(၂၀၂၀) ခုနှစ်မှာ တွေ့မြင်ရမယ့် လပြည့်လ၊ စူပါမွန်းများနဲ့ အပြာရောင်လများအကြောင်း

unsplash/Drew Tilk

နှစ်အများစုမှာ တစ်လတစ်ကြိမ် လပြည့်လ (၁၂) ခုသာ ရှိတတ်ပါတယ်။ ဒါပေမယ့် (၂၀၂၀) ခုနှစ်မှာတော့ နက္ခတ်ကြည့်သူတွေက လပြည့်လ (၁၃) ခုကို တွေ့ရလိမ့်မယ်လို့ ဆိုပါတယ်။ ဒီလ (၁၃) ခုထဲက နှစ်ခုကတော့ စူပါမွန်းတွေ ဖြစ်မှာပါ။ စူပါမွန်းတွေဆိုတာက ကမ္ဘာနဲ့ အနီးစပ်ဆုံးပွိုင့်မှာ ရောက်နေတဲ့အတွက် သာမန်တွေ့ရတဲ့ လထက် မြင်ရတာ ပိုကြီးတဲ့လအမျိုးအစား ဖြစ်ပါတယ်။

အခုနှစ်အတွက် စူပါမွန်းတွေကတော့ နွေရာသီကစလို့ တွေ့မြင်ရမှာပါ။ ပထမဆုံးစူပါမွန်းကို မတ်လ (၉) ရက်မှာ တွေ့ရမှာဖြစ်ပြီး ဒုတိယမြောက်စူပါမွန်းကိုတော့ ဧပြီလ (၇) ရက်နေ့မှာ တွေ့မြင်ရမှာပါ။ ဧပြီလမှာ တွေ့ရမယ့် စူပါမွန်းကတော့ မြင်ရတာ နည်းနည်းလေး ပိုကြီးပါလိမ့်မယ်။

unsplash/Anton Kraev

အပြာရောင်လတွေကတော့ (၂) နှစ်ခွဲလောက်မှာမှ တစ်ကြိမ် ပေါ်တတ်ပါတယ်။ လတစ်လထဲမှာ ပထမလပြည့်လကို တွေ့ရအပြီး ၄င်းလထဲမှာပဲ ထပ်ပေါ်လာတဲ့ ဒုတိယမြောက် လကို အပြာရောင်လလို့ ခေါ်ပါတယ်။ အပြာရောင်လကို စာဖတ်သူတို့ နောက်ဆုံးမြင်ခဲ့ရတဲ့ အချိန်ဟာ (၂၀၁၈) ခုနှစ် မတ်လ (၃၁) ရက်နေ့က ဖြစ်ပါတယ်။ ဒီနှစ်ထဲ အပြာရောင်လကို တွေ့ပြီးရင်တော့ နောက်ထပ် (၂၀၂၃) ခုနှစ် သြဂုတ်လ  (၃၁) ရက်မှာမှ အပြာရောင်လကို ထပ်တွေ့ရတော့မှာ ဖြစ်ပါတယ်။

အောက်ဘက်မှာတော့ (၂၀၂၀) ခုနှစ်မှာ တွေ့မြင်ရမယ့် လပြည့်ရက်တွေနဲ့ ၄င်းတို့ရဲ့ လအမည်တွေကို ဖော်ပြပေးလိုက်ပါတယ်။

READ
အနက်ရှိုင်းဆုံး ပင်လယ်/သမုဒ္ဒရာများ

January 10: Wolf Moon
ဝံပုလွေတွေ အူတာကို အစွဲပြုပြီး မှည့်ခေါ်ထားတာပါ။

February 9: Snow Moon

နှစ်တစ်နှစ်ရဲ့ ဒုတိယမြောက်လအတွင်း နှင်းတွေဝေနေတဲ့ အခြေအနေကို တင်စားပြီး မှည့်ခေါ်ထားတာပါ။

March 9: Worm Moon

(၂၀၂၀) အတွက် ပထမဆုံး စူပါမွန်းဖြစ်ပါတယ်။ မတ်လမှာ တွေ့ရတဲ့လပြည့်လကို worm moon လို့လည်း ခေါ်ပါတယ်။ အကြောင်းကတော့ ဆောင်းရာသီအဆုံးမှာ တီတွေစပြီး မြေကြီးထဲက ထွက်လာတဲ့အတွက် ဖြစ်ပါတယ်။

April 7: Pink Moon

(၂၀၂၀) အတွက် ဒုတိယမြောက်နဲ့ နောက်ဆုံး စူပါမွန်းဖြစ်ပါတယ်။ နွေရာသီအစောပိုင်းမှာ ဖူးပွင့်တဲ့ ပန်းရောင်ပန်းကလေးတွေကို ရည်ရွယ်ပြီး လအမည်ကို မှည့်ခေါ်ထားတာပါ။

May 7: Flower Moon
အပူချိန်ကလည်း နွေးလာတယ်၊ ပန်းပင်တွေကလည်း စပြီး ဖွံ့ဖြိုးလာတဲ့ အဓိပ္ပါယ်ကိုယူပြီး နာမည်ပေးထားတာပါ။

June 5: Strawberry Moon

ဒီနှစ်ထဲ စပြီး မှည့်လာတော့မယ် အသီးအနှံကို ကိုယ်စားပြုကာ မှည့်ခေါ်ထားတာပါ။

July 5: Buck Moon

အဖြူရောင်အမြီးရှိတဲ့ ဒရယ်တွေဆီက အဦးအစထွက်လာတဲ့ ဦးချိုအသစ်လေးတွေကို ရည်ညွှန်းတဲ့ လနာမည် ဖြစ်ပါတယ်။

READ
စိတ်အနှောင့်အယှက်ဖြစ်စရာ ပုရွက်ဆိတ်တွေ ရန်က အမြန်ကင်းဝေးစေဖို့ နည်းလမ်းများ

August 3: Sturgeon Moon

အမေရိကန်ပင်မတိုင်းရင်းမျိုးနွယ်စုတွေ ငါးမျှားရာ ရေကန်တွေထဲက ပမာဏအများအပြားရှိတဲ့ ငါးအရေအတွက်ကို ပြဆိုတာပါ။

September 2: Corn Moon

သီးနှံရိတ်သိမ်းတာကို ပြဆိုတဲ့လဖြစ်ပါတယ်။

October 1: Harvest Moon/Hunter’s Moon

သူကတော့ နာမည်နှစ်မျိုးရှိပါတယ်။ ပထမတစ်မျိုးကတော့ သီးနှံရိတ်သိမ်းချိန်ကို ညွှန်းပြတဲ့ လအမည်ဖြစ်ကာ ဒုတိယတစ်မျိုးကတော့ မကြာခင်လာမယ့် ဆောင်းရာသီအတွက် အမဲလိုက်မုဆိုးတွေ ရိက္ခာစုဆောင်းကြတာကို ရည်ညွှန်းတာပါ။

October 31: Blue Moon

အောက်တိုဘာ လအတွင်း ဒုတိယမြောက်တွေ့ရမယ့် လ ဖြစ်ပါတယ်။ ဟော်လိုဝိန်းပွဲတော်ရက်မှာ ဒီအပြာရောင်လကို တွေ့ရမှာပါ။ (၂) နှစ်ခွဲလောက်ကြာမှ တစ်ခါကြုံရတတ်တဲ့ လအမျိုးအစား ဖြစ်ပါတယ်။

November 30: Beaver Moon

ဖျံကြီးတွေက သူတို့ကျက်စားတဲ့ စိမ့်တွေ ညွှန်တွေ ရေခဲမသွားခင် အစာရှာဖို့ ထောင်ချောက်ဆင်တဲ့ အချိန်နဲ့ ကြုံကြိုက်တာကို တင်စားပြီး မှည့်ခေါ်ထားတာ ဖြစ်ပါတယ်။

December 29: Cold Moon
မြောက်ကမ္ဘာခြမ်းမှာ ဆောင်းရာသီစတင်ဝင်ရောက်လာတာကို အစွဲပြုပြီး မှည့်ခေါ်ထားတာ ဖြစ်ပါတယ်။ ဖော်ပြပါ ရက်တွေကတော့ နက္ခတ်နဲ့လတွေကို စိတ်ပါဝင်စားသူတွေအတွက် အသေအချာ စောင့်ကြည့်နိုင်ဖို့ simplemost အွန်လိုင်းစာမျက်နှာကနေ စုစည်းတင်ပြပေးလိုက်တာ ဖြစ်ပါတယ်။

လင်းလင်း (ShweoMom)

SHARE