ဟိုးအရင်ကတည်းက အမိုက်စားဖက်ရှင်တွေနဲ့ လန်းခဲ့တဲ့ ညီညီမောင်နဲ့ ဖြူဖြူကျော်သိန်း

facebook.phyuphyu kyaw thein/nyinyi maung

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကိုရရှိထားတဲ့ နာမည်ကျော် ဆယ်လီနှစ်ယောက်ဖြစ်တဲ့ အဆိုတော် ဖြူဖြူကျော်သိန်းနဲ့ အလှဖန်တီးရှင် ညီညီမောင်တို့ကတော့ အနုပညာလောကထဲမှာ အတူတူ ကျင်လည်လာခဲ့ကြတာ နှစ်တွေတောင် အတော်ကြာခဲ့ပြီဖြစ်ပါတယ်။ ညီညီမောင်ကတော့ ဒီကနေ့မှာ ဖြူဖြူကျော်သိန်းနဲ့အတူ ရိုက်ကူးခဲ့တဲ့ အရင်တုန်းက ဓါတ်ပုံတစ်ပုံကို တင်ပေးလိုက်တာဖြစ်ပါတယ်။

facebook.nyinyimaung
facebook.phyuphyu kyaw thein

ညီညီမောင်ကတော့ “ယနေ့တိုင် ခေတ်စားနေသော ဖက်ရှင်များနဲ့ မွေးတဲ့နှစ်လည်း တူတူပဲနော် သုနဲ့ ဖြူဖြူက မိတ်ဆွေမင်းသမီးတစ်လက် မင်္ဂလာဆောင်တုန်းက အမှတ်တရပါ ❤️” လို့ရေးထားပြီး ဓါတ်ပုံကို တင်ပေးထားတာဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ဖြူဖြူနဲ့ ညီညီမောင်တို့ရဲ့ ဖက်ရှင်ကို အရမ်းကို သဘောကျနေကြပါတယ်။

facebook.nyi nyi maung

ဖြူဖြူနဲ့ ညီညီမောင်တို့ကတော့ ဖက်ရှင်မှာဆိုရင်တော့ ယနေ့ထိတိုင် ရှေ့ပြေးနေဆဲပါပဲနော်။

facebook.nyi nyi maung
facebook.phyuphyu kyaw thein

Source: Nyi Nyi Maung /phyu Phyu Kyaw Thein Facebook

SHARE