R-rated ဖြစ်ပေမယ့်လည်း ၀င်ငွေအကောင်းဆုံးဇာတ်ကားဖြစ်လာတဲ့ Joker

Image:Warner Bros. Pictures

Joker (2019)  ရုပ်ရှင်ဇာတ်ကားကတော့  မြောက်အမေရိကရဲ့ Box Office မှာ ၀င်ငွေ အကောင်းဆုံး ဇာတ်ကား အဖြစ်နဲ့ ရပ်တည်ခဲ့ပါတယ်။ Warner Bros. Pictures ရဲ့ ဇာတ်ကားဖြစ်တဲ့ အဲ့ဒီဇာတ်ကားကနေ ၀င်ငွေ အမေရိကန် ဒေါ်လာ (၉၃.၅)သန်း ၀င်ငွေ ရခဲ့ပါတယ်။အမေရိကန်မှာတော့ ဒီဇာတ်ကားကို (R-rated)အဆင့်သတ်မှတ် ထားပါတယ်။ဇာတ်ကားရဲ့ ဇာတ်လမ်းသဘောက လုံခြုံရေးကို ထိခိုက်ပျက်ပြားလာစေနိုင်တဲ့ အတွက် ဒီဇာတ်ကား နဲ့ ပတ်သက်ပြီး အငြင်းပွားမှု တွေ လည်း အများကြီး ဖြစ်ပေါ်နေပါတယ်။ရုပ်ရှင်ဇာတ်ကား အဖွင့မျာတင်ပဲ  ရဲအစောင့်တွေ ကို တင်းတင်းကျပ်ကျပ် ချထားစေကာ၊ကြည့်ရှုသူတွေရဲ့  ID ကို (R-rated အဆင့်ဖြစ်တာကြောင့်အသက် (၁၇)နှစ်အောက် ကလေးတွေ မိဘအုပ်ထိန်းသူ (သို့) အရွယ်ရောက်ပြီးတဲ့ အဖော် တစ်ယောက်ယောက် မပါပဲ ကြည့်ရှုတာမျိုး မဖြစ်ရလေအောင် ) သေချာ စစ်ဆေးစေခဲ့ပါတယ်။

Image:Warner Bros. Pictures

ဒါ့အပြင် အမေရိကန်မှာ ရှိတဲ့ တစ်ချို့ သော  ရုပ်ရှင်ရုံတွေမှာဆိုရင်တော့ မိဘ အုပ်ထိန်းသူတွေ ကို Joker က ဟောလိဝုဒ်ရဲ့ မူလ စူပါဟီးရိုးရုပ်ရှင်ကား မဟုတ်ဘူး လို့ လည်း သတိပေးခဲ့ပါတယ်။Joker  ကတော့ အမေရိကန် psych ological thriller ဇာတ်ကား အမျိုးအစားဖြစ်ပြီး ဒါရိုက်တာ Todd Phillips ပါ။ Joaquin Phoenix က Joker အဖြစ် သရုပ်ဆောင်ထားပါတယ်။စိတ်ပိုင်းဆိုင်ရာ၊ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ပြဿနာရှိနေတဲ့ လူတစ်ယောက်က comedian အဖြစ် ရပ်တည်ဖို့ ကြိုးစားခဲ့ပါတယ်။ဒါပေမယ့်လည်း သူ့အပေါ် နားလည် မပေးနိုင်ပဲ၊လူသားချင်းစာနာ မှုဆိုတာကို နားမလည်တဲ့ လူတွေ ကြောင့် စိတ်ဓါတ်တွေက ပြောင်းလဲ သွားပြီး ရက်စက်တဲ့ လူတစ်ယောက် ဖြစ်သွားပုံကို ကွက်ကွက်ကွင်းကွင်းရိုက်ပြထားတဲ့ ဇာတ်ကားလေးပါ။

READ
မေလ တတိယပတ်အတွင်း အသစ်ထွက်ရှိထားတဲ့ ကေပေါ့ သီချင်းကောင်းများ

အောက်တိုဘာ (၄-၆) ရက်နေ့ အတွက် ၀င်ငွေ အကောင်းဆုံး ဇာတ်ကားစာရင်းကို ဖော်ပြ ပေးလိုက်ပါတယ်။

2.”Abominable,” $12 million ($24.6)

3.”Downton Abbey,” $8 million ($6.6 million)

4.”Hustlers,” $6.3 million ($1.9 million )

5.”It Chapter Two,” $5.4 million ($5.6 million)

Source:boxoffice/wiki/msn

SHARE