တစ်ပတ်ကို သိန်းတစ်ထောင်နီးပါးပေးရတဲ့ အိုဘားမားမိသားစုတည်းခိုရာ စံအိမ်ကြီး

Instagram/barackobam Instagram/provencepoiriers

ဘားရတ်အိုဘားမားဟာ အမေရိကန်နိုင်ငံရဲ့ သမ္မတဟောင်းတစ်ဦးဖြစ်တာကြောင့် သာမန်နိုင်ငံသားတစ်ဦးလို ခရီးသွားလို့ မရပါဘူး။ သမ္မတဟောင်းတစ်ဦးအနေနဲ့ သူနဲ့မိသားစုရဲ့ လုံခြုံရေးကိုပါ ထည့်သွင်းစဉ်းစားရပါတယ်။ ဒါပေမယ့် ကမ္ဘာပေါ်မှာတော့ ငွေကြေးသာတတ်နိုင်မယ်ဆိုရင် ကိုယ်တင်မက မိသားစုကိုပါ လုံခြုံစိတ်ချစွာထားနိုင်ပြီး အပန်းဖြေနိုင်မယ့်နေရာတွေက အများကြီးရယ်ပါ။ အခုလည်း အိုဘားမားတို့မိသားစုက အခကြေးငွေအများကြီးပေးရတဲ့ ပြင်သစ်က ကျေးလက်စံအိမ်ကြီးတစ်အိမ်မှာ စိတ်အေးလက်အေးနဲ့ အပန်းဖြေအနားယူနေကြတယ်လို့ insider အရ သိရပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့တုန်းကတော့ သမ္မတဟောင်း အိုဘားမားမိသားစုဟာ ပြင်သစ်နိုင်ငံ တောင်ပိုင်းဆီကို ရက်သတ္တပတ်(၁) ပတ်တာ အပန်းဖြေခရီးထွက်လာခဲ့ပါတယ်။ ဘားရတ်ဟာ ဇနီးသည်ဖြစ်သူ မီရှဲလ်၊ သမီးနှစ်ယောက်ဖြစ်တဲ့ မာလီယာ၊ ဆာရှာတို့နဲ့အတူ Le Mas des Poiriers ကို အပန်းဖြေထွက်လာတာ ဖြစ်ပါတယ်။ ၄င်းနေရာဟာ တောသဘာဝအလှအပတွေကိုလည်း ခံစားနိုင်၊ လွတ်လပ်ပြီး ဆိတ်ငြိမ်မှုလည်းရှိတဲ့ ကျေးလက်အိမ်ကြီးရှိရာ နေရာပဲဖြစ်ပါတယ်။

View this post on Instagram

Les fleurs de Juin ✨ 📸: @annstreetstudio

A post shared by Le Mas des Poiriers (@provencepoiriers) on

Le Mas des Poiriers ရဲ့ အိမ်ငှားခကတော့ ဈေးကြီးလွန်းလှပါတယ်။ တစ်ပတ်ကို ပျမ်းမျှအနေနဲ့ ဒေါ်လာ (၆၂,၂၇၄) နီးပါးကုန်ကျပါတယ်။ အိမ်ကြီးဟာ (၁၈) ရာစုတုန်းက ဆောက်လုပ်ထားခဲ့တဲ့ အိမ်ကြီးဖြစ်ပြီး အထဲမှာတော့ ဥယျာဉ်ခြံမြေကြီးတွေလည်း ပါဝင်ပါတယ်။ Le Mas des Poiriers ဟာ ပြင်သစ်နိုင်ငံ ဖိုးဗင့်စ်ပြည်နယ် အာဗီညွန်မြို့နားမှာ တည်ရှိပါတယ်။

View this post on Instagram

Pear picking almost finished! 🍐

A post shared by Le Mas des Poiriers (@provencepoiriers) on

အောက်မှာတွေ့ရမှာကတော့ အိုဘားမားတို့တည်းခိုနေတဲ့ အဆောက်အဦးကြီးရဲ့ ရှေ့ဘက်မျက်နှာစာခြမ်းပဲ ဖြစ်ပါတယ်။ အပြင်မှာတော့ အိမ်ကြီးကို အုပ်မိုးထားတဲ့ ဥယျာဉ်တွေကို တွေ့ရမှာပါ။ အထဲမှာတော့ သစ်တော်သီးပင်တွေ ရှိပြီး တစ်နှစ်ကို သစ်တော်သီးတန်ချိန်(၆) တန်လောက် ထွက်တယ်လို့ သိရပါတယ်။ အိမ်မကြီးကတော့ စတုရန်းပေ(၁၃,၀၀၀) နီးနီး ရှိပါတယ်။ အထဲမှာတော့ အိပ်ခန်း(၇) ခန်း ပါဝင်ပါတယ်။

Le Mas des Poiriers ရဲ့ အဓိကအကောင်းဆုံး ၀န်ဆောင်မှုကတော့ ဧည့်သည်တွေအနေနဲ့ အိမ်ငှားနေရပေမယ့် ထမင်းဟင်း ချက်ပြုတ်ဖို့ မလိုပါဘူး။ အိမ်ငှားခနဲ့အတူ ကျွမ်းကျင်စားဖိုမှုးနှစ်ယောက်နဲ့ အစေခံအမှုထမ်း နှစ်ယောက်က အရံသင့်ပါဝင်ပြီး ဖြစ်ပါတယ်။ ထမင်းစားခန်းထဲမှာလည်း တွေ့ရတဲ့အတိုင်းပဲ ရှေးဟောင်းပန်းချီကားချပ်တွေ၊ ရှေးလက်ရာ မီးပန်းဆိုင်းဆွဲကြီးတွေကိုလည်း တွေ့မြင်ရဦးမှာ ဖြစ်ပါတယ်။ Le Mas des Poiriers ထဲမှာ ကိုယ်ပိုင်ရေကူးကန်နဲ့ တင်းနစ်ကွင်းတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

လင်းလင်း (ShweMom)

SHARE