မှတ်ဉာဏ်ကောင်းချင်သူတိုင်း ပုံမှန် စားသုံးပေးသင့်တဲ့ အစားအစာများ

pexels/pixabay

ခန္ဓာကိုယ်တစ်ခုမှာ ဦးနှောက်ဟာ အရေးအကြီးဆုံးအခန်းကဏ္ဍကပါဝင်ပါတယ်။ ဒါကြောင့် ဦးနှောက်အမြဲတမ်းကျန်းမာနေအောင် ၊ မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်မှုအားကောင်းအောင် ဦးနှောက်ကို အာဟာရဖြည့်တင်းဖို့လည်း လိုအပ်ပါတယ်။ အခုအခါမှာတော့ ဦးနှောက်စွမ်းရည်တိုးမြှင့်ပေးနိုင်မယ့် အစားအစာတွေကို Healthline ကတဆင့် ဖော်ပြပေးလိုက်ပါတယ်။

အဆီကြွယ်ဝတဲ့ငါးများ

pexels/cottonbro

လူတွေက မှတ်ဉာဏ်ကောင်းချင်ရင် ငါးပိုစားပေးပါလို့ ပြောလေ့ရှိပါတယ်။ ဆော်လမွန်၊ ထရောက်နဲ့ ဆာဒင်းလိုငါးမျိုးတွေမှာ အိုမီဂါ၃အက်ဆစ်ကြွယ်ဝစွာပါဝင်ပါတယ်။ ဦးနှောက်ရဲ့ ၆၀ရာခိုင်နှုန်းဟာ အဆီတွေဖြစ်ပြီး အဆီတွေရဲ့ထက်ဝက်ဟာ အီမီဂါ၃ တွေနဲ့ဖွဲ့စည်းထားတာပါ။  ဦးနှောက်ဟာ အိုမီဂါ၃ တွေကို ဦးနှောက်နဲ့အာရုံကြောဆဲလ်တွေတည်ဆောက်ရာမှာ အသုံးပြုတဲ့အတွက် ဒီအဆီတွေဟာ မှတ်ဉာဏ်နဲ့သင်ယူလေ့လာခြင်းနေရာမှာ အများကြီးလိုအပ်ပါတယ်။ အိုမီဂါ၃တွေဟာ အသက်အရွယ်ကြီးရင့်ခြင်းကြောင့်ဖြစ်လာတဲ့ မှတ်ဉာဏ်လျော့ကျမှုကို နှေးကွေးစေတဲ့အပြင် အယ်လ်ဇိုင်းမားရောဂါမဖြစ်အောင်လည်း ကူညီပေးနိုင်ပါတယ်။

နနွင်း

pexels/Ksenia Chernaya

ဟင်းချက်ရာမှာ မပါမဖြစ်မီးဖိုချောင်သုံးပစ္စည်းဖြစ်တဲ့နနွင်းဟာ ဦးနှောက်အတွက် အကျိုးကျေးဇူးအများကြီးပေးပါတယ်။ နနွင်းထဲမှာပါတဲ့ ပါဝင်ပစ္စည်း curcumin ဓာတ်ဟာ သွေးကနေတဆင့် ဦးနှောက်ထဲကိုတိုက်ရိုက်ဝင်ရောက်ပြီး ဦးနှောက်ထဲကဆဲလ်တွေကို တိုက်ရိုက်အကျိုးရှိစေပါတယ်။ Curcumin ဟာ serotonin နဲ့ dopamine ကိုတိုးမြှင့်စေတဲ့အတွက် စိတ်အခြေအနေကိုကောင်းမွန်စေပြီး စိတ်ကျဝေဒနာလက္ခဏာရပ်တွေကိုပါ သက်သာစေပါတယ်။

READ
အိမ်မှာအတွေ့ရများတဲ့ပိုးမွှားတွေကို သုတ်သင်နိုင်မယ့်နည်းလမ်းများ

ပန်းစိမ်း

pexels/ Buenosia Carol

ပန်းစိမ်းမှာ အစွမ်းထက်တဲ့အပင်ကွန်ပေါင်းတွေအများကြီးပါဝင်ပါတယ်။ ပန်းစိမ်းဟာ ဗီတာမင်ကေ
ဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။ လေ့လာချက်တွေအရ ဗီတာမင်ကေဓာတ်ပြည့်ဝတဲ့လူတွေဟာ မှတ်ဉာဏ်စွမ်းရည်ပိုကောင်းတယ်လို့ သိရပါတယ်။ ဗီတာမင်ကေအပြင် ပန်းစိမ်းမှာ ရောင်ရမ်းခြင်းကိုသက်သာစေပြီး antioxidant effects ရှိတဲ့ ကွန်ပေါင်းတွေလည်းပါဝင်ပြီး ၄င်းတို့ဟာ ဦးနှောက်ပျက်စီးခြင်းက ကာကွယ်ပေးနိုင်ပါတယ်။

ဖရုံစေ့

pexels/Karolina Grabowska

ဖရုံစေ့မှာ ခန္ဓာကိုယ်နဲ့ ဦးနှောက်ကို free radical ကြောင့် ပျက်စီးမှုက ကာကွယ်ပေးပါတယ်။ ဖရုံစေ့တွေမှာ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ ဇင့်ဓာတ်နဲ့ ကော့ပါး အာဟာရဓာတ်တို့ပါဝင်ပါတယ်။ ဒီအာဟာရဓာတ်လေးမျိုးစလုံးဟာ ဦးနှောက်ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ ဇင့်ဓာတ်ချို့တဲ့တဲ့အခါ အယ်လ်ဇိုင်းမား၊ ပါကင်ဆန်နဲ့ စိတ်ကျဝေဒနာလို အာရုံကြောပိုင်းဆိုင်ရာရောဂါတွေဖြစ်ပွားတတ်ပါတယ်။ မဂ္ဂနီဆီယမ်ဓာတ်ကတော့ သင်ယူလေ့လာခြင်းနဲ့ မှတ်ဉာဏ်အတွက်အရေးပါပါတယ်။ မဂ္ဂနီဆီယမ်ချို့တဲ့ရင် ခေါင်းတစ်ခြမ်းကိုက်တာ၊ စိတ်ကျရောဂါဝင်တာ၊ ဝက်ရူးပြန်ရောဂါရတာတွေဖြစ်တတ်ပါတယ်။ ကော့ပါးဓာတ်ချို့တဲ့ရင်တော့ အယ်လ်ဇိုင်းမားလိုရောဂါမျိုး ဖြစ်တတ်ပါတယ်။ သံဓာတ်ချို့တဲ့ရင်တော့ အာရုံစူးစိုက်နိုင်စွမ်းလျော့နည်းတာ၊ ဦးနှောက်လုပ်ငန်းဆောင်တာတွေပျက်စီးတာမျိုးဖြစ်တတ်ပါတယ်။ ဖရုံစေ့ကို နေ့စဉ်အစားအသောက်မှာထည့်သွင်းစားသုံးခြင်းကနေ ဒီအာဟာရဓာတ်လေးမျိုးလုံးကို ရနိုင်ကြောင်း ဖော်ပြပေးလိုက်ပါတယ်။

READ
စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းကို ဘယ်လိုရယူမလဲ

ShweMom

SHARE