Now & Ever ရုပ်ရှင်ဇာတ်ကားကြီး အောင်မြင်စွာ ရိုက်ကူးပြီးစီး

“ဥပါယ်တံမျဉ်” ၊”မုဒြာခေါ်သံ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ပရိသတ် အားပေးမှုကို ရရှိထားတဲ့ ခီမောင်နှ ရဲ့ ဇာတ်ကားသစ်ကိုတော့  ပရိသတ်တွေ ကြည့်ခွင့်ရတော့မှာပါ။ပထမရုပ်ရှင်ဇာတ်ကားနှစ်ကားနဲ့ တင်ပရိသတ် ၀က်ဝက် ကွဲ အားပေးခံခဲ့ရတဲ့ ဒါရိုက်တာ ခရစ်စတီးနားခီကတော့ တတိယမြော်က ရုပ်ရှင်ကားအနေနဲ့ Now and Ever (ထာ ဝရနှောင်ကြိုး)ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့ပါတယ်။ဒါရိုက်တာ ခရစ်စတီးနားခီဖြစ်တဲ့ အတွက် ကြောင့် ပရိသတ် တွေက Now & Ever ဇာတ်ကားကိုလည်း အများကြီးကို မျှော်လင့်ထားကြတာပါ။အခုဆိုရင်တော့ ရုပ်ရှင် ကာြး ကီးရဲ့ ရိုက်ကူးရေးတွေ အားလုံးအောင်မြင်စွာ ပြီးစီးသွားခဲ့ပါပြီ။

 

တတိယမြော်ကဇာတ်ကားမှာတော့ ဇာဏ်ခီနဲ့ ပိုင်ဖြိုးသုတို့က အဓိကသရုပ်ဆောင်တွေအဖြစ် ပါဝင်သရုပ်ဆောင် ခဲ့ကြပါတယ်။“Now and Ever” ရုပ်ရှင်မှာတော့ ဇာဏ်ခီနဲ့ ပိုင်ဖြိုးသုတို့က သီဟ နဲ့ ဝတ်မှုံ ဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ဇာတ်ကားမှာသရုပ်ဆောင်ဖို့ သရုပ်ဆောင် Casting ကို သေချာ ရွေးချယ်ခေါ် ယူခဲ့သလို ရိုက်ကွင်းနေရာကိုလည်း သေချာကို သွားရောက်လေ့လာပြီးမှ ရွေးချယ်ခဲ့တာကို တွေ့ရပါတယ်။ ရိုက်ကူးေ ရးတွေ အားလုံးပြီးစီးသွားပြီဆိုတဲ့ အကြောင်းကိုတော့ ခရစ်စတီးနားခီ က သူမရဲ့ fb မှာ အခုလို ပြောပြထားပါတယ်။

READ
ကြည့်ရှုနှုန်း မြင့်တက်နေတဲ့ အကိတ်မလေး Jessica Baby Fat ရဲ့ ဗီဒီိယိုဖိုင်

“Now and Ever(ထာဝရနှောင်ကြိုး)ရိုက်ကူးပြီးစီးသွားပါပြီ!!!
ပါဝင်အားဖြည့်ပေးကြသူတိုင်းကို အထူးကျေးဇူးတင်ပါတယ်နော်….🙏🙏🙏😘😘😘
Thank you so much each and everyone!!!…………” ဆိုပြီး တင်ထားပါတယ်။

နောက်တစ်ခါ အချစ်ဇာတ်လမ်းမရိုက်နိုင်တော့လောက်အောင် အရမ်းကို နှစ်သက်မိပါတယ်လို့လည်း ပြောထားပါတယ်။

“နောက်တခါအချစ်ဇာတ်လမ်း မရိုက်နိုင်တော့လောက်အောင် သူ့အချစ်ဇာတ်လမ်းအား အလွန်နှစ်သက်မိပါကြောင်း!!!

ယုံကြည်စွာနဲ့သေချာရေးပေးပြီး အမြဲဖတ်ဖြစ်..ကြည့်ဖြစ်မယ့် အချစ်ရုပ်ရှင်ဇာတ်ကားအား ဒါရိုက်တာလုပ်ခွင့်ရတာ အရမ်းကံကောင်းတယ်လို့ခံယူထားပါကြောင်း!!!….”

နောက်ဆုံးရိုက်ကူးရေးကိုတော့ ပုပ္ပါးမှာ အဆုံးသတ်ခဲ့တာပါ။ပူတာအိုဘက်မှာလည်း သွားရောက်ရိုက်ကူးခဲ့တာ ကို လည်း တွေ့ရပါတယ်။ဇဏ်ခီနဲ့ ပိုင်ဖြိုးသု (သီဟ နဲ့ ဝတ်မှုံ)တို့ကတော့ ဒီဇာတ်ကားထဲမှာ မတူညီတဲ့ ကာရိုက်တာ နဲ့ ပါဝင် ခွင့် ရတယ်လို့ အင်တာဗျူးတွေမှာ ဖြေခဲ့ဖူးပါတယ်။ပိုင်ဖြိုးသုရဲ့ ၀တ်မှုံကာရိုက်တာကတော့  အမေ ကို ဆုံးရှုံး ထားရတဲ့ စိတ်ဒဏ်ရာတွေနဲ့ ကောင်မလေးတစ်ယောက် အဖြစ် မြင်တွေ့ရမယ်လို့ သိရပါတယ်။ ပရိသတ်တွေက Now and Ever ကို အရမ်းကို စိတ် ၀င်စားနေကြပြီး အမြန် ဆုံး ရုံတင်ပြသခွင့်ရပြီး ကြည့်ရဖို့ မျှော်လင့်နေကြပါတယ်။

READ
“Descendants Of The Sun” အပေါ် သစ္စာမပျက်တဲ့ ဆောင်ဂျွန်ကီ

Source ဒါရိုက်တာခရစ်စတီးနားခီ

SHARE