သမုဒ္ဒရာတွေမှာ အောက်ဆီဂျင် ပြတ်လတ်မှုကြောင့် ရေနေသတ္တ၀ါတွေအတွက် အန္တရာယ်ရှိနေ

Pexels/Pixabay

အလွန်အရေးပါတဲ့ ရေအောက်သက်ရှိပတ်ဝန်းကျင်ဟာ ပြိုလဲတော့မယ့် အန္တရာယ်နဲ့ရင်ဆိုင်နေရပါတယ်။ ပင်လယ်သမုဒ္ဒရာတွေဟာ အမြန်ဆုံးစံချိန်နဲ့အောက်စီဂျင်ပြတ်လတ်လာနေပြီး ၊ အောက်စီဂျင်အလုံအလောက်လိုအပ်တဲ့ ရေနေသတ္တ၀ါတွေဖြစ်တဲ့ ငမန်း၊ တူနာငါး၊ မာလင်နဲ့ အခြားကြီးမားတဲ့ငါးမျိုးစိတ်တွေအတွက် အထူးအန္တရာယ်ရှိနေပါတယ်။

သမုဒ္ဒရာအတွင်း အောက်ဆီဂျင်မရှိတဲ့ Dead zonesတွေဟာ ပြီးခဲ့တဲ့ နှစ်ငါးဆယ်အတွင်း လေးဆအထိမြင့်တက်လာပြီး၊ အောက်ဆီဂျင်ပြတ်တောက်ခါနီးနေရာတွေဟာ (၁၉၆၀)ခုနှစ်မှာ (၄၅)နေရာလောက်ရှိရာကနေ အခုအခါ (၇၀၀)နီး ပါးအထိ ရှိလာပါပြီ။

Pexels/Unil

သမုဒ္ဒရာရဲ့ နေရာတစ်ချို့မှာ သဘာဝအရ အောက်စီဂျင်နည်းပါးတဲ့နေရာတွေ ရှိပေမယ့် အဲ့ဒီနေရာတွေဟာ အခုအခါ အောက်စီဂျင်ပြတ်တောက်သွားတဲ့ အထိ ဖြစ်လာနေပါတယ်။

အောက်စီဂျင်နည်းနည်းနဲ့ ရှင်သန်နိုင်တဲ့  jellyfish၊ ကင်းမွန်နဲ့ ငါးသေးသေးလေးတွေလို ငါးမျိုးစိတ်တွေအတွက် တော့ အနည်းငယ်စိတ်ချလို့ရပေမယ့်၊ အောက်စီဂျင်အလုံအလောက်လိုအပ်တဲ့ ငမန်း၊ တူနာငါး၊ မာလင်နဲ့ အခြားကြီးမားတဲ့ငါးမျိုးစိတ်တွေအတွက်တော့ အထူးအန္တရာယ်ရှိနေတာပါ။

ရေနက်ပိုင်းတွေမှာ အောက်စီဂျင်မလုံလောက်တော့တဲ့အတွက် ငါးတွေဟာ အောက်စီဂျင်ရတဲ့ ရေမျက်နှာပြင်အပေါ်ပိုင်းကို တက်လာကြရတဲ့အခါ ငါးဖမ်းသမားတွေရဲ့ လက်ချက်နဲ့တွေ့ကြုံရပြန်ပါတယ်။ အားလုံးကို ခြုံကြည့်ရမယ်ဆိုရင် ကာဗွန်ဒိုင်အောက်ဆိုက်ဒ်ဓာတ်ငွေ့တွေပိုမိုများပြားလာတာကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့သက်ရောက်မှုပိုများလာကာ ၊ပင်လယ်သမုဒ္ဒရာတွေက အပူတွေကိုစုပ်ယူတာကြောင့် အောက်ဆီဂျင်နည်းပါးလာရခြင်းဖြစ်ပါတယ်။

Pexels/Unil

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနိုင်ငံတကာသမဂ္ဂအဖွဲ့(IUCN)ရဲ့ယာယီအထွေထွေဒါရိုက်တာ Grethel Aguilarက  UN ရာသီဥတုဆိုင်ရာဆွေးနွေးပွဲ ညီလာခံမှာ ဒီတွေ့ရှိချက်တွေကိုပြသခဲ့ပြီး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ နိုင်ငံခေါ်င်းဆောင်တွေမှာတာဝန်ရှိတာဖြစ်သလို၊ အဲ့ဒီထဲကမှ သမုဒ္ဒရာတွေရဲ့ကျန်းမာရေးအတွက်ကလည်း အဓိကထားစဉ်းစားစရာဖြစ်တယ်လို့ဆိုကြောင်းThe Guardian သတင်းစာမှာ ဖော်ပြထားပါတယ်။

Khaing Sandar

SHARE