ကျောက်ဂူထဲက အဖြူရောင်နတ်သမီးလေး နွယ်နွယ်ထွန်း

ပိုစ့်ဆန်းဆန်းလေးတွေ ပေးတတ်လို့ ဖေစ်ဘုတ်ပရိသတ်တွေကြားမှာ နာမည်ကျော်လာတဲ့ မင်းသမီးလေးတစ်ယောက်ဖြစ်တဲ့ နွယ်နွယ်ထွန်းကတော့ ချစ်စရာကောင်းသူလေးတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေကြားမှာ နာမည်ကျော်တဲ့ မင်းသမီးလေးတစ်ယောက်ဖြစ်ပါတယ်။

နွယ်နွယ်ထွန်းကတော့ ဒီကနေ့မှာလည်း ကျောက်ဂူထဲမှာ ရိုက်ခဲ့တဲ့ သူမရဲ့ အလှဓါတ်ပုံတွေကို ဖေစ်ဘုတ်ပေါ်မှာ တင်ပေးထားပါတယ်။ အဖြူရောင် ဝတ်စုံလေးနဲ့ နတ်သမီးလေးတစ်ပါးအလားလို့ အထင်မှားရလောက်အောင်လှနေတဲ့ နွယ်နွယ်ထွန်းကတော့ ပုရိသတွေ ကြွေဆင်းသွားစေမယ့် စာလေးလဲရေးထားပါသေးတယ်။ နွယ်နွယ်ထွန်းကတော့ “မောင့် ချစ်သူ နွယ်နွယ်ထွန်း “လို့ရေးပြီး ဓါတ်ပုံလေးတွေကို တင်ပေးထားတာဖြစ်ပါတယ်။

ပရိသတ်တွေအတွက်ကျောက်ဂူထဲက အဖြူရောင်နတ်သမီးလေး နွယ်နွယ်ထွန်းရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: Nwe Nwe Tun

SHARE