သိန်း(၁၅၀) နဲ့ သင်္ကြန်သီချင်းဆိုဖို့ လာငှားပေမဲ့ ငြင်းလွှတ်လိုက်တဲ့ ညီညီမောင်

မိတ်ငပ်ပညာရှင်တစ်ယောက်အဖြစ်နဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ လေဒီဘွိုင်းတစ်ယောက်ဖြစ်တဲ့ ညီညီမောင်ကတော့ ဖေစ်ဘုတ်ပေါ်မှာ လူသိများတဲ့ ဆယ်လီတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ ရိုးသားပွင့်လင်းမှုကြောင့်လည်း ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတာဖြစ်ပါတယ်။ သူမကတော့ ရုပ်ရှင်ကားကြီးတစ်ကားလည်း ရိုက်ကူးထားပါသေးတယ်။

ပရိသတ်တွေရဲ့ အားပေးမှုအခိုင်အမာ ရရှိထားတဲ့ ညီညီမောင်ကိုတော့ အထင်ကရပွဲတွေမှာလည်း အမြဲလိုလိုတွေ့နေရမှာပါ။ ဒီကနေ့မှာတော့ ညီညီမောင်က သူမကို လာငှားတဲ့ ပွဲတစ်ခုကို ငြင်းလိုက်တဲ့အကြောင်းကို ပြောပြထားတာဖြစ်ပါတယ်။

ညီညီမောင်ကတော့ “သင်္ကြန် သီချင်းဆိုဖို့ သိန်း (၁၅၀) နဲ့လာဌားတယ်သီချင်းဆိုလို့ရေချိုးရင်းနဲ့ပဲ ညည်းဖူးတာ ဆိုတော့ မဆိုတက်ဖူးလို ငြင်းလိုက်တယ် ကိုယ်မှ တကယ်မကျွမ်းကျင်တာ နော်လို့😘” လို့ရေးထားပြီး ပွဲကို ငြင်းလိုက်တဲ့ အကြောင်းလေးကို ရေးပေးထားတာဖြစ်ပါတယ်။

Source: Nyi Nyi Maung

SHARE