ယခုနှစ် အောက်တိုဘာလမှာ စံချိန်တင်အပူပြင်းဆုံး ဖြစ်လာတဲ့ ကမ္ဘာမြေကြီး

unsplash/William Bossen

ဥရောပသမဂ္ဂဂြိုလ်တုက ထုတ်ပြန်တဲ့ ကြေညာချက်အရ ယခုနှစ် အောက်တိုဘာလမှာ ကမ္ဘာမြေကြီးဟာ အပူချိန်အမြင့်ဆုံး ဖြစ်ခဲ့ကြောင်း dailymail သတင်းစာမျက်နှာအရ သိရပါတယ်။ ၄င်းလမှာ အပူချိန်ဟာ ၁.၂၅ ဒီဂရီ ဖာရင်ဟိုက် (၀.၆၉ ဒီဂရီ စင်တီဂရိတ်) ရှိခဲ့တဲ့အတွက် (၁၉၈၁) ခုနှစ်မှ (၂၀၁၀) ခုနှစ်အတွင်း တိုင်းထွာရရှိခဲ့တဲ့ ပျမ်းမျှအပူချိန်တွေထက် ပိုမိုပူပြင်းနေခဲ့တာ ဖြစ်ပါတယ်။

ယခုနှစ် အောက်တိုဘာလဟာ လွန်ခဲ့တဲ့ (၂၀၁၅) ခုနှစ်က အပူဆုံးအောက်တိုဘာလအဖြစ် မှတ်တမ်းတင်ခဲ့တဲ့ အပူချိန်ထက် ၀.၀၁၈ ဒီဂရီဖာရင်ဟိုက် (၀.၀၁ ဒီဂရီစင်တီဂရိတ်) မြင့်မားနေခဲ့တာပါ။ လက်ရှိမှာတော့ အပူချိန်ဟာ ၂.၁၆ ဒီဂရီဖာရင်ဟိုက် (၁.၂ ဒီဂရီစင်တီဂရိတ်) ၀န်းကျင်ရှိနေတယ်လို့ ကိုပါနီးကပ်စ် ရာသီဥတုပြောင်းလဲမှုစောင့်ကြည့်ဌာနက သတိပေးထားတာ ဖြစ်ပါတယ်။

READ
ချီကာဂိုမြစ် ဘယ်လို ပြောင်းပြန်စီးနေသလဲ
unsplash/Hans Reniers

အဆိုပါဌာနက ဥရောပ၊ အမေရိကနဲ့ အာတိတ်တို့မှာ ပုံမှန်ထက် ပိုမိုပူနွေးလာမှာ ဖြစ်ပေမယ့် နော်ဝေနဲ့ ဆွီဒင်၊ ရုရှားအနောက်တောင်ပိုင်းနဲ့ အာရှအရှေ့အလယ်ပိုင်းတို့မှာတော့ ပုံမှန်ထက် အအေးပိုကဲလာမှာဖြစ်ကြောင်း  ထပ်လောင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာတုန်းကလည်း (၁၉၈၁-၂၀၁၀) ခုနှစ်အတွင်းရှိခဲ့တဲ့ ပျမ်းမျှအပူချိန်တွေကို စံချိန်ချိုးပြီး (၀.၇၅) ဒီဂရီ စင်တီဂရိတ် ပိုမိုပူပြင်းခဲ့ကြောင်းလည်း သိရပါသေးတယ်။

ကိုပါနီးကပ်စ်ရာသီဥတုပြောင်းလဲမှု စောင့်ကြည့်ဌာနကတော့ ဂရင်းဟောက်စ်ဂက်စ်တွေ ဆက်တိုက်ထုတ်လွှတ်နေတာနဲ့ ကမ္ဘာတစ်ဝန်း အပူချိန်မြင့်တက်လာမှုတွေကြောင့် အနာဂတ်မှာလည်း ဒီထက် ဒီထက် ပိုပိုပူလာမယ်လို့ ဆိုထားပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်အရ (၂၁၀၀) ခုနှစ်မှာ အပူချိန်တွေဟာ (၅.၈) ဒီဂရီစင်တီဂရိတ်ထိ  တက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

unsplash/Martin Adams

နိုဝင်ဘာ(၅) ရက်နေ့တုန်းကတော့ သိပ္ပံပညာရှင်ပေါင်း (၁၁,၀၀၀) တို့ဟာ စုရုံးပြီး အရေးပေါ်ရာသီဥတုပြဿနာတွေနဲ့ စပ်လျဉ်းတဲ့ လူသားတွေလုပ်သင့်တဲ့ လမ်းညွှန်ချက်တွေကို လက်မှတ်ရေးထိုး အတည်ပြုပေးခဲ့ကြပါတယ်။ ၄င်းလမ်းညွှန်ချက်တွေထဲမှာတော့ လက်ရှိတစ်နေ့ (၂) သိန်းခန့် တိုးပွားနေတဲ့ ကမ္ဘာ့လူဦးရေကို ထိန်းသိမ်းကိုင်တွယ်ဖို့ အရေးအပြင် လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ တရားမျှတမှုရရှိစေမယ့် နည်းလမ်းတွေကို ကျင့်သုံးဖို့နဲ့ ရာသီဥတုပြောင်းလဲမှုဟာ  ပညာရှင်တွေခန့်မှန်းထားတာထက်တောင် ပိုပြီး ဆိုးရွားနေပြီဖြစ်ကြောင်း ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

READ
ပြင်သစ်ကနေစတင်ခဲ့တဲ့ ဆယ်ကျော်သက်တို့ရဲ့ "Fill The Bottle" Challenge လေး

လင်းလင်း (ShweMom)

SHARE