အကြိုက်ဆုံး သီချင်းတွေကို ထုတ်ပြလိုက်တဲ့ အိုဘားမားတို့ ဇနီးမောင်နှံ

Barack Obama Instagram

အမေရိကန်သမတဟောင်းဘားရက်အိုဘားမားဟာ ပြီးခဲ့တဲ့နွေရာသီမှာဇနီးသည် မီရှယ်နဲ့အတူ အမြဲတမ်းနားထောင်ဖြစ်ခဲ့တဲ့ သီချင်းစာရင်းကို တွစ်တာမှာပို့စ်တင်ပြီးပြောပြခဲ့ပါတယ်။ အိုဘားမားမောင်နှံဟာ သီချင်းနားထောင်ရတာကို နှစ်သက်သူဖြစ်ပါတယ်။ တွစ်တာမှာသူ့အကြိုက်ဆုံး သီချင်းတွေကို ပို့စ်တင်ပြီး ဂီတအကြောင်းကိုလည်း အမွှန်းတင်ပြောထားခဲ့ပါသေးတယ်။ ဖော်ပြထားတဲ့ သီချင်းတွေမှာတော့ ခေတ်အမျိုးမျိုးက အဆိုတော် ကြီးကြီးငယ်ငယ် သီဆိုထားတဲ့ သီချင်း ၄၄ ပုဒ် ပါဝင်ပါတယ်။ 

 

ဖော်ပြထားတဲ့ အိုဘားမားအကြိုက်ဆုံးသီချင်းစာရင်းမှာ လတ်တလော ရေပန်းစားနေတဲ့ လူငယ်အဆိုတော်Lil Nas Xရဲ့ ‘Old Town Road’နဲ့ Shawn Mendes နဲ့Camila Cabelloတို့သီဆိုထားတဲ့ ‘Senorita’ပါဝင်ပါတယ်။ ဒါဟာ၅၈ နှစ်ရှိပြီဖြစ်တဲ့ သမတဟောင်းဟာ ခေတ်မီနေဆဲဖြစ်ကြောင်းဖော်ပြလိုက်သလိုပါပဲ။  နောက်ပြီးတက်သစ်စအဆိုတော်တွေဖြစ်တဲ့ Lizzo, Maggie Rogers နဲ့ SZA တို့လည်း စာရင်းမှာပါဝင်နေတာကိုကြည့်ရင် အိုဘားမားသမီးတွေဖြစ်တဲ့ ၂၁ နှစ်အရွယ် မလိယာနဲ့ ၁၈ နှစ်အရွယ် ဆာရှာတို့အကြိုက်ဟာသမ္မတဟောင်းစုံတွဲဆီ ကူးစက်ခဲ့တဲ့လို့ ယူဆရပါတယ်။ ဇွန်လအားလပ်ရပ်မှာသမ္မတဟောင်းစုံတွဲဟာ ပြင်သစ်တောင်ပိုင်းမှာရှိနေတုန်းသမီးတွေကဒီသီချင်းတွေနဲ့ မိတ်ဆက်ပေးခဲ့တာဖြစ်မယ်လို့ ထင်မြင်ချက်တွေ ပေးနေကြပါတယ်။

Barack Obama Instagram

စာရင်းထဲမှာ John Legend ၊ Drake နဲ့ Rihanna တို့လိုအိုဘားမားခရေစီဖြစ်တဲ့အဆိုတော်တွေရဲ့ သီချင်းတွေအပြင် Beyonceနဲ့ Jay-Z တို့သီဆိုထားတဲ့ “close friends” လည်း ပါဝင်ပါတယ်။ နောက်ပြီးယနေ့အချိန်အထိ ပရိတ်သတ်တွေ အသည်းစွဲ အားပေးနေကြဆဲဖြစ်တဲ့ Steely Daan ၊ Van Morrison နဲ့ Rolling Stones တို့ရဲ့သီးချင်းတွေနဲ့ခေတ်ဟောင်းအဆိုတော်ကြီးတွေဖြစ်တဲ့ Frank Sinatra နဲ့ Ella Fitzgerald သီချင်းတွေလည်း ပါဝင်နေခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီမှာတော့ အိုဘားမားတို့ဟာစပျစ်ခြံပါတဲ ခြံဝန်းကျယ်ကြီးကိုငှားရမ်းနေထိုင်ခဲ့တယ်လို့ ဆိုကြပါတယ်။ ခုချိန်မှာတော့ အိုဘားမားဟာ နွေရာသီမှာအပန်းဖြေအနားယူနိုင်ဖို့အိမ် ၀ယ်ဖို့စီစဉ်နေတယ်လို့ သိရပါတယ်။

KYM

READ
ကိုယ်အင်္ဂါအစိတ်အပိုင်းတွေတနေရာစီလွှင့်ပစ်ခဲ့တဲ့ လူသတ်မှု (၆)နှစ်ကြာမှအမှုမှန်ပေါ်ပေါက်

 

SHARE