ကမ္ဘာ့ နိုင်ငံတစ်ချို့မှာ ပြဌာန်းထားပြီး အင်မတန်နားလည်ရခက်တဲ့ အခွန်စနစ် အဆန်းများ

ကမ္ဘာပေါ်မှာ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ ပေးဆောင်ရတဲ့ အခွန်ဥပဒေတွေဟာ မတူညီကြပါဘူး။ နိုင်ငံမှာ တစ်ချို့မှာ ပေးဆောင်ရတဲ့ အခွန်ငွေတွေဟာ နည်းနည်းလေး ဆန်ကြယ်ပါတယ်။ ရုရှားနိုင်ငံမှာ မုတ်ဆိတ်ခွန်၊ အင်္ဂလန်နိုင်ငံမှာ ပြတင်ပေါက်ခွန်၊ ပြင်သစ်မှာဆို ဆားအခွန် စတဲ့ ထူးဆန်းတဲ့ အခွန်တွေကို တွေ့ရပါတယ်။ တစ်ချို့ အခွန်တွေက ကျိုးကြောင်းဆီလျော်တဲ့ ရည်ရွယ်ချက်တွေရှိပေမယ့် တစ်ချို့ကတော့ ယုတ္တိရှိရှိရှင်းပြဖို့တောင် ခက်နေပါတယ်။ ကဲဘယ်လို အခွန်တွေလည်း လေ့လာကြည့်ရအောင်….

ပါလာစတာ အခွန် (သြစတြီးယား)
Instagram

သြစတြီးယားတောင်တန်းတွေဟာ နှင်းလျှောစီးသူတွေအတွက် အလွန်ပြည့်စုံတဲ့ နေရာဖြစ်ပါတယ်။ စစစီးတဲ့သူနေစလို့ ပရော်ဖက်ရှင်တွေအထိ အဲ့ဒီနေရာကို နှစ်သက်ကျပါတယ်။ အဲ့ဒီ့မှာ မကျွမ်းကျင်သေးတဲ့ သူတွေအဖို့ မတော်တဆမှုတွေ၊ ထိခိုက် ဒဏ်ရာရရှိမှုတွေနဲ့ ဆေးရုံကို ရောက်ကြမြဲဖြစ်ပါတယ်။

အဲ့ဒါကြောင့် အစိုးရက ဆေးဝါ ၀န်ဆောင်မှုတွေအတွက် အထူးအခွန်ကို သတ်မှတ်ဖို့ ဆုံးဖြတ်ခဲ့ပြီး သာမန် နိုင်ငံခြားသားပေးဆောင်ရတဲ့ အခွန်ထဲကို တစ်ခါတည်း ထည့်သွင်းလိုက်ပါတယ်။ ဒီ အခွန်နှုန်းထားက အတိုးအလျှော့မရှိဘဲ ကိုယ် ရောက်တဲ့ ဆေးရုံ၊ အပန်းဖြေစခန်းစတာတွေက တိုက်ရိုက် ကောက်ခံတာမျိုးဖြစ်တယ်လို့ သိရတယ်။

ဝါးတူ အခွန် (တရုတ်)
Instagram

နှစ်စဉ် တရုတ်နိုင်ငံမှ တူအစုံ အရေအတွက် (၄၅) ဘီလီယံလောက် ထုတ်လုပ်နေရပြီး အဲ့ဒီ့အတွက် သစ်ပင် (၂၅) မီလီယံလောက်ကို ခုတ်လှဲနေရပါတယ်။ သစ်တောတွေပြုန်းတီးပြီး ပြင်ထန်းတဲ့ ပတ်ဝန်းကျင် ထိခိုက်မှုတွေ ရှိလာနိုင်ခြင်းနဲ့ ပတ်သက်တဲ့ အကြောက်တရားတွေ ရှိလာအောင်  တရုတ်အစိုးအရက နောက်ဆုံး အခုလို စီစဉ်ခဲ့ပါတယ်။

ဒီ အခွန်ကောက်ခံမှုစနစ်ကို (၂၀၀၆) ခုနှစ်ကတည်းက စတင်ခဲ့တယ်။ သစ်တောတွေကို ကာကွယ်ဖို့အတွက် တူအခွန် (၅) ရာခိုင်နှုန်းကို ကောက်ခံပါတယ်။ ဒီလိုကြောင့်နဲ့ ပြန် အသုံးပြုလို့ရတဲ့ ပလတ်စတစ်တူတွေကို ရိုးရာဝါးတူတွေ နေရာမှာ အစားထိုး သုံးစွဲဖို့ တိုက်တွန်းမှုတွေ ဖြစ်လာစေတယ်ဆိုပြီး အာဏာပိုင်တွေက ယုံကြည်ထားကြပါတယ်။

Bagel ခွန် (နယူးယောက်၊ USA)
Instagram

နယူးယောခ့်မြို့မှာတော့ ထူးထူးခြားခြားပဲ bagel မုန့်ကို ပုံမှန် ၀ယ်ယူတာမျိုး မဟုတ်ရင် အခွန်ပေးဆောင်ရတယ်လို့ သိရပါတယ်။ အဓိပ္ပာယ်ကတော့ မုန့်ကို လှီးစိပ်ခိုင်းတာ၊ တခြားသော အရသာတွေ ထပ်ပေါင်းတာမျိုးဆို အကြွေ (၈) ပြား အပိုပေးရပါတယ်။  ဆိုင်မှာစာရင်း ပေးရတဲ့ အခွန်က သက်သက်ဖြစ်တယ်။ ဒီလို အခွန်ကို ရှောင်ဖို့ဆိုရင်တော့ ဘာမှ မလုပ်ထားတဲ့ မုန့်ကိုဝယ်ပြီး အိမ်မှာ ကိုယ့်ဟာကို လှီးစိပ်၊ စားပြီး ရှောင်နိုင်ပါတယ်။

အ၀လွန် အခွန် (ဂျပန်)
Instagram

နာမည်ကျော် Metabo ဥပဒေအရ ဂျပန်နိုင်ငံရှိ အသက် (၄၀) ကနေ (၇၅) နှစ်ကြား အမျိုးသား၊ အမျိုးသမီးတိုင်း နှစ်စဉ် ခါးတိုင်းရပါတယ်။ အမျိုးသားဆို (၈၅) စင်တီ အမျိုးသမီးဆို (၉၀) စင်တီဆိုတဲ့ အတိုင်းအတားတစ်ခု အတိအကျ သတ်မှတ်ပေးထားပြီး ကျော်နေတဲ့ သူဟာ ဒဏ်ဆောင်ရကြောင်း ထူးထူးခြားခြား သိရပါတယ်။

ဒီအခွန်ကို အ၀လွန်တဲ့ လူဦးရေနှုန်းတိုးလားတာကို လျှော့ချနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ပြဌာန်းခဲ့သလို့ သွေးတိုးရောဂါနဲ့ လေဖြတ်တဲ့ရောဂါတွေ ပျံ့ပွားမှုကို ထိန်းသိမ်းနိုင်ရန်အတွက်လို့ သိရပါတယ်။

READ
သိမှတ်ဖွယ် ဗဟုသုတများ
အခွံမာသီး အခွန်
Instagram

အင်္ဂလန်နိုင်ငံမှာ အခွံမာသီးကို ဒီအတိုင်းဝယ်မယ်ဆို သက်သာပါတယ်။ ဒီလိုမှ မဟုတ်ဘဲ အခွံချွတ်ထားတာ၊ ဖုတ်ထားတာ၊ ဆားလှော်ထားတာမျိုးဆို အခွံ (၂၀) ရာခိုင်နှုန်းပေးဆောင်ရတယ်လို့ သိရပါတယ်။

အပန်းဖြေ ဖျော်ဖြေရေး အခွန် (အိန္ဒိယ)
Instagram

အိန္ဒိယနိုင်ငံမှာ ညဘက် ရုပ်ရှင်ကြည်မယ်ဆို သိပ် စရိတ်ကြီးတယ်လို့ သိရပါတယ်။ ရုပ်ရှင်လက်မှတ်ဝယ်ရင် စပယ်ရှယ်အခွန်ဆောင်ရမယ်၊ ပြပွဲတွေ၊ ကုန်ပစ္စည်းမိတ်ဆက်ပွဲ၊ ကစားကွင်းတွေနဲ့ တခြား ပျော်ပွဲရွှင်ပွဲတွေမှာလည်း ထိုနည်း၎င်းပဲ ဖြစ်တယ်။ အပန်းဖြေတဲ့ ပုံပေါ်မူတည်ပြီး ၅ ရာခိုင်နှုန်းကနေ ၂၈ ရာခိုင်နှုန်းအထိ ပြည်နယ်တစ်ခုနဲ့ တစ်ခု ပေးဆောင်ရတာ ကွဲပြားတယ်လို့ သိရပါတယ်။

ဖဲချပ် အခွန် (အလာဘားမား, USA)
Instagram

အလာဘားမား ပြည်နယ်တစ်ခုမှာသာ ဖဲချပ်တွေဝယ်ရင် အခုလို အခွန်ပေးဆောင်ရပါတယ်။ ဖဲတစ်ထုပ်ဖို့ (၁၀) ပြား ပိုပေးရတယ်။ ရောင်းတဲ့သူဟာလည်း နှစ်စဉ် လိုင်စင်ကြေးအဖြစ် (၃) ဒေါ်လာ နဲ့ ရောင်းခွန် (၁) ဒေါ်လာကို ပေးရပါတယ်။ (၅၄) ချပ်ပဲ ၀ယ်ဝယ်၊ လျှော့ပြီးပဲ ၀ယ်ဝယ် ပေးကို ပေးရမယ့် အခွန်ဖြစ်ပါတယ်။

သရေစာ အခွန် (ဟန်ဂေရီ)
Instagram

ဟန်ဂေရီ နိုင်ငံမှာ ဆားနဲ့ သကြားပါဝင်မှု များပြီး ထုတ်ပိုးထားတဲ့ ဘယ်လို မုန့်ပဲသရေစာမျိုးမဆို အခွန်ပေးဆောင်ရပါတယ်။ အားဖြည့်အချိုရည်၊ ဆိုဒါ စတာ တွေတောင် ပါဝင်ပြီး (၂၀၁၁) ခုနှစ်ကတည်းက စခဲ့တယ်လို့ သိရတယ်။ ပြည်သူ့လူထု ကျန်းမာရေး ထုတ်ကုန် အခွန်အဖြစ် တရားဝင် ပြဌာန်းထားပြီး ၀ယ်တဲ့ အစားအသောက်တိုင်းအတွက် ပြား (၂၀) လောက် ပိုပေးရပါတယ်။

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ စားသောက်ကုန်တွေကို မြှင်တင်လိုတဲ့အတွက် အခုလို အခွန်စနစ်ကို ပြဌာန်းခဲ့ပြီး နိုင်ငံသားတွေကို ပိုကောင်းတဲ့ အစားအသောက် ရွေးချယ်မှုတွေ ပြုလုပ်နိုင်စေရန် အစိုးရက ရည်ရွယ်တယ်လို့သိရတယ်။ ဒါ အလုပ်ဖြစ်တယ်လို့ ပြောရလောက်အောင် ၅၉-၇၃ ရာခိုင်နှုန်းသော စားသုံးသူတွေဟာ သူတို့ရဲ့ အစားအသောက်ရွေးချယ်တဲ့ပုံစံတွေ ပြောင်းလဲလာပြီး အခွန်မြှင့်ထားတဲ့ ထုတ်ကုန်တွေကို ရှောင်ဖယ်လာကြတယ်လို့ သိရပါတယ်။

နေလောင်ခံ အခွန် (အမေရိကန်) 
Instagram

(၂၀၁၀) ခုနှစ်ကစပြီး အမေရိကန်နိုင်ငံမှာ အသားညိုချင်တဲ့ သူတိုင်း (၁၀) ရာခိုင်နှုန်း အပိုခွန်ပေးဆောင်ရတယ်လို့ သိရပါတယ်။ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်မှု လိုင်စင်တွေရှိတဲ့ ဘယ် ၀န်ဆောင်မှုပေးတဲ့ လုပ်ငန်းမဆို ဒီအခွန်ကို ပေးဆောင်နေရပါတယ်။ ဒီလို လုပ်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ အရေးပြာကင်ဆာဖြစ်ပွားမှုကို ထိန်းသိမ်နိုင်အောင်လို့ဆိုတာ သိရပါတယ်။

နေ အခွန် (Balearic ကျွန်းစု၊ စပိန်နိုင်ငံ)
Instagram

နှစ်စဉ် ကမ္ဘာလှည့် ခရီးသွား (၁၁) သန်းလောက် လာရောက်နေကြတဲ့အတွက် ကျွန်းပေါ်ရှိ သယံဇာတအပေါ် ဖိအားတွေ ရှိလာခဲ့ပါတယ်။ ဒါကြောင့် ခရီးသွားဧည့်သည် အခွန်အသစ် တစ်ခုဖြစ်တဲ့ နေ အခွန်ကို (၂၀၁၆) ခုနှစ်မှာ စတင် သတ်မှတ်လိုက်တယ်။

Majorca, Menorca, Ibiza နဲ့ Formentera စတဲ့ ကျွန်းတွေပေါ်က ခရီးသွားဧည့်သည့်တိုင်း တစ်ရက်ကို (၂) ဒေါ်လာကနေ (၄) ဒေါ်လာအထိ ပေးဆောင်ရပါတယ်။ ရလာတဲ့ ပိုက်ဆံတွေကိုလည်း ခရီးသွား ၀န်ဆောင်မှု မြှင့်တင်ရေးမှာ အသုံးချပြီး ကမ်းခြေနဲ့  ကျောက်ဆောင် ကျောက်တန်း နေရာတွေကို သန့်ရှင်းရေးလုပ်တာ၊ အမွေအနှစ်အဖြစ်ထားရှိတဲ့ နေရာတွေကို ထိန်းသိမ်းတာ၊ ဒေသတွင်း ဂေဟစနစ်တွေကို ပြုပြင်မွမ်းမံတာ စတဲ့ နေရာတွေမှ ပြန်လည် အသုံးပြုနေကြောင်း သိရပါတယ်။

READ
ဂျပန်နိုင်ငံကစတင်ခဲ့ပြီး ကမ္ဘာတစ်ခုလုံးအတိုင်အတာနဲ့ လက်ခံထားရှိတဲ့ အရာများ
အရိပ် အခွန် (အီတလီ)
Instagram

အီတလီနိုင်ငံ Veneto ဒေသရှိ Conegliano မြို့က စားသောက်ဆိုင်ပိုင်ရှင်တွေနဲ့ ဈေးဆိုင်ပိုင်ရှင်တွေဟာ သူတို့ရဲ့ အမိုးအကာ ပစ္စည်းတွေ၊ ဆိုင်းဘုတ် သင်္ကေတတွေ အများပြည်သူသွားလာရာ လမ်းပေါ် အရိပ်ကျတဲ့အတွက် နှစ်စဉ် ဒေါ်လာ (၁၀၀) အခွန်ပေးဆောင်ရပါတယ်။

ဒီ အရိပ်အခွန်ကို (၁၉၉၃) ခုနှစ်ကတည်းက ပြဌာန်းခဲ့ပြီး အီတလီတစ်နိုင်ငံလုံးမှာ ဒီ Conegliano မြို့ရဲ့ အာဏာပိုင်တွေသာ လက်ခံ ကျင့်သုံးခဲ့တာဖြစ်တယ်။ ဒါကြောင့် တစ်ချို့သော ဒေသတွင်း ဆိုင်ပိုင်ရှင်တွေက အခွန်မပေးချင်တဲ့အခါ သူတို့ အမိုးတွေ၊ ရွက်ဖျင်တဲတွေနဲ့ တခြားသော အရိပ်ကာပစ္စည်းတွေကို ရိုးရိုးလေးပဲ ဖြုတ်သိမ်းလိုက်ကြတယ်။

နွား ဓာတ်ငွေ့ အခွန် ( အက်စတိုးနီးယား)
Instagram

ကြားကြားချင်းတော့ နည်းနည်းလေး ကြောင်တောင်တောင်ဖြစ်သွားနိုင်တယ်။ ဒါပေမယ့် ဒီအခွန်က အက်စတိုးနီးယာနိုင်ငံမှာ တကယ်ကြီး ရှိတာပါ။ အစိုးရကတော့ လေထုညစ်ညမ်းမှုနဲ့ ဖန်လုံအိမ် အာနိသင် လျှော့ချနိုင်ဖို့အတွက် ရည်ရွယ်ခဲ့တယ်လို့ သိရတယ်။

နွားတစ်ကောင်က မြက်တွေကို ချေပျက်ပြီး အလေးစွန့်တဲအခါ ပျှမ်းမျှအားဖြင့် တစ်နေ့ကို မီသိန်းဓာတ် (၃၅၀) လီတာနဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ၁၅၀၀ လီတာလောက် ထွက်လေ့ရှိတယ်လို့သိရပါတယ်။ အဲ့ဒီ့ကတစ်ဆင့် လေထုထဲကို (၁၅) ရာခိုင်နှုန်းကနေ (၂၀) ရာခိုင်နှုန်းလောက်ထိ ပျံနှံ့နေတယ်လို့ မတူညီတဲ့ ခန့်မှန်းမှုတွေကနေ သိရပါတယ်။

နွားအကောင် (၃၀၀) နဲ့အထက် ခြံကြီးပိုင်ရှင်တွေဟာ အခွန် ဒေါ်လာ (၅၀၀၀) ထောင်ပေးဆောင်နေရပါတယ်။ လေထုညစ်ညမ်းစေတဲ့ တခြား သတ္တ၀ါတွေရှိတဲ့တိုင် ဒီအခွန်က နွားတွေမှာသာ သီသန့်သတ်မှတ်ထားတဲ့ အခွန်ဖြစ်နေတာကို ထူးခြားစွာတွေ့ရှိရပါတယ်။

တက်တူးနဲ့ ခန္ဓာကိုယ် အပေါက်ဖောက်ခြင်း အခွန် (အာကန်ဆက် USA)
Instagram

ခန္ဓာကိုယ်ပေါ်မှာ တက်တူးထိုးတာ၊ အပေါက်ဖောက်တာတွေဟာ အမေရိကန်နိုင်ငံမှာ သိပ်ခေတ်စားပါတယ်။ အသက် (၁၈) နှစ်နဲ့ (၂၉) နှစ် ကြား (၃၆) ရာခိုင်နှုန်းသော နိုင်ငံသားတွေမှာ အနည်းဆုံး တက်တူး တစ်ခုရှိနေပါတယ်။ ဒါကြောင့် အစိုးရက ပရော်ဖက်ရှင်နယ် မဆန်တဲ့ တက်တူးဆရာတွေဆီ သွားရောက် အပ်နှံခြင်း၊ မလိုလာ မတောင့်တတဲ့ အရည်ပြားရောဂါတွေနဲ့ HIV ကူးစက်ပြန့်ပွားမှုမှ ကာကွယ်လိုခြင်းကြောင်း အခုလို ထုတ်ပြန်ထားတာဖြစ်ကြောင်း သိရတယ်။

ဒီ ပေါ်လစီကို (၂၀၀၅) ခုနှစ်ကတည်းက ပြင်ဆင်ချမှတ်ခဲ့ပြီး ဘယ်လို အလှအပရေးရာ ၀န်ဆောင်မှုတိုင်းအတွက်မဆို (၆) ရာခိုင်နှုန်း အခွန်ကို ပေးဆောင်ရပါတယ်။ မွေးညှင်ဖယ်တဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေမှာတောင် ဒီအခွန်ကို ပေးဆောင်ရပါတယ်။

Ref: Brightside

Matthew (ShweMOM)

 

 

SHARE