သူ့အကြောင်း အတ္ထုပတ္တိရိုက်မယ်ဆိုရင် Drake နဲ့ရိုက်စေချင်တယ် ဆိုတဲ့ Obama

Instagram-Barrack Obama, Drake

အခုလက်ရှိ လောလိဝုဒ်မှာ အတ္ထုပတ္တိရုပ်ရှင်တွေ တော်တော်လေး ခေတ်စားနေတယ်နဲ့တူတယ်။ အနုပညာရှင်တွေ ကိုယ်တိုင်ကလည်း သူတို့အနေနဲ့ ကျော်ကြားတဲ့တစ်ဦးဦးရဲ့ အတ္ထုပတ္တိရုပ်ရှင်တွေမှာ သရုပ်ဆောင်ချင်တယ်လို့ ပြောလာသလိုပဲ တစ်ဖက်မှာလည်း ဒါရိုက်တာအများစုကလည်း ဒီလိုရုပ်ရှင်တွေ ရိုက်ချင်တယ်ဆိုပြီး ပြောနေခဲ့ကြတာပါ။

 

View this post on Instagram

 

A post shared by Barack Obama (@barackobama)

အခုလည်း Variety မှာ ဖတ်လိုက်ရတဲ့ သတင်းတစ်ပုဒ်အရ Obama ပါ ဒီပိုးပါသွားခဲ့ပုံပါပဲ။ Complex နဲ့ အင်တာဗျူးတစ်ခုမှာ ဒီကိစ္စကို Obama ကိုယ်တိုင်ပြောလာခဲ့တာပဲဖြစ်ပါတယ်။

 

View this post on Instagram

 

A post shared by Barack Obama (@barackobama)

သူ့ရဲ့ အတ္ထုပတ္တိကို ရိုက်မယ်ဆိုရင်တော့ သူ့အနေနဲ့ Drake နဲ့ ရိုက်ပေးဖို့အတွက် တောင်းဆိုပါတယ်ဆိုပြီး ပြောလာခဲ့တာပါ။ ဆက်ပြီး Drake ဟာ အနုပညာရှင်တွေထဲ ဘာမဆို လုပ်နိုင်တဲ့ စွယ်စုံရအနုပညာရှင်ဖြစ်ကြောင်း၊ အရည်အချင်းရှိတဲ့အပြင် အနုပညာဆိုတာ သူ့ရဲ့မွေးရာပါ ပါရမီလို့တောင်ဆိုနိုင်ကြောင်း စသဖြင့်လည်း Obama တစ်ယောက် Drake ကို ချီးကျူးခဲ့ပါသေးတယ်။ သူ့လိုပဲ သူ့ရဲ့သမီးနှစ်ယောက်ကလည်း Drake ဆိုရင် ပျော်ပျော်ကြီး ဒီရုပ်ရှင်ကို ထောက်ခံကြမှာပါတဲ့လေ။

 

View this post on Instagram

 

A post shared by champagnepapi (@champagnepapi)

Drake ဟာ အနုပညာလောကထဲကို အဆိုတော်အဖြစ် ဝင်ရောက်လာခဲ့ပေမယ့်လို့ Degrassi: The Next Generation နဲ့ Charlie Bartlett စတဲ့ ရုပ်ရှင်ကားတွေမှာ သရုပ်ဆောင်ရင်း ရုပ်ရှင်နယ်ပယ်ထဲကို ခြေလှမ်းစလာခဲ့ပါတယ်။ နောက်ပြီး ၂၀၁၀ ခုနှစ်တုန်းကလည်း Paper နဲ့ အင်တာဗျူးတစ်ခုမှာ အကယ်၍ Barrack Obama ရဲ့ အတ္ထုပတ္တိဇာတ်လမ်းကိုကာ ရိုက်ခဲ့မယ်ဆိုရင် သူဟာ Obama နေရာကနေ သရုပ်ဆောင်ချင်ပါတယ်ဆိုပြီးလည်း ပြောထားခဲ့ဖူးပါသေးတယ်။

 

View this post on Instagram

 

A post shared by champagnepapi (@champagnepapi)

ဒါကတော့ Complex နဲ့ Obama တို့ရဲ့ အင်တာဗျူးလေးပါ။

READ
မိုင်(၅,၀၀၀)အကွာက ဂိမ်းကစားဖော် သူငယ်ချင်းရဲ့အသက်ကို ကယ်တင်နိုင်ခဲ့ ကောင်မလေး

Penny

SHARE