၂၀၁၉မှာ အသဲခွဲပြမယ်လို့ ကြွေးကြော်လိုက်တဲ့ ညီညီမောင်

မိတ်ကပ်ပညာရှင်တစ်ယောက်အဖြစ်သာမက ဖေ့စ်ဘုတ်ဆယ်လီ တစ်ယောက်အဖြစ်လည်း နာမည်ကျော်တဲ့ သူတစ်ယောက်ဖြစ်တဲ့ ညီညီမောင်ကတော့ မင်းသမီးတစ်ယောက်အဖြစ်လည်း အနုပညာလှုပ်ရှားမှုတွေကို ပြုလုပ်နေတာဖြစ်ပါတယ်။ သူမကတော့ ၂၀၁၉ ခုနှစ်နှစ်စမှာ ပရိသတ်တွေကို သူမရဲ့ ဓါတ်ပုံ အသစ်လေးတွေနဲ့ နှုတ်ဆက်ထားပါသေးတယ်။

ညီညီမောင်ကတော့ အမိုက်စား ပြင်ဆင်ခြယ်သမှုတွေနဲ့ အရမ်းကို လန်းနေတဲ့ သူမရဲ့ ပုံရိပ်တွေကို တင်ပေးထားပြီး “2019 မှာအသည်းဒေခွဲပြမယ် ကြည့်ထား” လို့ရေးထားပြီး ဓါတ်ပုံတွေကို တင်ပေးထားတာဖြစ်ပါတယ်။ အလွန့်အလွန် လန်းနေတဲ့ ညီညီမောင်ရဲ့ ဓါတ်ပုံတွေကို ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်တာဖြစ်ပါတယ်။

ညီညီမောင်ကတော့ လတ်တလောမှာ သူမရဲ့ ပထမဆုံး ရုပ်ရှင်ကားကို ရိုက်ကူးဖို့အတွက် ပြင်ဆင်နေတာဖြစ်ပါတယ်။ ညီညီမောင်ရဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း အားပေးလိုက်ပါဦးနော် ပရိသတ်ကြီးရေ။

Source: Nyi Nyi Maung

SHARE