မီးဖွားခါနီး ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်ရဲ့ အပျော်ကို တွေ့မြင်ရမယ့် ထူးခြားဖြစ်ရပ်

စာဖတ်သူတွေအနေနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး မီးဖွားတော့မယ်လို့ ဆိုလိုက်ရင် မျက်စိထဲ အရင်ဆုံးပြေးမြင်မိမှာက ဗိုက်နာလို့ငြီးသံပေးနေပြီး အားကိုးရာရှာနေတဲ့သူတွေပါ။ ဒါပေမယ့် တချို့သော သတ္တိခဲမိခင်လောင်းတွေကတော့ သူတကာစိတ်မသက်မသာဖြစ်အောင် ရှုံ့တွငြီးငြူနေမယ့်အစား ကလေးကိုတွေ့ရတော့မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ခန္ဓာကိုယ်ထဲမှာ အားအင်ထူးတွေ ရုန်းကြွလို့လာပါတော့တယ်။

Facebook

ဒီလိုမိခင်လောင်းတွေထဲမှာ ဖလော်ရီဒါက အဲလစ်စီယာဆိုသူ အမျိုးသမီးတစ်ဦးလဲ ပါဝင်ပါတယ်။ အဲလစ်စီယာဟာ မီးဖွားဖို့အချိန်နီးလာတဲ့အခါ ခင်ပွန်းဖြစ်သူ မီလာကိုခေါ်ပြီး မာနာတီဆေးရုံကို သွားရောက်ခဲ့ပါတယ်။ ဇနီးမောင်နှံနှစ်ဦးစလုံးက ပျော်ပျော်နေတတ်သူတွေဖြစ်တာကြောင့် အဲလစ်စီယာက မိသားစုဝင်လေးတစ်ဦး အသစ်တိုးတော့မယ့် အထိမ်းအမှတ်နဲ့ မီးမဖွားခင် ဆေးရုံမှာ ကခဲ့ပါတယ်။ ဒီအခါ ဆေးရုံမှာရှိနေတဲ့ သူနာပြုတွေလည်း မနေနိုင်တော့ပဲ အဲလစ်စီယာနဲ့အတူ ၀င်ကပါတော့တယ်။ အဲလစ်စီယာနဲ့ သူနာပြုတွေရဲ့ ချစ်စဖွယ်ဗီဒီယိုဖိုင်လေးဟာ အွန်လိုင်းမှာ လျင်မြန်စွာ ပြန့်နှံ့သွားခဲ့ပါတယ်။

Facebook

စက္ကန့်(၃၀)စာလောက်ပဲရှိတဲ့ ဗီဒီယိုကလစ်လေးမှာတော့ ရက်သတ္တပတ်(၄၀)လောက် ကိုယ်ဝန်ဆောင်ထားပြီးပေမယ့် မယုံနိုင်စရာကောင်းလောက်အောင် သွက်လက်လှုပ်ရှားနေတဲ့ အဲလစ်စီယာကို တွေ့မြင်ရမှာပါ။ မကြာခင်မှာ အမျိုးသားဖြစ်သူ မီလာဟာ သူမရဲ့ ညာဘက်ကနေ ၀င်လာပြီး များမကြာမီမှာတော့ သူနာပြုတွေပါ မြင်ကွင်းထဲ အလျှိုလျှိုဝင်လာပြီး ကကြပါတော့တယ်။

READ
ကမ္ဘာ့ဝင်ငွေအကောင်းဆုံးသော အသက်(၁၈)နှစ်အောက် influencer ၅ ဦး
Facebook

နာရီ(၃၀)အကြာမှာတော့ အဲလစ်စီယာဟာ တာတမ်အမည်ရှိတဲ့ သမီးကလေးကို မွေးဖွားခဲ့ပါတယ်။ အဲလစ်စီယာက သူမရဲ့ ဗီဒီယိုလေးကို အွန်လိုင်းပေါ်မှာ လူတော်တော်များများက သဘောကျကြောင်း ပြောပြပါတယ်။ သူမကိုလည်း ဗီဒီိယိုလေးကြည့်ရတာ ကြည်နူးချမ်းမြေ့စရာကောင်းကြောင်း လာပြောပြတဲ့သူတွေလည်း ရှိတယ်လို့ အဲလစ်စီယာက ဆိုပါတယ်။ ဒါ့အပြင် သူမမီးဖွားရာမှာ ကူညီပေးခဲ့ကြတဲ့ ဆေးရုံကသူနာပြုတွေကိုလည်း သူရဲကောင်းတွေအဖြစ် အဲလစ်စီယာက ချီးမွမ်းပြောဆိုခဲ့ပါသေးတယ်။

This was the beginning of what turned into a 30 hour labor. We were accompanied by the labor and delivery nurses at Manatee Memorial. I must say these women are truly superheroes and made this experience an incredible one.

Posted by Alicia Kaitlan on Friday, August 3, 2018

နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတစ်ခုလည်း ရှိပါသေးတယ်။ အဲဒါကတော့ တာတမ်လေးဟာ သူမရဲ့မိခင်အဲလစ်စီယာ သူမအရွယ်တုန်းက နေထိုင်ခဲ့ဖူးတဲ့ ဆေးရုံခန်းလေးထဲမှာပဲ မွေးဖွားခဲ့တာပါ။ တာတမ်လေးကို မွေးပေးခဲ့တဲ့ ဆရာဝန်ကြီးကလည်း အဲလစ်စီယာကို မွေးပေးခဲ့တဲ့ ဆရာဝန်ကြီးပဲဖြစ်တာကြောင့် အံ့အားသင့်စရာကောင်းလောက်အောင် ကမ္ဘာကြီးဟာ ကျဉ်းလွန်းတာကို တွေ့ရမှာပါ။ ဘာပဲပြောပြော တာတမ်လေးကတော့ ပျော်ပျော်နေတတ်တဲ့ မိသားစုထဲမှာ လူလာဖြစ်ရတာ ကံကောင်းတယ်လို့ ဆိုနိုင်ပါတယ်။

READ
နေကိုအရင်းခံပြီး မှန်ဘီလူးတစ်လက်နဲ့ အနုပညာဖန်တီးနေသူ

လင်းလင်း (ShweMom)

Ref: inspiremore

SHARE