ဆင်ဆာခွင့်ပြုချက်ရရှိသွားတဲ့ Now & Ever ရုပ်ရှင်ဇာတ်ကားကြီး

Image:fb/Now and Ever - ထာဝရနှောင်ကြိုး

ခီမောင်နှံရဲ့ ရုပ်ရှင်ဇာတ်ကားသစ်ကို မျှော်နေတဲ့ ပရိသတ်တွေ အတွက် သတင်းကောင်းရှိပါတယ်။ဒါရိုက်တာ ခရစ်စတီးနားခီရဲ့ လက်ရာဖြစ်တဲ့ Now and Ever – ထာဝရနှောင်ကြိုး ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ကတော့ အခုဆိုရင် ဆင်ဆာခွင့်ပြုချက်ရရှိသွားပါပြီ။ဒီအကြောင်းကိုတော့ ဒါရိုက်တာခရစ်စတီးနားခီက သူမရဲ့ Fb မှာ ဝေမျှ ပေးထားတာပါ။Now and Ever  ကိုတော့ ရုပ်ရှင်နဲ့ ဗီဒီယို ဆင်ဆာ အဖွဲ့ကနေ အများပြည်သူကို ပြသ ရန် ခွင့်ပြုသည် ဆိုပြီး ဆင်ဆာ ခွင့်ပြုပေးလိုက်တာပါ။(၅.၉.၂၀၁၉) ရက်နေ့က ခွင့်ပြု ပေးလိုက်တာဖြစ်ပြီး သက် တမ်း ကုန်ဆုံးရက်ကတော့ (၄.၉.၂၀၂၂) ရက်နေ့အထိပါ။

Image:fb/Now and Ever – ထာဝရနှောင်ကြိုး
Image:fb/Now and Ever – ထာဝရနှောင်ကြိုး
Image:fb/Now and Ever – ထာဝရနှောင်ကြိုး

ပရိသတ်တွေက ဒီဇာတ်ကားကို မျှော်နေခဲ့တာကြာခဲ့ပါပြီ။အခုတော့ ဆင်ဆာခွင့်ပြုချက်ရရှိသွားပြီမို့ ဘယ်နေ့မှာ ရုံတင် ပြသခွင့်ရမလဲ ဆိုတာကိုတော့ အားလုံးက မျှော်လင့်တကြီးစောင့်မျှော်နေကြပါတယ်။ဒါရိုက်တာ ခရစ်စတနီးနားခီကတော့ “ဥပါယ်တံမျဉ်” ၊”မုဒြာခေါ်သံ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ပရိသတ် တွေရဲ့ တခဲနက်အားပေးမှုကို ရရှိထားတာပါ။ပထမရုပ်ရှင်ဇာတ်ကားနှစ်ကားနဲ့ တင်ပရိသတ် ၀က်ဝက် ကွဲ အားပေးခံခဲ့ရတဲ့ ဒါရိုက်တာ ခရစ်စတီးနားခီကတော့ တတိယမြောက် ရုပ်ရှင်ကားအနေနဲ့ Now and Ever (ထာ ဝရနှောင်ကြိုး)ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့တာပါ။ဇာတ်ကား(၃)ကားလုံးရဲ့ ခေါင်းဆောင်မင်းသားနေရာကိုတော့ ဇဏ် ခီနဲ့ ပဲ ရိုက်ကူးခဲ့တာပါ။

READ
ဒီကနေ့မှာ ကျရောက်တဲ့ ရဲလေးရဲ့ အသက်(၃၄)နှစ်ပြည့်မွေးနေ့
Image:fb/Now and Ever – ထာဝရနှောင်ကြိုး
Image:fb/Now and Ever – ထာဝရနှောင်ကြိုး
Image:fb/Now and Ever – ထာဝရနှောင်ကြိုး

“Now and Ever” ရုပ်ရှင်မှာတော့ ဇာဏ်ခီနဲ့ ပိုင်ဖြိုးသုတို့က သီဟ နဲ့ ဝတ်မှုံ ဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ဒါရိုက်တာ ခရစ်စတနီးနားခီကတော့ သူမရဲ့ ရုပ်ရှင်ဇာတ်ကားတွေ မှာ အကောင်းဆုံး  ပြင်ဆင်မှုတွေ လုပ်ပြီးမှ သေချာ ရိုက်ကူးတတ်တဲ့ သူတစ်ယောက်ပါ။ဒီဇာတ်ကား မှာလည်း သရုပ်ဆောင် Casting ကို သေချာ ရွေးချယ်ခေါ် ယူခဲ့သလို ရိုက်ကွင်းနေရာကိုလည်း သေချာကို သွားရောက်လေ့လာပြီးမှ ရွေးချယ်ခဲ့တာကို တွေ့ရပါတယ်။နောက်ဆုံးရိုက်ကူးရေးကိုတော့ ပုပ္ပါးမှာ အဆုံးသတ်ခဲ့တာပါ။ပူတာအိုဘက်မှာလည်း သွားရောက်ရိုက်ကူးခဲ့တာ ကို လည်း တွေ့ရပါတယ်။

Image:fb/Now and Ever – ထာဝရနှောင်ကြိုး
Image:fb/Now and Ever – ထာဝရနှောင်ကြိုး

ရိုက်ကူးရေးတွေ အဆုံးသတ်ခဲ့တုန်းကလည်း ခရစ်စတီးနားခီက သူမရဲ့အကောင့်မှာ နောက်တစ်ခါ အချစ်ဇာတ်လမ်းမရိုက်နိုင်တော့လောက်အောင် အရမ်းကို နှစ်သက်မိတယ်ဆိုပြီး ဒီဇာတ်ကားအပေါ် သူမရဲ့ အားရ ကျေနပ် မှုတွေ ကို အခုလို ဖွင့်ပြောခဲ့ပါသေးတယ်။

READ
ကောလဟာလတွေကို ဖြေရှင်းဖို့အတွက် လူရှေ့ထွက်လာပြီဖြစ်တဲ့ Fan Bingbing

“Now and Ever(ထာဝရနှောင်ကြိုး)ရိုက်ကူးပြီးစီးသွားပါပြီ!!!
ပါဝင်အားဖြည့်ပေးကြသူတိုင်းကို အထူးကျေးဇူးတင်ပါတယ်နော်….🙏🙏🙏😘😘😘
Thank you so much each and everyone!!!…………” ဆိုပြီး တင်ထားပါတယ်။

နောက်တစ်ခါ အချစ်ဇာတ်လမ်းမရိုက်နိုင်တော့လောက်အောင် အရမ်းကို နှစ်သက်မိပါတယ်လို့လည်း ပြောထားပါတယ်။

“နောက်တခါအချစ်ဇာတ်လမ်း မရိုက်နိုင်တော့လောက်အောင် သူ့အချစ်ဇာတ်လမ်းအား အလွန်နှစ်သက်မိပါကြောင်း!!!

Image:fb/Now and Ever – ထာဝရနှောင်ကြိုး

ယုံကြည်စွာနဲ့သေချာရေးပေးပြီး အမြဲဖတ်ဖြစ်..ကြည့်ဖြစ်မယ့် အချစ်ရုပ်ရှင်ဇာတ်ကားအား ဒါရိုက်တာလုပ်ခွင့်ရတာ အရမ်းကံကောင်းတယ်လို့ခံယူထားပါကြောင်း!!!….” ဆိုပြီး ရိုက်ကူးရေးတွေ ပြီးတုန်းက သူမရဲ့ fb မှာ Post တင်ခဲ့ပါတယ်။

Image:fb/Now and Ever – ထာဝရနှောင်ကြိုး

Source:Christina Kyi

SHARE