Now & Ever အယ်ဘမ် အချပ်ရေ (၁၀၀၀၀) (၂)ရက်အတွင်း ရောင်းထွက်ခဲ့

Image:fb/Now & Ever

Now & Ever ထာဝရ နှောင်ကြိုးရုပ်ရှင်ဇာတ်ကားကတော့ ပရိသတ်တွေ အတော်လေးအကြိုက်တွေ့ ခဲ့ပြီးအောင်မြင်ခဲ့ပါတယ်။ရုပ်ရှင်ကားကို အကောင်းဆုံး ပုံဖော်ထားသလို ဇာတ်ကားထဲမှာ ထည့်သွင်းထားတဲ့ ဇာတ်ဝင်သီချင်းတွေ ကိုလည်း ပရိသတ်တွေ အတော်လေးအကြိုက် တွေ့ ခဲ့ကြပါတယ်။Now & Ever Original Songtrack Album ကိုတော့ ပရိသတ်တွေ လက်ထဲကို အရောက်ပို့ ပေးနိုင်ခဲ့ပါတယ်။၁၅.၁၁.၂၀၁၉  ကစပြီး Bo Bo Music Produ ction ကနေ ဖြန့်ချီပေးခဲ့ပါတယ်။(၂)ရက်အတွင်းမှာပဲ အခွေ အရေ အတွက် တစ်သောင်း ကုန်သွားခဲ့ပါတယ်။

Image:fb/Now & Ever

ဒီအ ကြောင်းကိုတော့ ဖြန့်ချီပေးခဲ့တဲ့ Bo Bo Music Production ရဲ့ FB စာမျက်နှာပေါ်မှာ ဖော်ပြ ထားပါတယ်။

“ထာဝရနှောင်ကြိုး ( Now & Ever ) အခွေအရေအတွက် (၁၀၀၀၀) ကို (၂) ရက်အတွင်း ကုန်သွားသည့်အထိ
အားပေးကြမ်းကြတဲ့ ပရိသတ်တွေကို အထူးပင်ကျေးဇူးတင်ရှိပါသည်

READ
Mario Maurer ယာဉ်မတော်တဆမှု ဖြစ်ပွား

အခွေများထပ်ထုတ်နေပြီး အခွေပြန်လည်ဝယ်ယူရမယ့်နေ့ကိုလဲ Bo Bo Music Page မှ ကြေငြာပေးသွားမှာဖြစ်လို့ စောင့်မျှော်ပေးကြပါဦးခင်ဗျ

အသေးစိတ်သိရှိလိုပါက ဖုန်း – ၀၁ ၂၀၅၉၀၅ ၊ ၀၁ ၂၀၁၁၅၀ ကိုဆက်သွယ်နိုင်ပါသည် ( ရုံးချိန်အတွင်း )

Image:fb/Now & Ever

အခွေဝယ်ယူထားသူတွေအနေနဲ့ အခွေနဲ့ တွဲရိုက်ထားတဲ့ အမှတ်တရပုံလေးတွေ comment မှာ မန့်သွားပေးပါဦး…” ဆုိၿပီး တင်ခဲ့ပါတယ်။ဒါရိုက်တာ ခရစ်စတီးနားခီကတော့ အဲ့ဒီ Post ကို ပြန်ရှယ်ထားပါတယ်။ “ဖြန့်ချီရေးမှာ မရှိတော့ပေမယ့် ဆိုင်တချို့မှာ ကျန်ပါဦးမယ်…Anyway, Thank you sooo much par….” ဆုိၿပီး  Caption ရေးပြီး ရှယ်ထားတာပါ။

Now & Ever ဇာတ်ကားဟာ ပရိသတ်ကြားမှာ အရမ်းကို ရေပန်းစား လူကြိုက်များခဲ့ပေမယ့်လည်း သမ္မတ ရုပ်ရှင် ရုံကနေ  အ စောကြီးရုံချ ခံလိုက်ရတဲ့ အပေါ် ဇဏ်ခီက စိတ်မကောင်းဖြစ်မိတဲ့ အကြောင်းသူ့ရဲ့ Fb မှာ အခုလို တင်ခဲ့ပါသေးတယ်။

READ
မန္တလေးမြို့ကျုံးရှေ့မှာ လွတ်လွတ်လပ်လပ်အပန်းဖြေနေတဲ့ မအေးသောင်းရဲ့ ပုံရိပ်လေးများ
Image:fb/Now & Ever

“တတိယပါတ် ရုံစာရင်းပါ..

တစ်ခြားကားတွေ သမ္မတမှာ နှစ်ပါတ်ရတာကြည့်ပြီး တော်တော်စိတ်မကောင်းဖြစ်မိတယ်။ Now & Ever က လူဝင်ရုံတင်မကဘူး လက်မှတ်တောင်ဝယ်ရခက်နေတဲ့ကြားက ရုံကနေဆင်းပေးလိုက်ရတာ တကယ်နားမလည်ဘူး။ ကျနော်တို့ဆီမှာ Fair competition ဘယ်တော့မှရှိမှာမဟုတ်လောက်ဘူး။ ဘာတတ်နိုင်မှာလဲ။
This is Myanmar. The Stolen…I mean..The Golden Land. ………..” ဆိုၿပီး တင္ခဲ့တာပါ။

Image:fb/Image:fb/Zen Kyi
Image:fb/Zen Kyi

Source:fb/Now and Ever – ထာဝရနှောင်ကြိုး/Bo Bo Music Production

SHARE