သမုဒ္ဒရာရေနက်ပိုင်းတွေမှာနေထိုင်လေ့ရှိတဲ့ ဂြိုလ်သားဆန်ဆန် ရေဘ၀ဲကြီးတွေအကြောင်း

ရှေးဒဏ္ဏာရီလာအရ ဧရာမရေဘ၀ဲကြီးတွေကို ဂြိုလ်သားတွေအဖြစ်၊ ကြောက်မက်ဖွယ်ကောင်းတဲ့ သတ္တ၀ါကြီးတွေအဖြစ် ပုံဖော်ကြပါတယ်။ ကြီးမားလှတဲ့ ပစိဖိတ်ရေဘ၀ဲကြီးတွေမှာဆိုရင် နှလုံး(၃) ခု၊ ဦးနှောက်(၉) ခုနဲ့ အပြာရောင်သွေးတွေ ရှိပါတယ်။ ဒါကြောင့်လည်း ရေဘ၀ဲတွေဟာ စိတ်ကူးယဉ်ကဏ္ဍထဲကထက် ပိုမိုဆန်းကြယ်နေတာ ဖြစ်ပါတယ်။ ဒီရေဘ၀ဲကြီးတွေကိုတော့ သဘာဝအားဖြင့် အမေရိကန် အနောက်ဘက်ကမ်းရိုးတန်းရေပြင်တွေနဲ့ ဂျပန်နိုင်ငံတွေမှာ တွေ့နိုင်ပါတယ်။

ရေဘ၀တွေရဲ့ ကိုယ်ခန္ဓာတည်ဆောက်ပုံဟာ ထူးခြားပါတယ်။ ဦးနှောက်အလယ်ပိုင်းဟာ အာရုံကြောစနစ်ကို ထိန်းချုပ်ပေးပါတယ်။ ဒါ့အပြင် လက်(၈) ဖက်ရှိရာမှာ လက်တစ်ခုစီမှာ ဦးနှောက်သေးသေးလေး တစ်ခုစီပါဝင်ပါတယ်။ အဲ့ဒီဦးနှောက်သေးသေးလေးတွေဟာ နာ့ဗ်ဆဲလ်အစုအဝေးကြီးတစ်ခုဖြစ်ပြီး ရေဘ၀ဲလက်တွေရဲ့ လှုပ်ရှားမှုကို ထိန်းချုပ်ပေးပါတယ်။ ဒါကြောင့်လည်း လက်တွေဟာ သီးခြားလှုပ်ရှားနေနိုင်ပေမယ့် ဦးတည်ရာတစ်ခုကိုပဲ သွားလို့ရနေတာ ဖြစ်ပါတယ်။

Oceana

ရေဘ၀ဲတွေမှာ နှလုံး သုံးခုပါဝင်ပါတယ်။ ရေဘ၀ဲတွေရဲ့ တစ်ကိုယ်လုံးဟာ အကြောတွေနဲ့ဖွဲ့စည်းထားပါတယ်။ နှလုံး(၂) ခုဟာ ရေယက်တွေဆီကို သွေးတွေညှစ်ထုတ်ပေးပါတယ်။ ပိုကြီးတဲ့ နှလုံးတစ်ခုကတော့ ခန္ဓာကိုယ်ရဲ့ ကျန်တဲ့နေရာတွေကို သွေးတွေ အညီအမျှပို့ဆောင်ပေးပါတယ်။

READ
သော့ပျောက်သွားတဲ့အခါသော့တံမပါပဲ သော့ဖွင့်နည်းများ

ဧရာမပစိဖိတ်ရေဘ၀ဲကြီးတွေရဲ့ သွေးထဲမှာ ဟီမိုဆိုင်ယာနင်လို့ခေါ်တဲ့ ကြေးနီဓာတ်တွေကြွယ်ဝစွာပါဝင်တဲ့ ပရိုတိန်းဓာတ်ပါဝင်ပါတယ်။ ၄င်းဟာ အေးမြတဲ့ သမုဒ္ဒရာပတ်ဝန်းကျင်မှာ အောက်ဆီဂျင်လည်ပတ်မှုကို တိုးတက်စေပါတယ်။

Monterey Bay Aquarium

ရေဘ၀ဲကြီးတွေဟာ မျက်စိတစ်မှိတ်အတွင်းမှာပဲ အရောင်နဲ့ ပုံသဏ္ဏာန်ပြောင်းလဲပြီး ကိုယ်ရောင်ဖျောက်နိုင်ပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ ခရိုမာတိုဖိုးရက်စ် နာ့ဗ်ကြောတွေနဲ့ ကြွက်သားတွေကြောင့် ဖြစ်ပါတယ်။

ရေဘ၀ဲကြီးတွေမှာ အိတ်ကြီးတွေနဲ့ ထည့်သိမ်းထားပြီး အဆိပ်မှင်တွေ ထုတ်လုပ်ပေးတဲ့ ဂလင်းတွေ ရှိပါတယ်။ ရန်သူဟာ အနားကပ်လာတဲ့အခါ ၄င်းမှင်တွေနဲ့ ရန်သူရှိရာဆီ ပန်းထုတ်ပြီး သူကတော့ တခြားတစ်ဖက်ဆီ ထွက်ပြေးပါတယ်။

Mickey Schilling

ရေဘ၀ဲကြီးတွေရဲ့ လက်(၈) ဖက်ရှိတဲ့အထဲ လက်တစ်ဖက်ဆီမှာ စုပ်ခွက်ပေါင်း (၂၈၀) ခွက်ပါဝင်ပါတယ်။ အထီးတွေမှာဆိုရင်တော့ အမတွေထက် စုပ်ခွက်အရေအတွက် ပိုနည်းပြီးပါဝင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အထီးတွေရဲ့ ညာဘက်တတိယမြောက်လက်ချောင်းထိပ်ဟာ မျိုးပွားအင်္ဂါအနေနဲ့ အလုပ်လုပ်တာ ဖြစ်ပါတယ်။

ဧရာမပစိဖိတ်ရေဘ၀ဲအမကြီးတွေဟာ ရေနက်ပိုင်းနေရာမှာ ဥဥချပြီးတဲ့နောက် ကလေးတွေကို ဥကနေ မပေါက်မချင်းစောင့်ရှောက်ကြရပါတယ်။ ရေဘ၀ဲအမကြီးတွေဟာ အစာမစားမသောက်ပဲ ဥကလေးတွေနဲ့အတူ (၇) လအထက်နေပါတယ်။ ဥကလေးတွေပေါ်မှာ အောက်ဆီဂျင်ရအောင်နဲ့ အာဟာရပြည့်ဝတဲ့ ရေရအောင် စောင့်ရှောက်ကြပါတယ်။ ကလေးတွေ ဥကအကောင်ပေါက်တဲ့အခါမှာတော့ ရေဘ၀ဲမကြီးတွေဟာ များသောအားဖြင့် သေဆုံးကုန်ကြပါတယ်။

READ
နိုင်ငံအလိုက် အဓိပ္ပါယ်တွေ ကွာခြားသွားတဲ့ လက်သင်္ကေတများ

လင်းလင်း (ShweMom)

Ref: apnews, thoughtco

SHARE