ခိုအားလားလေးတွေ မွေးစားပြီး သြစတြေးလျတောမီးအတွက် လှူဒါန်းနိုင်မယ့် အစီအစဉ်

Facebook/Port MacquarieKoalaHospital

သြစတြေးရီးယားမီးလောင်မှုကိုတေ့ လူတိုင်းနီးပါး သိကြပြီး ဖြစ်မှာပါ။ဒီမီးလောင်မှုမှာ အသက်ဆုံးရှုံသွားတဲ့ တိရစ္ဆာန်အရေအတွက်ဟာ တစ်နေ့တခြားပိုတိုးလာပြီး မိဘတွေနဲ့ သေကွဲကွဲခဲ့ရတဲ့ တိရစ္ဆာန်လေးတွေလဲ မြောက်မြားစွာရှိပါတယ်။အဲဒီတိရစ္ဆာန်တွေထဲမှာ  ခိုအားလားလေးတွေလဲအပါအ၀င်ပါပဲ။

[email protected]

သြတြေးရီးယားတိရစ္ဆာန်ပညာရှင်တွေရဲ့ ခန့်မှန်းချက်အရ မီးလောင်မှုထဲမှာ ပါဝင်သွားတဲ့ ခိုအားလားအကောင်အရေအတွက်ဟာ ၈၀၀၀ကျော်ထက်မနည်းဘူးလို့ သိရှိရပါတယ်။နေ့စဉ်တွေ့နေရတဲ့ မီးလောင်ထားတဲ့ တိရစ္ဆာန်အလောင်းတွေမှာလည်း ခိုအားလားလေးတွေဟာ အများဆုံးဖြစ်နေပါတယ်။တောမီးလောင်တာပြီးသွားရင်တောင်မှ ခိုအားလားသတ္တ၀ါလေးတွေကို အရင်လိုသြစတြေးရီးယားနိုင်ငံရဲ့ နေရာတိုင်းမှာ တွေ့မြင်ရတော့မှာ မဟုတ်ပါဘူး။

The Giraffe & The Grizzly.com

အခုချိန်မှာတော့ သင်ဟာခိုအားလားလေးတွေကို ချစ်တဲ့သူတစ်ယောက်ဆိုရင် တရားဝင်မွေးစားနိုင်တော့မှာ ဖြစ်ပါတယ်။North South Wales ပြည်နယ်က Port Macquarie လို့အမည်ရတဲ့ ခိုအားလားဆေးရုံကနေပြီးတော့ သင်ကမ္ဘာပေါ်က ဘယ်နေရာမှာနေထိုင်ထိုင် ခိုအားလားလေးတွေကို မွေးစားဖို့ ခွင့်ပြုခဲ့ပါတယ်။ဒီဆေးရုံဟာ မီးလောင်မှုက လွတ်မြောက်လာတဲ့ ခိုအားလားလေးတွေကို ကယ်တင်ထားပြီး ဆေးရုံမှာ လိုအပ်တဲ့ ဆေးကုသမှုတွေကို ပြုလုပ်ပေးထားတာပဲ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကနေပြီးတော့ ရရှိလာတယ့်ငွေတွေကိုလဲ မီးလောင်မှုအတွက် အကုန်လုံးပြန်လှုဒါန်းမှာလို့ သိရှိရပါတယ်။

Posted by Gosia Miyu on Sunday, January 5, 2020

သင်ဟာ ခိုအားလားလေးတွေကို မွေးစားချင်တယ်ဆိုရင်တော့ https://www.koalahospital.org.au/adopt-a-koala ဆိုတဲ့ ဆေးရုံရဲ့ websiteမှာ ၀င်ရောက်ကြည့်ရှု့လို့ရပါတယ်။ခိုအားလားတစ်ကောင်ကို မြန်မာငွေ ၄၀၀၀၀ကနေ၇၀၀၀၀ကြားပဲကျသင့်မှာ ဖြစ်ပါတယ်။ဒါ့အပြင် ကိုယ်မွေးစားမယ့် ခိုအားလားလေးကို တရားဝင်မွေးစားခွင့်၇၇ှိမယ့် စာရွက်စာတမ်းတွေအပြင် မီးလောင်မှုအတွက်ပါ ငွေတစ်ခါတည်းလှုပြီးသားပါ ဖြစ်ပါတယ်။အခုချိန်မှာတော့ ဆေးရုံကမျှော်လင့်ထားတဲ့ မွေးစားဖို့ အလှုငွေ သိန်း၂၅၀ကိုကျော်သွားပြီး အလှုငွေ သိန်း၅၀၀၀၀အထိရရှိသွားပြီလို့လဲ သိရှိရပါတယ်။

READ
အရက်မူးလာရင် လူမျိုးရေးခွဲခြားစိတ်နဲ့ လိင်တူစုံမက်မှုကိုဆန့်ကျင်စိတ်တွေ ပိုဖြစ်လာလို့ဆို
Go Fund Me

Pyi Hein Kyaw

SHARE