သမုဒ္ဒရာထဲက ပလတ်စတစ် ဖယ်ရှားမှု အများဆုံး စံချိန်တင်ခဲ့တဲ့ Ocean Voyages

Image : oceanvoyagesinstitute.org

ကမ္ဘာတစ်ဝန်းမှာတော့ လွန်ခဲ့တဲ့ (၆၅)နှစ်လောက် တည်းက စပြီး ပလတ် စတစ် ထုတ်လုပ်မှု တွေ ပိုပြီး များပြား လာခဲ့ ပါတယ်။ပလတ်စတစ် အသုံးပြုမှု တွေ က လည်း တစ်နေ့ တခြား ပို များလာခဲ့ပါတယ်။(၂၀၁၅)မှာတော့ ပလတ်စတစ် တန်ချိန် (၃၈၇) သန်း  အထိ ရှိလာခဲ့ပါတယ်။(၁၉၅၀)နဲ့ ယှဉ်ရင်တော့ (၂)သန်း ပို များလာခဲ့တာပါ။ ပလတ်စတစ် ကြောင့် (၂၀၅၀) လောက်ကျရင် ရေသတ္တ၀ါ သန်း တစ်ရာ လောက် သေဆုံး နိုင် တယ်လို့ ပညာရှင်တွေ က ခန့်မှန်း ထားပါတယ်။မကြာ သေးမီတုန်းက တော့ Ocean Voyages Institute ရဲ့  သ င်္ဘော  က တော့ ပစိဖိတ်သမုဒ္ဒရာ ထဲမှာရှိတဲ့ အမှိုက် တန်ချိန် ပေါင်း (၁၀၃)တန် ကို ရှင်းလင်းဖယ်ရှား ခဲ့ပါတယ်။ဒီအ ကြောင်းကိုတော့ boredpanda မှာ ဖော်ပြ ထားတာပါ။

Image : oceanvoyagesinstitute.org
Image : oceanvoyagesinstitute.org

ဇွန်လ (၂၃)ရက်ေ န့ မှာ တော့ Ocean Voyages Institute ရဲ့  ပလတ်စတစ် တွေ ဆယ်ယူတဲ့ သ င်္ဘော ကေ န အမှိုက် တွေ စုပုံရာ နေ ရာ Pacific Gyre  က အမှိုက် တွေ ကို ဆယ်ယူခဲ့တာပါ။(၄၈)ရက်ကြာ ဆယ်ယူ ခဲ့ပြီး နောက် မှာတော့ အ မေရိကန် ဟာဝိုင်ယီ ပြည်နယ်၊ Honolulu မြို့ မှာရှိတဲ့  ဆိပ်ကမ်းကို ဇွန်လ (၂၃)ရက်နေ့က ပြန် ရောက်လာခဲ့ပါတယ်။

READ
ရာသီဥတု ပြောင်းလဲမှုကြောင့် အာတိတ်ဒေသမှာ ငါးနဲ့ ပင်လယ်ငှက်များ သေဆုံးမှုမြင့်တက်

 

Image : oceanvoyagesinstitute.org

အမှိုက်တွေ ကို တော့ ငါးဖမ်း ပိုက်ကွန် တွေနဲ့ ဆယ်ယူခဲ့တာပါ။သမိုင်းတစ်လျောက် မှာတော့ (၄၈) အတွင်း အများဆုံး အမှိုက် ဆယ်ယူ မှု အဖြစ် စံချိန် တင်နိုင်ခဲ့ပါတယ်။အရင် စံ ချိန် ဟောင်းကို တင်ထားတဲ့ သူတွေ ကလည်း သူတို့ ပါပဲ။အရင် (၂၀၁၉)တုန်းက (၂၅) ရက် အတွင်းမှာ သမုဒ္ဒရာ ထဲက နေ အမှိုက် ပေါင်း (၄၈) တန်ကို ဆယ်ယူခဲ့ တာပါ။ဒီတစ် ခေါက် မှာတော့ အရင်က ထက် ရက်လဲ ပိုတိုးအချိန်ယူခဲ့သလို အမှိုက်တွေ ကိုလည်း အများကြီး ဆယ်ယူခဲ့တာပါ။

Image : oceanvoyagesinstitute.org

စံချိန် သစ် တင်ယူနိုင်ခဲ့တာနဲ့ ပတ်သက်ပြီး ကြိုးကြိုးစားစားလက်တွဲ ပါဝင် ခဲ့ ကြတဲ့ အဖွဲ့ သားတွေ  အတွက် ဂုဏ် ယူ ကြောင်း၊တန် (၁၀၀) လောက်ပဲ ဆယ်နိုင် မယ် ထင် ထား ခဲ့ ပေမယ့် လည်း သတ်မှတ် ထားတာ ထက် ပိုပြီး ဆယ်ယူ နိုင် ခဲ့ တယ် လို့ ပြော Ocean Voyages Institute  ကို ထူထောင်သူ Mary Crowley က ပြော ခဲ့ပါတယ်။ Pacific Gyre, က တော့ ဟာဝိုင်ယီနဲ့ ကယ်လီ ဖိုးနီးယား လမ်းခုလ တ်မှာ တည်ရှိတာ ဖြစ်ပြီး ပလတ်စတစ်တွေ အများဆုံး စုပုံ ရာ နေရာပါ။Ocean Voyages Institute  က တော့ အမှိုက်တွေ  ကို တက်နိုင်သ လောက် Recyl e ၊ ပြန်သုံးလို့ ရ အောင် ကြိုးစားလုပ်ဆောင် သွားမှာပါ။

READ
ရုပ်ရှင်ထဲကဇာတ်ဝင်ခန်းတချို့နဲ့တောင် မှားရလောက်တဲ့ ရင်သက်ရှုမောဖွယ်ဓာတ်ပုံများ

 

#SHWEMOM

SHARE