၂၀၁၆ခုနှစ်၊ ဒေါ်နယ်ထရမ့်ပ် အမေရိကန်သမ္မတဖြစ်လာပြီးတဲ့နောက် နိုင်ငံတွင်းဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေပေါ်အခြေခံပြီး အိုဘားမားမောင်နှံတို့က Netflix ဟာသစီးရီး ထုတ်လုပ်သွားဖို့ရှိကြောင်း insider သတင်းအရ သိရပါတယ်။ The G Word လို့အမည်ပေးထားတဲ့ ၄င်းစီးရီးကို ၂၀၂၁ ခုနှစ်အစောပိုင်းမှာ ရိုက်ကူးရေးစတင်မှာဖြစ်ပြီး Michael Lewis ရဲ့ The Fifth Risk စာအုပ်ကို အခြေခံမှာပါ။ စာအုပ်နဲ့ပတ်သက်တဲ့ မူပိုင်ခွင့်တွေကိုတော့ အိုဘားမားတို့က ၂၀၁၈ ခုနှစ်တုန်းက ဝယ်ယူထားပါတယ်။
View this post on Instagram
View this post on Instagram
The Fifth Risk ဟာ ထရမ့်ပ်အုပ်ချုပ်ရေးရဲ့ ဖြစ်ကတတ်ဆန်း သမ္မတအကူးအပြောင်းကို ရည်ညွှန်းထားတဲ့စာအုပ်ဖြစ်ပါတယ်။ The G Word မှာတော့ documentary လည်းပါသလို ဟာသပါနှောပြီး ရိုက်ကူးသွားဖို့ရှိပါတယ်။ အစိုးရဟာ လူထုနောက်ကွယ်မှာ ယုံကြည်ရတဲ့အဖွဲ့အစည်းဖြစ်ရဲ့လား ဒါမှမဟုတ် ညစ်ထေးလားဆိုတာ စမ်းစစ်ဖို့ဖြစ်တယ်လို့ သိရပါတယ်။
The G Word ရှိုးမှာတော့ Adam Conover က အစီအစဉ်တင်ဆက်သူအဖြစ် တာဝန်ယူမှာပါ။ “ဒီသတင်းကို ဝေမျှရတာ အရမ်းပျော်တယ်။ ကျွန်တော် Netflix အတွက် ဖယ်ဒရယ်အစိုးရနဲ့ပတ်သက်ပြီး ဟာသစီးရီးသစ်တစ်ခု ဖန်တီးဖို့ရှိပါတယ်။ The G Word လို့ခေါ်ပါတယ်။ ခင်ဗျားတို့ကို အရမ်းပြောပြချင်နေတာ။ မအောင့်နိုင်ဘူး။” လို့ Adam Conover က ဆိုပါတယ်။
Very happy to finally be able to share this news: I’m creating a new comedy series for Netflix about the federal government. It’s called The G Word, and I can’t wait to share it with you. https://t.co/cLppFdfoWS
— Adam Conover (@adamconover) November 19, 2020
အိုဘားမားမောင်နှံနဲ့ သူတို့ရဲ့ကုမ္ပဏီ Higher Ground Productions ဟာ ၂၀၁၈ ခုနှစ်မှာ Netflix နဲ့ မီလီယံသန်းပေါင်းများစွာတန် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ သူတို့ရဲ့ပထမဆုံးပရောဂျက်တစ်ခုဖြစ်တဲ့ American Factory ဟာဆိုရင် ၂၀၂၀ခုနှစ်မှာ အကောင်းဆုံး documentary feature အဖြစ် အော်စကာရခဲ့ပါတယ်။ အမေရိကန်စာရေးဆရာ Michael Lewis ရဲ့စာအုပ်တွေကို အခုလို တီဗီဖန်သားပြင်ပေါ်မှာတွေ့ရတာ ပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။ သူဟာ The Big Short, Moneyball စတဲ့ ရုပ်ရှင်ဇာတ်ကားတွေရဲ့နောက်ကွယ်က စာရေးသူလည်း ဖြစ်ပါတယ်။
View this post on Instagram
ShweMom