သင့်ကိုကောင်မလေးကြိုက်၊မကြိုက် သူပို့တဲ့Messageတဆင့်သိနိုင်မည့်အချက်များ

သင်ကသူကိုသဘောကျနေပေမဲ့ သူကရော သင့်ကို ပြန်ကြိုက်လား၊မကြိုက်ဘူးလားဆိုတာကို ဘယ်လိုသိနိုင်မလဲ။မိန်းကလေးတွေဟာ နားလည်ရခက်ပါတယ်။သင့်ကိုကောင်မလေးက ကြိုက်နေလားဆိုတာကို သူပိုတဲ့စာကနေတဆင့်အကဲဖြတ်နိုင်ပါတယ်။မိုဘိုင်းဖုန်းတွေပေါ်လာကတည်းက စာပို့ပြီး ချိန်းတွေ့ကြတာဟာ အဓိကဖြစ်လာပါတယ်။စာပို့ရတာဟာ သင်ရှက်နေကြောက်နေစရာမလိုပဲ ပေါ့ပေါ့ပါးပါးစကားပြောလို့ရလို့ ပိုပြီးအဆင်ပြေပါတယ်။ဒါပေမဲ့ သင်ဟာ မျက်နှာမမြင်ရဘဲ စကားပြောရတာကြောင့် သူငါ့ကိုကြိုက်ရောကြိုက်ရဲ့လားဆိုတဲ့ ခေါင်းစားစရာပြဿ     နာပေါ်လာပါတယ်။ဒီမှာတော့ သူမ ပို့တဲ့စာမှတဆင့် သင့်ကိုကြိုက်နေလားမကြိုက်ဘူးလားဆိုတဲ့အချက်တွေကိုဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

maxresdefault

1 သူမကစစကားပြောပါလိမ့်မယ်။

နင်ဘယ်မှာလဲ စတဲ့ထူးထူးခြားခြားအမေးမျိုးမဟုတ်ပဲ သူမက သင်ကို စာစပို့တယ်ဆိုရင်တော့ သင့်မှာအလားအလာကောင်းကောင်းရှိပါတယ်။မိန်းကလေးတွေဟာ သူများတွေကို စာစပို့ရတာထက် သူကိုစာသွားပို့တာပိုကြိုက်ကြပါတယ်။ဒါပေမဲ့ သူမကစပြီး သင်နဲ့စကားစပြောလာတယ်ဆိုရင်တော့ ဒီအချက်ဟာ သင့်ကိုသူမကြိုက်နေတယ်ဆိုတာကို ပြနေတဲ့အထင်ရှားဆုံးအချက်တစ်ခုဖြစ်ပါတယ်။

2 သူမက စာကို မကြာခဏပို့နေပါလိမ့်မယ်။

သင်တို့ဟာတစ်ညလုံးစကားပြောခဲ့ကြပြီး နောက်နေ့မနက်ခင်းမှာလဲ သူမ က စကားပြောဖို့ လှမ်းပြောတယ်ဆိုရင်တော့ သူမက သင့်ကိုနှစ်သက်နေပါပြီ။ဒါပေမဲ့ အရမ်းမသေချာသေးပါဘူး။

READ
ယောက်ျားလေးတွေဆက်စီကျအောင် အင်္ကျီလက်ခေါက်နည်း

3 သင်စာပို့လိုက်ရင် ချက်ခြင်းစာပြန်ပါလိမ့်မယ်။

ယောက်ကျားလေးတစ်ယောက်အတွက်တော့ crush ဆီကပြန်စာကိုစောင့်ရတာလောက် စိတ်ဒုက္ခရောက်ရတာမရှိပါဘူး။တစ်ခါတလေဆို နာရီတွေ ရက်တွေအထိပါ သူတို့စာပြန်ပို့တာကိုစောင့်ရပါတယ်။အဲ့ဒီအချိန်မှာကောင်မလေးတစ်ယောက်က သင်စာပို့ပြီးတာနဲ့ချက်ခြင်းစာပြန်ပို့တယ်ဆိုရင် သင့်ကိုနှစ်သက်နေတယ်ဆိုတာသေချာပါတယ်။

2

4 သင့်ကိုသူမရဲ့အကြောင်းတွေကို အမြဲလှမ်းပို့နေပါလိမ့်မယ်။

ဟေး ငါတော့ရုပ်ရှင်ရုံရောက်နေပြီ၊KFC မှာ ကြက်ကြော်စားနေပြီစတဲ့ သင့်တောင်မှာ သိပ်စိတ်သိပ်မ၀င်စားတဲ့အကြောင်းတွေကို လှမ်းပြောနေရင်တော့ ဒီအချက်ဟာ သူမကသင့်အာရုံစိုက်မူကိုလိုချင်နေတဲ့သဘောပါပဲ။

5 သင့်ကိုအမြဲတမ်း စာရှည်ရှည်ပြန်ပို့ပါလိမ့်မယ်

မိန်းကလေးတွေဟာ ယောက်ကျားလေးတွေထက် ပိုပြီးရင်းနှီးဖို့လွယ်ပါတယ်။သင်တို့နှစ်သက်ပြီး ယုံကြည်တဲ့သူဆိုရင် ပိုပြီးရင်းနှီးလွယ်ပါသေးတယ်။သင်ကိုကြိုက်နေတဲ့မိန်းကလေးတစ်ယောက်က စာပို့ရင် အရှည်ကြီးနဲ့၊အသေးစိတ်တွေနဲ့လွတ်လွတ်လပ်လပ်ပြောပြီး စကားဝိုင်းကိုအတောမသတ်ပြောလေ့ရှိပါတယ်။

6 သူမစာပို့ရင် ချစ်စရာပုံစံလေးတွေပို့လေးရှိပါတယ်။

စာရိုက်ရင် အပိုရိုက်ထည့်တာလေးတွေ၊စကားမပီ တဲ့ပုံစံပို့တာတွေ၊အသည်းပုံ၊ပြုံးနေတဲ့ Emojis လေးတွေပို့တယ်ဆိုရင်တော့ သင့်ကိုအာရုံ စိုက်စေချင်ပြီး သင့်ကိုနှစ်သက်နေတယ်ဆိုတာကိုသိနိုင်ပါတယ်။

aid2079776-728px-Send-a-Flirty-Text-Message-Step-3-Version-3

7 သူမရဲ့ပုံတွေပို့ပေးတယ်။

မိန်းကလေးတွေဟာ တစ်ယောက်ယောက်က သူတို့ရဲ့ပုံတွေကိုတောင်းတယ်ဆိုရင် တော်ရုံမပေးတတ်ပါဘူး။သူမဟာသင်မတောင်းဘဲနဲ့သူမရဲ့ပုံတွေကို သူမဘာသာပို့ပေးလာမယ်ဆိုရင် သူကိုစိတ်ဝင်စားနေတယ်ဆိုတာသေချာပါတယ်။

READ
ဆံပင်ညှပ်ဆိုင်မသွားချင်သူများအတွက် မိမိဘာသာဆံပင်ညှပ်နည်း

Ref:lovepanky

SHARE