒဏ်ရာရခဲ့တဲ့ စုံတွဲများ
Ian Langsdon/EPA
AbacaPress / SplashNews.com
Jacques Witt/SIPA/REX/Shutterstock
Julien de Rosa/EPA
GEOFFROY VAN DER HASSELT / AFP
Hubert Hitier / AFP
Stoyan Vassev/TASS
Yoan Valat/EPA
Yoan Valat/EPA
Julien de Rosa/EPA

ဘုရားကျောင်း အတွင်းပိုင်း ပျက်စီးမှုများ

Philippe Wojazer/AP
Philippe Wojazer/AP
Christophe Ena/AP
Yoan Valat/EPA-EFE/REX/Shutterstock

ပြင်သစ်သမ္မတ Emmanuel Macron နဲ့ ဇနီးဖြစ်သူတို့ မီးလောင်မှုဖြစ်ပွားရာသို့ လာရောက်ကြည့်ရှုနေခဲ့ကြစဉ်

Philippe Wojazer/AP

Ref: Wikipedia, CNN, The Guardian, NT News

SHARE