နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း အသစ်ထွက်ရှိထားတဲ့ ကေပေါ့သီချင်းကောင်းများ

ကေပေါ့သီချင်းတွေကို နှစ်သက်ကြတဲ့ ပရိသတ်တွေအတွက် ကေပေါ့သီချင်းကောင်းတွေကို တင်ဆက်ပေးလိုက်ပါတယ်။ ဘယ်သီချင်းတွေ နားထောင်ပြီးပြီလဲ..? ဘယ်သီချင်းတွေ အကြိုက်ဆုံးလဲ။

Red Velvet 레드벨벳 ‘RBB (Really Bad Boy)

ဒီသီချင်းလေးကတော့ ဒီနေ့မှာ အသစ်စက်စက်ထွက်လာတဲ့သီချင်းလေးဖြစ်ပါတယ်။ အမြဲတမူထူးတဲ့ သီချင်းစတိုင်နဲ့ ဖမ်းစားတတ်တဲ့ Red Velvet အဖွဲ့ရဲ့ ဒီသီချင်းလေးကတော့ ပရိသတ်တွေတိုင်းကို အကြိုက်တွေ့စေမှာပါ။ သီချင်းဗီဒီယိုကိုလည်း အမိုက်စားရိုက်ထားတာဖြစ်လို့ ကြည့်ကြည့်လိုက်ပါဦးနော်။

THE BOYZ(더보이즈) _ No Air

ကောင်လေးငယ်ငယ်ချောချောလေးတွေနဲ့ ဖွဲ့စည်းထားတဲ့ THE BOYZ အဖွဲ့ရဲ့ သီချင်းကတော့ ခပ်မြူးမြူး အချစ်သီချင်းလေးပါ။ နားထောင်လို့ကောင်းတဲ့ ဂီတပုံစံလေးဖြစ်လို့ လတ်တလောမှာ လူကြိုက်များနေတဲ့ သီချင်းလေးလည်းဖြစ်ပါတယ်။

Loco(로꼬), GRAY _ Late Night

ဒီသီချင်းလေးကတော့ AOMG Label က အဆိုတော်တွေဖြစ်တဲ့ Loco နဲ့ Gray တို့ အတူတွဲဖက်သီဆိုထားတာဖြစ်ပါတယ်။သီချင်းလေးကတော့ ချစ်သူကောင်မလေးကို လိုအပ်တဲ့အချိန်မှာ လှမ်းသာဖုန်းဆက်ခေါ်လိုက်ပါ၊ဘယ်အချိန်မဆို အရောက်လာခဲ့မယ်ဆိုပြီးတော့ ပြောထားတာဖြစ်ပါတယ်။

READ
အနာဂတ်မှာ နေနေတယ် ထင်ရလောက်အောင် အဆန်းလွန် အထူးလွန်နေသူများ

MAMAMOO(마마무) _ Wind flower

ဒီသီချင်းလေးကို တောင်ကိုရီးယားရဲ့ နာမည်ကျော် အမျိုးသမီးအဆိုရှင်အဖွဲ့ဖြစ်တဲ့ MAMAMOO အဖွဲ့က သီဆိုထားတာဖြစ်ပါတယ်။လမ်းခွဲပြီးနောက် ခံစားနေရတဲ့ ခံစားချက်တွေကို ရေးဖွဲ့သီဆိုထားတာဖြစ်ပါတယ်။

URBAN ZAKAPA(어반자카파) _ You’re The Reason

သီချင်းအေးအေးလေးတွေ သီဆိုတဲ့ ကေပေါ့အဆိုအဖွဲ့တစ်ခုဖြစ်တဲ့ Urban Zakapa ကသီဆိုထားတာဖြစ်ပါတယ်။ ချစ်သူနှစ်ယောက်ရဲ့ ပျော်ရွှင်စရာအမှတ်တရတွေကို သီဆိုထားတဲ့ သီချင်းလေးဖြစ်ပါတယ်။ စန္ဒရားတေးသွားလေးဖြစ်လို့ တော်တော်လေးကို နားထောင်ကောင်းတဲ့သီချင်းလေးပါ။ ပရိသတ်တွေရဲ့ အချစ်တော်မင်းသားလေး Cha Eunwoo ကလည်း ပါဝင်သရုပ်ဆောင်ထားသေးတယ်နော်။

NU’EST W(뉴이스트 W) – HELP ME

ဒီသီချင်းကိုတော့NU’EST W အဖွဲ့က သီဆိုထားတာဖြစ်ပါတယ်။ သီချင်းကောင်တစ်ပုဒ်ဖြစ်တဲ့အပြင် အမိုက်စား သီချင်းဗီဒီယိုလည်း ပရိသတ်တွေကို ဖမ်းစားနိုင်မှာ သေချာပါတယ်။

READ
maldives မှာ လွင့်ချင်တိုင်းလွင့်နေတဲ့ အဝါရောင် နတ်မိမယ်လေးခင်လေးနွယ်

Source: Youtube

SHARE