ကိုဗစ်ကပ်ဘေးကာလမှာတော့ အပင်ပန်းဆုံးတွေ က ကျန်းမာရေးဝန်ထမ်းတွေ ပါ။ကပ်ရောဂါကြီး ကို ကိုယ့် အသက်၊ကိုယ့် မိသားစု အသက် တွေနဲ့ လောင်းကြေး ထပ်ပြီး ခက်ခက်ခဲခဲ တိုက်ပွဲဝင် နေကြရတာပါ။ဒီကြားထဲမှာ လူတွေရဲ့ စည်းကမ်း မလိုက်နာ မှု တွေ က သူတို့ အတွက် တော့ ပိုပြီး အမောဆို့ စရာ ဖြစ်ခဲ့ရပါတယ်။ကိုဗစ် ကာလမှာ ကျန်းမာရေး ၀န်ထမ်းတွေ ဘယ်လို ရင်ဆိုင် တိုက် ပွဲ ၀င် နေရလဲ ဆိုတာကို တော့ ICU မှာ အလုပ်လုပ်တဲ့ သူနာပြုဆရာ မလေး က Before & After ပုံကို တင်ပြီး သက်သေ ပြခဲ့ပါတယ်။ဒီအ ကြောင်းကိုတော့ Daily Mail မှာ ဖော်ပြထား ပါတယ်။
I keep 6 signs in my front yard. They are all 5’x5′. I painted this one to celebrate the heroic medical community. pic.twitter.com/C51T9XDPUY
— Robert Klauka (@auldshaman) November 23, 2020
Kathryn က တော့ အမေရိကန် ပြည်ထောင်စု Tennessee ပြည်နယ်၊ Nashville က ဆေးရုံ တစ်ရုံမှာ အလုပ်လုပ် နေတဲ့ သူနာပြု ဆရာ မလေး ပါ။သူမက တော့ ပြီးခဲ့တဲ့ သီတင်းပတ် တုန်းက တွစ်တာပေါ်မှာ ပုံတင်ခဲ့ပါတယ်။တာဝန် မထမ်းဆောင် ခင် ပုံနဲ့ ထမ်း ဆောင် ပြီး ပုံကို နှိုင်းယှဉ်ပြခဲ့တာပါ။ပထမ ပုံမှာတော့ မျက်နှာက လန်းဆန်းတက်ကြွ နေပြီး သူနာပြု ကျောင်းဆင်း ခါစ တုန်းက ပုံပါ။နောက် ထပ်ပုံက တော့ ပင်ပန်း နွမ်းနယ်နေပြီး ဆံပင်တွေ လည်း ဖွာ လန် ကြဲ နေသလို PPE ကြောင့် မျက်နှာ မှာပါ အရာ ထင် နေတဲ့ ပုံပါ။
How it started How it’s going pic.twitter.com/cg32Tu7v0B
— kathedrals🇺🇸 (@kathryniveyy) November 22, 2020
Kathryn က တော့ ပြည်သူတွေ အနေနဲ့ ကိုဗစ်ကို မပေါ့ ကြ ဖို့နဲ့ ကိုဗစ်ကို မကူးစက်အောင် သတိနဲ့ နေတာ ဟာ ကိုယ့်ကိုယ် ကိုရော၊ကျန်းမာရေးဝန်ထမ်း တွေ အတွက်ပါ ကာကွယ်ပေးရာ ရောက် တယ်ဆိုပြီး အသိပေးခဲ့တာပါ။ လူနာတွေကို စောင့်ရှောက် ရတာ ကိုလည်း ဂုဏ်ယူ ၀မ်းမြောက်တယ်၊သူနာ ပြု အလုပ် ကို လည်း ချစ်မြတ်နိုးပါတယ်လို့ လည်း သူမက ပြောခဲ့ပါတယ်။ကိုယ့်ကိုယ်ကို ကာကွယ်ခြင်းက ကိုယ့်ပတ်ဝန်းကျင်ကိုလည်း ကာကွယ်ရာ ရောက် တယ်လို့ လည်း ပြောခဲ့ပါတယ်။
How it started How it’s going pic.twitter.com/KsshLDwU3M
— Sarah, RN (@shesinscrubs) November 24, 2020
“ကျန်းမာရေးဝန်ထမ်းဆိုတာက ကိုဗစ် အရေးမှာ ရှေ့တန်းတိုက်စစ်မှူးတွေ မဟုတ်ပါဘူး၊ကျွန်မ တို့က နောက် ဆုံး တန်း တိုက်စစ်မှူးတွေ ပါ ဆိုပြီး ကျန်းမာရေး ၀န်ထမ်းတွေ ပါ ကျသွားရင် ဒီတိုက်ပွဲ လုံးဝ ရှုံး ပြီ ဆိုပြီး ပြောခဲ့ပါတယ်။သူမ တို့ ဘ က်ကလည်း တက်နိုင်သမျှ အကောင်းဆုံး လုပ် ပေး သွားမယ်၊ပြည်သူလူထု ကလည်း ကိုဗစ်ကူးစက်ပြန့်ပွားမှုတွေ ပိုဆိုးမလာ အောင် နဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ လုပ် ပေးနေတဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကြီး ပြိုလဲ ကျ မသွားအောင် ကူညီေ ပးကြပါ ဆိုပြီး တော့ လည်းေ တာင်းဆို ထားပါတယ်။
How it started how it’s going #COVID19 pic.twitter.com/FIpc7INl69
— makaela 🔮 (@peaceful_war) November 23, 2020
CTVNews နဲ့ အင်တာဗျူး မှာတော့ ကပ် ဘေး ကာလမှာ ဆိုရင် ကျန်းမာရေး ၀န်ထမ်းတွေ က တကယ်ပဲ ပင်ပန်းနေကြ ကြောင်း၊ဒါပေမယ့် ဆေးရုံတွေမှာ ဘာတွေ ဖြစ် နေတာလဲ ဆိုတာကို ကိုယ်တိုင် မမြင်ရ တော့ လူတစ်ချို့ က တော့ ဒါတွေ ကို ဂရုမစိုက် အမှု မထားပဲ နေ နေ ကြ တယ်လို့ ပြောခဲ့ပါတယ်။တကယ့် လက် တွေ့ မှာ ဘာ တွေ ဖြစ်နေလဲ ဆိုတာ လူတွေ မြင်လာ စေဖို့ ရည်ရွယ်ပြီး အခုလို ပုံကို တင်ဖြစ်တာ ပါလို့ သူမက ပြောခဲ့ပါတယ်။
“PPE ၀တ်လိုက်လို့ မျက်နှာ မှာ ဖြစ်လာတဲ့ ရုပ်ပိုင်းဆိုင်ရာ တစ်ခုတည်းကိုပဲ ကျွန်မ ဆိုလိုတာ မဟုတ်ဘူးနော်။ကျွန်မတို့ PPE ၀တ်ထားရတဲ့ အချိန် မှာ ချွေးတွေ အရမ်း ထွက်တယ်၊Mask တွေ ရော အထပ်ထပ် တွေ ၀တ်ထားရ တော့ ရေ သောက်လို့ လည်း မရဘူး .နားနေ ခန်း လည်း သွား နား နေလို့ မရ ဘူး .အရမ်းကို ရေငတ်တယ်..” ဆိုပြီး PPE ၀တ်ထားပြီး အလုပ်လုပ်ရတဲ့ ဒုက္ခ တွေ ကို ပြောပြခဲ့ပါတယ်။ ရောဂါ အခြေအနေ ဆိုးလာတဲ့ လူနာေ တွ အတွက် ပေးနိုင်တဲ့ ထိရောက်သေချာတဲ့ ကုသမှု မျိုး မရှိဘူး လို့ လည်း သူမက ပြောခဲ့ပါတယ်။
To the everyday superheroes, to all those who go to infinity and beyond, to the real life magic makers—thank you. pic.twitter.com/PuBHn5lEDp
— Disney (@Disney) November 26, 2020
#SHWEMOM