အပြုံးချိုချိုလေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကိုဖမ်းစားလိုက်ပြန်တဲ့ နွယ်နွယ်ထွန်း

ဓါတ်ပုံ ခပ်ဆန်းဆန်းလေးတွေရိုက်ပြီး ဖေစ်ဘုတ်ပေါ်မှာ တင်လေ့ရှိတဲ့ သူတစ်ယောက်ဖြစ်တဲ့ နွယ်နွယ်ထွန်းကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ ချစ်စရာကောင်းတဲ့အပြင် ညို့အားပြင်းတဲ့ အလှကို ပိုင်ဆိုင်ထားတဲ့သူတစ်ယောက်လည်းဖြစ်လို့ ပုရိသတွေ အားပေးဝန်းရံခြင်းခံရတဲ့ ကောင်မလေးတစ်ယောက်လည်းဖြစ်ပါတယ်။

ဒီကနေ့မှာလည်း ဓါတ်ပုံ အသစ်လေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို ဖမ်းစားလိုက်ပြန်ပါပြီ။ နွယ်နွယ်ထွန်းကတော့ “ကိုယ်ရယ်ရင် ချစ်တယ်ဆို” လို့ရေးထားပြီး ဓါတ်ပုံတွေကို တင်ပေးထားတာဖြစ်ပါတယ်။ ပင်လယ်ရေတွေနဲ့ ဆော့ကစားနေတဲ့ နွယ်နွယ်ထွန်းကတော့ ရေသူမလေးလားလို့တောင် အထင်မှားလောက်ပါတယ်။

ဖြူစင်တဲ့ အပြုံးလေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို ဖမ်းစားလိုက်တဲ့ နွယ်နွယ်ထွန်းရဲ့ ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: Nwe Nwe Tun

SHARE