Utah ကန္တာရထဲက အမျိုးအမည်မသိတဲ့ အရာကြီးကတော့ ပျောက်ချင်းမလှပျောက်ဆုံးသွားခဲ့ပြန်ပါပြီ။ ဒီအရာကြီးကို Utah ကန္တာရရဲ့တာဝန်ရှိသူ BLM ကများ ဖယ်ထုတ်သွားခဲ့တာလားဆိုတော့လည်း မဟုတ်ပါဘူးတဲ့။ CNN ရဲ့ဖော်ပြချက်အရတော့ အဲဒီအရာကြီးကို လူတစ်စုက ညကြီးမိုးချုပ် လာပြီး ဖယ်သွားခဲ့ကြတာ ဖြစ်မယ်လို့ ခန့်မှန်းထားခဲ့ကြပါတယ်။
ဒီတော့ အဲဒီအရာကြီး ဘယ်လိုစပြီး နာမည်ကြီးလာခဲ့သလဲဆိုတာ ကြည့်လိုက်ရအောင်။
နိုဝင်ဘာလ ၁၈ ရက်နေ့တုန်းကပါ။ Utah ရဲ့ Public Safety ဌာနက တာဝန်ရှိသူတွေဟာ သဘာဝတောရိုင်းတိရိစ္ဆာန်နဲ့ အပင်များစောင့်ရှောက်ရေးအဖွဲ့နဲ့ ကန္တာရရဲ့ အရှေ့တောင်ပိုင်းကို ရဟတ်ယာဉ်ပေါ်ကနေပြီး ကင်းလှည့်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ပညာရှင်တစ်ဦးကနေပြီး “နေဦး နေဦး ပြန်လှည့်လိုက် အောက်မှာ ဘာကြီးလဲမသိဘူး တွေ့လိုက်တယ် သွားကြည့်ရမယ်” လို့ အလန့်တကြား ထအော်ခဲ့ပါတယ်ဆိုပြီးတော့ ရဟတ်ယာဉ်ပိုင်းလော့ Bret Hutchings က CNN ကို ပြောပြလာခဲ့ပါတယ်။
ပြန်လှည့်ပြီး ကြည့်လိုက်တဲ့အခါမှာတော့ ကျောက်ဆောင်တွေကြားထဲမှာ ထိုးထွက်နေတဲ့ တောက်တောက်ပြောင်ပြောင်အရာတစ်ခုကို တွေ့ခဲ့ရပါတယ်တဲ့။ မြေပြင်ပေါ်ဆင်းပြီး အနီးကပ်ကြည့်လိုက်တဲ့အခါမှာတော့ အဲဒီအရာကြီးဟာ ၁၀ နဲ့ ၁၂ ပေလောက် မြင့်နေပြီးတော့ မြေပြင်ပေါ်မှာ ထောင်ထားတာမျိုးမဟုတ်ဘဲ မြေကြီးထဲကနေပြီး ထွက်နေသလိုမျိုးကြီး ဖြစ်နေတာကို ထူးခြားစွာ တွေ့ရပါတယ်တဲ့။
View this post on Instagram
View this post on Instagram
ဒီကိစ္စဟာ အပြင်ကိုပေါက်ကြားသွားခဲ့ပါတော့တယ်။ နောက်ပြီး အဲဒီနေရာကိုသွားဖို့က အရမ်း ခေါင်ခိုက်ပြီး လမ်းပျောက်နိုင်ချေလည်း များတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေဖြစ်လာနိုင်တဲ့အတွက် အာဏာပိုင်တွေဖက်က မလိုလားအပ်တဲ့ ကိစ္စတွေဖြစ်မှာဆိုးလို့ ဘယ်နေရာလဲဆိုတာကိုတော့ တိတိကျကျမပြောပြခဲ့ကြပါဘူး။ ဒါပေမဲ့လည်း လူတွေရဲ့ စိတ်ဝင်စားမှုကိုတော့ဘယ်အရာကမှ တားဆီးလို့မရနိုင်ပါဘူးလေ။ သူ့နည်းသူ့ဟန်နဲ့ လူတွေဟာ အဲဒီအရာကြီးရဲ့ တည်နေရာကို စတင်ရှာဖွေခဲ့ကြပါတော့တယ်။
View this post on Instagram
ကံကောင်းစွာနဲ့ အဲဒီအရာကြီးရှိနေတဲ့နေရာကို ရှာတွေ့ခဲ့ကြပါတယ်။ မျက်မြင်တွေ့ခဲ့တဲ့လူတွေအများကြီးထဲမှ David Surber ဆိုတဲ့ အမျိုးသားရဲ့ အတွေ့အကြုံကို ပြန်လည်မျှဝေရမယ်ဆိုရင်တော့ အဲဒီအရာဟာ သံမဟုတ်ဘဲ အလူမီနီယံသာဖြစ်ပါတယ်တဲ့။ ခေါက်ကြည့်တဲ့အခါမှာလည်း သစ်သားပြားတစ်ခုကို ခေါက်သလို အသံထွက်နေတဲ့အတွက် အထဲမှာ ဂလိုင်ပေါက်ဖြစ်နေတယ်ဆိုတာ အသေအချာပါပဲ။ နောက် သုံးမြှောင့်ပုံစံရှိပေနါတယ်တဲ့။
သူ့ရဲ့ post မှာဆိုရင် သွားရမယ့်နေရာကို အတိအကျနဲ့ ဘယ်လောက်ကြာမယ်၊ ကားကိုဘယ်မှာရပ်၊ ဘယ်နေရာရောက်ရင် ဘယ်လိုကွေ့စသဖြင့် အသေးစိတ်ကိုပြောထားခဲ့တာပါ။ တစ်ချို့ကတော့ ဒါဟာ ခေတ်သစ်အနုပညာရှင်တစ်ယောက်ရဲ့ လက်ရာဖြစ်ပြီးတော့ လူစိတ်ဝင်စားမှုကို ခံရအောင်လို့ သက်သက်မဲ့ဒီအရာကြီးကို လာထားထားခဲ့တာပါတဲ့။ အခုအချိန်ထိတော့ အဲဒီအရာကြီးရဲ့ မူရင်းဇာတ်မြစ်ကို မသိရသေးပါဘူး။ နိုဝင်ဘာလ(၂၇)ရက်နေ့မှာတော့ အဲဒီအရာကြီးကို လူတစ်စုက လာရောက်သယ်ဆောင်သွားခဲ့ကြောင်း Utah ပြည်နယ် မြေယာစီမံခန့်ခွဲရေှးုဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
penny