အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ် Oakland အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုပျံသန်းမယ့် ခရီးသွားတွေဟာ လေဆိပ်မှာ အသစ်တပ်ဆင်ထားတဲ့ vending machines တွေထဲမှာ Covid-19 test kit တွေကို ရရှိနိုင်ပြီဖြစ်ကြောင်း mercurynews သတင်းစာမျက်နှာအရ သိရပါတယ်။ At-Home Saliva RT-PCT Test Kit တွေဟာ ဒေါ်လာ ၁၄၉ ဒေါ်လာကျသင့်မှာဖြစ်ပြီး လေဆိပ်ရဲ့အဝင်အထွက်နေရာတွေမှာ အလွယ်တကူရရှိနိုင်မှာဖြစ်ပါတယ်။
Port of Oakland Aviation က ဒါရိုက်တာ Bryant L.Francis ကတော့ Oakland လေဆိပ်အနေနဲ့ ကပ်ရောဂါအတွင်း ခရီးသွားတွေပိုမိုအဆင်ပြေလွယ်ကူအောင်လို့ အခုလိုကိုဗစ်စစ်ဆေးတဲ့ test kit တွေကိုစီစဉ်ပေးတာဖြစ်ကြောင်း ဆိုပါတယ်။ ခရီးသွားတွေအနေနဲ့ quarantine စည်းကမ်းတွေနဲ့ တားမြစ်ချက်တွေကို သတိထားဖို့လိုကြောင်းလည်း ပြောပြပါတယ်။ အခုလို တစ်ကိုယ်ရည်အသုံးပြုနိုင်တဲ့ test kit တွေကိုတော့ ဒီဂျစ်တယ်ကျန်းမာရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Wellness 4 Humanity က ဒီဇိုင်းဆွဲပြီးထုတ်လုပ်ထားတာဖြစ်ပါတယ်။
OAK first U.S. airport to sell COVID test kits in vending machines https://t.co/Z3wMFpuu5D pic.twitter.com/3AlQaXyNg6
— Oakland Intl Airport (@IFlyOAKland) January 27, 2021
ခရီးသွားတွေဟာ တံတွေးမူနာကို စုဆောင်းပြီး ကိုဗစ်ပိုးစစ်ဆေးဖို့အတွက် FedEx နဲ့ ပို့်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဓာတ်ခွဲခန်းရလဒ်အဖြေကိုတော့ ဖုန်းမှာရှိတဲ့ app ကနေတဆင့် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ရလဒ်အဖြေဟာ ၂၄ နာရီကနေ ၄၈နာရီအတွင်း ကြာမြင့်နိုင်ပါတယ်။ လေဆိပ်က ပြောရေးဆိုခွင့်ရှိသူပုဂ္ဂိုလ် Roberto Bernardo ကတော့ ဒီစစ်ဆေးမှုတွေဟာ ခရီးတွေထွက်လာပြီးတော့မှ Oakland ထဲထပ်ဝင်မယ့် ခရီးသည်တွေအတွက်ဖြစ်ပါတယ်။ ကျန်တဲ့ခရီးသည်တွေကတော့ Oakland လေဆိပ်ထဲမရောက်ခင် အနည်းဆုံးသုံးရက်ကြိုပြီး ကိုဗစ်စစ်ဆေးမှုခံယူထားရမှာဖြစ်ပါတယ်။
View this post on Instagram
Bernando ကတော့ ဒီတံတွေးနမူနာနဲ့ ကိုဗစ်စစ်တာဟာ ခရီးသွားနေစဉ်အတွင်း မိမိကိုယ်မိမိ ကိုဗစ်အကူးခံနေရတယ်လို့သံသယရှိနေသူအတွက်ဖြစ်ပြီး အိမ်ရောက်တဲ့အခါ ကိုယ့်ကိုကိုယ်စစ်ဆေးနိုင်ဖို့အတွက် ရည်ရွယ်တယ်လို့ ဆိုပါတယ်။ ဟောင်ကောင်မှာလည်း ဒီဇင်ဘာလတုန်းက အများပြည်သူခရီးသွားလာတဲ့နေရာတွေမှာ ကိုဗစ် test kit အတွက် vending machine တွေတပ်ဆင်ထားတယ်လို့လည်း သိရပါတယ်။
ShweMom