စင်ပေါ်မှာ မဒိန်းကျင့်ဖို့ ဘယ်သူမှမပြောခဲ့ပါဘူးလို့ ပြောလိုက်တဲ့ ညိုမင်းလွင်

nyo min lwin facebook/myamya facebook

ဒါရိုက်တာ ညိုမင်းလွင် ဖန်တီးရိုက်ကူးမယ့် “မြမြ” ဇာတ်ကားကတော့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုတွေကို အပြည့်အဝရရှိနေတာဖြစ်ပြီး သင်ဇာဝင့်ကျော်က မြမြနေရာကနေ သရုပ်ဆောင်မယ်ဆိုတဲ့အကြောင်း သတင်းထွက်ပြီးတဲ့နောက်မှာတော့ ပိုပြီးတော့တောင် ဆိုရှယ်မီဒီယာပေါ်မှာ လူပြောများလာခဲ့တာဖြစ်ပါတယ်။

myamya facebook

ဒါရိုက်တာ ညိုမင်းလွင်ကတော့ စက်တင်ဘာလ ၈ ရက်နေ့မှာလည်း” မြမြ” ဇာတ်ကားမှာ အဓ္ဓမပြုကျင့်သူနေရာကနေ သရုပ်ဆောင်ဖို့အတွက် လူရွေးချယ်ပွဲကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီလူရွေးချယ်ပွဲမှာတော့ စင်ပေါ်မှာ အဓ္ဓမပြုကျင့်တဲ့ ပုံစံကို ကွင်းကွင်းကွက်ကွက် သရုပ်ဖော်ပြတာတွေပါရှိလာခဲ့တာကြောင့် ပရိသတ်တွေက ပြကွက်တွေဟာ အမြင်ရိုင်းလွန်းတယ်ဆိုပြီးတော့ ပြောဆိုလာတာဖြစ်ပါတယ်။

nyo min lwin facebook

ညိုမင်းလွင်ကတော့ ဒီအကြောင်းနဲ့ပတ်သတ်ပြီး သူရဲ့ ဖေစ်ဘုတ်ကနေ အခုလိုပဲ ရှင်းလင်းပြောဆိုလာတာဖြစ်ပါတယ်။

nyo min lwin facebook

ပရိသတ်တွေရော “မြမြ” ရုပ်ရှင်ကားနဲ့ ပတ်သတ်ပြီး ကိုယ့်ရဲ့ ထင်မြင်ချက်လေးတွေ ဝေမျှပေးသွားပါဦးနော်။

nyo min lwin facebook

Source: Nyo Min Lwin, မြမြ

SHARE