လိင်ဆက်ဆံချိန်မှာ သုံးလွှာ Mask တပ်ထားသင့်တယ်လို့ NSW Health တိုက်တွန်း

Image:freepik.com/user20857916

ကိုဗစ် ကပ်ရောဂါ က တော့ ကမ္ဘာ တစ်ဝန်းမှာ ဆက်လက်ဖြစ်ပွားနေတုန်းပါ။ဖြစ်ပွားမှုနှုန်းတွေ ကျ သွားလိုက် တဖန် ပြန် မြင့် တက်လိုက် ဖြစ်နေစဲ ပါ။သြစတြေးလျ New South Wales ပြည်နယ် ကျန်းမာရေးဝန်ကြီး ဌာန က နေ ကူးစက်ကပ်ရောဂါ ကြောင့် လိင် ဆက်ဆံ နေချိန် မှာ လည်း Mask တပ်ဆင် ထားခြင်းက ကူးစက်နိုင်ချေ ကို နည်းပါးစေတယ် တာကြောင့် Mask တပ်ဖို့ တိုက်တွန်း ခဲ့ပါတယ်။

Image:freepik.com/trekone

ပြည်နယ် ကျန်းမာရေး ၀န်ကြီး ဌာ နရဲ့ playsafe ဆိုတဲ့ ၀က်ဘ်ဆိုက်မှာတော့ လူ့ခန္ဓာကိုယ်က နေ ထွက်တဲ့ အမျိုးမျိုးသော အရည် တွေ က တစ်ယောက် နဲ့ တစ်ယောက် ဘယ်လို မျိုး ကိုဗစ် ပိုးတွေ ပျဲ့ နှံ ကူးစက်စေလဲဆိုတာ အသေးစိတ် ဖော်ပြထားပါတယ်။ဒီအ ကြောင်းကိုတော့ ladbible မှာ ဖော်ပြထားတာပါ။

Image:freepik.com/eugeneshemyakin9

တရုတ်က လေ့လာမှု တစ်ခု အရ COVID-19 ကို သုတ်ပိုးတွေ မှာရှိနိုင်တယ်ဆိုတာကို တွေ့ ရှိခဲ့ကြောင်း၊လက်ရှိမှာတော့ ကိုဗစ် က အမျိုးသား တွေနဲ့ အမျိုးသမီးတွေရဲ့ သုတ်ပိုး၊သုတ်ရည် တွေ က တစ်ဆင့် ကူးစက်နိုင်တယ်လို့ တော့ သေချာတဲ့ သက်သေ အထောက် အထား မရှိသေး ဘူးလို့ အဲ့ဒီ ၀ဘ် ဆိုက်မှာ ဖော်ပြထားပါတယ်။ တံထွေးနဲ့ အသက်ရှုလမ်းကြောင်း ဆိုင်ရာ တွေ ကနေ ကူးစက်နိုင် ကြောင်း၊ဒါပေမယ့်လည်း ဒီလို ကိစ္စဖြစ်နေတဲ့ အချိန်မှာ အသက်ရှုလမ်း ကြောင်း ဆိုင်ရာ ဆက်နွယ်မှု တွေကို ခပ်ခွာခွာ နေဖို့ ဆိုတာကလည်း ရယ်စရာ တစ်ခု တော့ ဖြစ်ကောင်းဖြစ်နေနိုင်တယ်လို့ ဆိုပါတယ်။ကိုယ်နဲ့ အတူတူ နေနေ တဲ့ ပါ တနာ မျိုး၊တစ်အိမ်ထဲ အတူ နေတာ၊အိမ်ချင်းနီးနေတာ၊ရပ်ကွက် ခြင်းနီးနေတာမျိုး ဆိုရင် တော့ ကိုယ့်အတွက် စိတ်ချရတယ်လို့ ဖြည့်စွက်ပြောခဲ့ပါတယ်။

READ
ကုမ္ပဏီဒေ၀ါလီခံရပေမယ့်လည်း ပေးပြီးသားဆုကြေးတွေတော့ ပြန်မပေးနိုင်ဘူးဆိုတဲ့ဥက္ကဌ
Image:freepik.com/nataliabostan

ကူးစက်နိုင်ချေ လျော့ ကျ စေဖို့ အတွက် လိင်ဆက်ဆံ နေချိန်မှာ သုံးလွှာ Mask နဲ့ နှာခေါင်း ပါးစပ် တွေကို သေချာ အုပ် ထားဖို့ ကို တိုက်တွန်းထားပါတယ်။ဒါ့အပြင် နမ်းတာ မျိုးတွေ ကို ရှောင်ကျဉ် ဖို့ နဲ့ ကွန်ဒုံးနဲ့ dental dam တွေကို သုံးဖို့ ကို လည်း ပြောခဲ့ပါတယ်။တစ်ကိုယ်ရည် အာသာ ဖြေ တဲ့ေ နရာ မှာလည်း ဘေးကင်းစိတ်ချ ရ အောင် ခပ် ခွာ ခွာ အနည်းဆုံး ၁.၅ မီတာ လောက်က နေ ခွာ လုပ်ဖို့ ကိုလည်း အကြံပြု ခဲ့ပါတယ်။လိင်ဆက်ဆံ နေချိန် မှာ Mask တပ်ဖို့ တိုက်တွန်း တာ သြစတြေးလျ က ပထမဆုံး တော့ မဟုတ်ပါဘူး။

READ
ဘရိုက်တန် ကို နိုင်ပေမယ့် ခရစ္စမတ်မှာအသည်းကွဲခဲ့ရတဲ့ မော်ရင်ဟို
Image:freepik.com/dimonka

က နေဒါ ကျန်းမာရေး ၀န်ကြီး ဌာရဲ့ ထိပ် တန်း အရာရှိ တစ်ယောက်က လည်း အခုလို မျိုး တိုက်တွန်းဖူးပါတယ်။ Dr. Theresa Tam က တော့ လိင် ဆက်ဆံ ချိန် mask တပ်ဖို့ နဲ့ ပုံမှန် ပါတနာ ကိုပဲ နမ်းတာ မျိုး ဆိုရင် တော့ ကိုဗစ် ကူးစက်နိုင်ချေ နည်းပါး ကြောင်း၊ဒါပေမယ့် ပါတနာ သစ်တွေ အများကြီး ကို နမ်းနေတာ မျိုးဆိုရင် တော့ ကူးစက်နိုင်ချေ ပိုများတယ်လို့ ပြောခဲ့ပါတယ်။ဒါ့အပြင် အမေရိကန် New York City ကျန်းမာရေးဌာန က နေလည်း ကူးစက်နိုင်ချေ လျော့နည်း စေဖို့ အိမ် မှာ နေရင်းလည်း Mask တပ်ကာ၊လိင်ဆက်ဆံ နေချိန်မှာလည်း Mask တပ် ထားပါ ဆိုပြီး တိုက်တွန်း ခဲ့ဖူးပါတယ်။

#SHWEMOM

SHARE