တရုတ်မလေးကို ချစ်လားလို့မေးလိုက်တဲ့ မော်ဒယ်မလေး နွယ်နွယ်ထွန်း

ဖိုတိုမော်ဒယ်တစ်ယောက်အဖြစ် အနုပညာလောကမှာ ပရိသတ်တွေရဲ့ စိတ်ဝင်စားအားပေးမှုတွေကို ရရှိထားတဲ့သူတစ်ယောက်ဖြစ်တဲ့ နွယ်နွယ်ထွန်းကတော့ လူမှုကွန်ရက်ပေါ်မှာလည်း ပရိသတ်တွေရဲ့ ဝန်းရံခြင်းခံနေရတဲ့ သူလေးတစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ ခရီးထွက်ရတာကို ကြိုက်နှစ်သက်တဲ့သူတစ်ယောက်ဖြစ်ပြီး သူမရဲ့ ခရီးသွားဓါတ်ပုံတွေကိုလည်း ဖေစ်ဘုတ်ပေါ်မှာ တင်ပေးလေ့ရှိတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

နွယ်နွယ်ထွန်းကတော့ ဒီကနေ့မှာလည်း ဓါတ်ပုံအသစ်လေးတွေကို တင်ပေးလိုက်ပြန်ပါပြီ။ နွယ်နွယ်ထွန်းကတော့ တရုတ်နှစ်ကူးကာလမှာ တရုတ်မလေးတစ်ယောက်လို ဝတ်စားပြီး  ချစ်စရာကောင်းတဲ့ ဓါတ်ပုံတွေ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

နွယ်နွယ်ထွန်းကတော့ “တရုတ်မလေးကို ချစ်လား” လို့မေးလိုက်ပြီး ဓါတ်ပုံတွေကို တင်ပေးထားတာဖြစ်ပါတယ်။ နွယ်နွယ်ထွန်းကို အားပေးကြတဲ့ ပရိသတ်တွေအတွက် ဓါတ်ပုံတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: Nwe Nwe Tun

SHARE