မီးဖိုချောင်မှာ အလုပ်ရှုပ်နေတဲ့ စားဖိုမှူးလေး ညိမ်းသော်

အပြုံးချိုချိုလေးနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို ဖမ်းစားထားတဲ့ မော်ဒယ်/မင်းသားတစ်ယောက်ဖြစ်တဲ့ ငြိမ်းသော်ကတော့ “ည” ရုပ်ရှင်ကားကြီးနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိလာတဲ့ မင်းသားတစ်ယောက်ဖြစ်ပါတယ်။ သူဟာ အနုပညာအလုပ်တွေ မနားတမ်းဆောင်ရွက်နေရတဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။

ညိမ်းသော်က ဒီကနေ့မှာလည်း သူရဲ့ ပရိသတ်တွေအတွက် ဓါတ်ပုံလေးတွေ တင်ပေးထားပါသေးတယ်။ ဓာတ်ပုံတွေကတော့ မီးဖိုချောင်ထဲမှာ ဟင်းချက်နေတဲ့ ဓာတ်ပုံလေးတွေပါ။ ညိမ်းသော်ကတော့ စားဖိုမှူးပုံစံလေးနဲ့လည်း အရမ်းကို ကြည့်လို့ကောင်းနေပါတယ်။

ပရိသတ်တွေအတွက် မီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေတဲ့ ညိမ်းသော်ရဲ့ ဓါတ်ပုံလေးတွေကိုတင်ဆက်ပေးလိုက်ပါတယ်။ ပရိသတ်တွေအတွက် အမြဲတမ်း ကြိုးစားနေတဲ့ ညိမ်းသော်ရဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း အားပေးလိုက်ပါဦးနော်။

Source: Nyein Thaw

SHARE