သမ္မတရာထူးကြောင့် အိမ်ထောင်ရေးမှာ ဖိအားရခဲ့ကြောင်းပြောခဲ့တဲ့ Barack Obama

instagram/barackobama

ကိုယ်တွေ့မှတ်တမ်းစာအုပ်တစ်အုပ်ဖြစ်တဲ့ A Promised Land မှာ အမေရိကန်သမ္မတဟောင်း Barack Obama ဟာ သမ္မတကတော်ဟောင်း Michelle Obama နဲ့ အိမ်ထောင်ရေးအကြောင်းကို ဖွင့်ဟခဲ့ပါတယ်။ သူ့ရဲ့အိမ်ဖြူတော်မှာ နှစ်ကြိမ်တိုင်တာဝန်ထမ်းဆောင်ရတဲ့ သမ္မတသက်တမ်းအပြီးမှာ အခုလိုပြောခဲ့တာပါ။ Barack နဲ့ Michelle တို့ဟာ ၁၉၉၂ ခုနှစ်မှာ လက်ထပ်ခဲ့တာပါ။ သူတို့နှစ်ယောက်ကို အမြဲတမ်းချစ်ခင်စွာနေထိုင်တာတွေ့ရပေမယ့် သူတို့အိမ်ထောင်ရေးခရီးဟာ လွယ်ကူခဲ့တာတော့မဟုတ်ပါဘူး။

 

View this post on Instagram

 

A post shared by Barack Obama (@barackobama)

A Promised Land ထဲမှာတော့ Barack က “ဒါ ဘယ်လိုလဲဆိုတော့ ကျွန်တော်တို့က အိမ်ဖြူတော်ရဲ့နံရံတွေထဲပိတ်မိနေသလိုပဲ။ Michelle က အရင်တုန်းကရှိခဲ့တဲ့ အားမလိုအားမရစိတ်တွေပြန်ဝင်လာတယ်။ ကျွန်တော်အလုပ်များလို့ပဲလား။ ကျွန်တော်တို့မိသားစု လုံခြုံရေးကို အတိုက်ခိုက်ခံရမှာစိုးတဲ့အတွက်လား၊ ဒါမှမဟုတ် သူငယ်ချင်းတွေ မိသားစုဝင်တွေနဲ့ပဲ အတွေ့ရနည်းလို့လားတော့ မသိဘူး။”

READ
တောမီးသင့်တဲ့နေရာတွေမှာ ငါးတွေကို ရွှေတံဆိပ်ကပ်ပြီးရေထဲလွှတ်ပေးမယ့် သြစတြေးလျ

ပြီးတော့လည်း Barack က သမ္မတရာထူးမတိုင်ခင် သူတို့ဘဝထဲမှာ အရာရာဟာ ပေါ့ပေါ့ပါးပါးပဲဖြစ်ခဲ့ကြောင်းလည်း ဆိုပါတယ်။ အခုဆို သူ့သမ္မတသက်တမ်းကုန်ဆုံးလို့ နောက်သမ္မတအသစ်တက်လာတာတောင် Michelle မှာ စိတ်ဖိစီးမှုအချို့ကျန်နေသေးသလို ခံစားမိကြောင်းနဲ့ သမ္မတမဖြစ်ခင် အရင်တုန်းကလိုနေ့ရက်မျိုးတွေ ပြန်မရလာသေးဘူးလို့လည်း သမ္မတဟောင်းက ပြောပါတယ်။

 

View this post on Instagram

 

A post shared by Barack Obama (@barackobama)

ဒါ့ပြင် သမ္မတအလုပ်ရဲ့စိတ်ဖိစီးမှုကြောင့် သူဟာဆေးလိပ်သောက်တတ်လာခဲ့ကြောင်း၊ လူရှင်းတဲ့နေရာကိုသွားပြီး တစ်နေ့ကို ဆေးလိပ် ၁၀လောက်လောက်သောက်တဲ့နေ့တွေတောင် ရှိခဲ့ဖူးတယ်လို့ သူကဆိုပါတယ်။ နောက်ဆုံးတော့ သူ့သမီး Malia Obama က Barack ဆေးလိပ်ခိုးသောက်နေတာကို သိသွားပါတယ်။ “သမီးက ကျွန်တော့်ဆီက စီးကရက်အနံ့ရတော့ ကျွန်တော့်ကို မျက်မှောင်ကြုံ့ကြည့်တယ်။” နောက်ပိုင်းတော့ ဆေးလိပ်သောက်တဲ့အကျင့်ကိုဖြတ်ဖို့ နီကိုတင်းပီကယ်ကို ဝါးခဲ့ရကြောင်း Barack က ပြောပြခဲ့တာကိုလည်း eonline သတင်းစာမျက်နှာအရ သိရပါတယ်။

READ
အကြောင်းတစ်ခုကြောင့် ထီဆုကြီးပေါက်ပေမယ့် ဆုငွေ မယူခဲ့တဲ့ အမျိုးသမီးကြီး

ShweMom

SHARE