တစ်သက်တာမှာ တစ်ကြိမ်လောက်တော့ ကြုံဖူးသင့်တဲ့ ထူးထူးဆန်းဆန်း ပွဲတော်များ

ပွဲသဘင်အခမ်းအနားတွေဟာ လူတွေအဖို့ မွန်းကြပ်လှတဲ့ နေ့စဉ်ဘ၀ကနေ ခေတ္တခဏလွတ်မြောက်ခွင့်ရတဲ့ ထွက်ပေါက်လေးတွေပါ။ ကမ္ဘာတစ်ဝှမ်းမှာ ယဉ်ကျေးမှုအလိုက် ထူးထူးခြားခြား ပွဲတော်လေးတွေ ရှိကြပါတယ်။ အချို့ပွဲတော်တွေက တည်တည်တံ့တံ့နဲ့ ကျင်းပရတဲ့ ပွဲတော်တွေဖြစ်ပြီး အချို့ပွဲတော်တွေကတော့ မျက်စိနောက်စရာ ညစ်ပတ်ပေလူးနေအောင် ဆော့ကစားရတဲ့ ပွဲတော်တွေလည်း ရှိပါတယ်။ အောက်ဘက်မှာတော့ ပျော်စရာလည်းကောင်း၊ ရယ်ရွှင်စရာလည်း ကောင်းတဲ့ ကမ္ဘာ့အရပ်ဒေသအသီးသီးက ပွဲတော်တွေကို ဖော်ပြပေးလိုက်ပါတယ်။

Golden Retriever Festival, Scotland

flickr

ခွေးချစ်သူတွေအတွက်တော့ လက်မလွတ်သင့်တဲ့ ပွဲတော်လေးတစ်ခုပါ။ မနှစ်ကတော့ ပွဲတော်ထဲကို ခွေးကောင်ရေ (၃၆၁) ကောင် လာရောက်ခဲ့ပါတယ်။ ပွဲတော်မှာတော့ Golden Retriever လေးတွေကို ဆိုက်စုံဂိုက်စုံ တွေ့ရမှာ ဖြစ်ပါတယ်။

Monkey Buffet Festival, Thailand

instagram

ထိုင်းနိုင်ငံသူ နိုင်ငံသားတွေက မျောက်တွေကို လာဘ်ကောင်တွေအဖြစ် ယုံကြည်ကြပါတယ်။ ဒါကြောင့် သူတို့အတွက် နှစ်တိုင်း ပါတီပေးလေ့ရှိပါတယ်။ ထိုင်းအခေါ်ဆို မျောက်ဘူဖေးပါတီလို့ ပြောလို့ရမယ်ထင်ပါတယ်။ ပွဲတော်မှာတော့ မျောက်တွေ စိတ်ကြိုက်စားနိုင်အောင် အလေးချိန် ပေါင် (၄,၅၀၀) လောက် ပမာဏရှိတဲ့ အသီးအမျိုးမျိုးနဲ့ မုန့်အချို အမျိုးမျိုးကို ခင်းကျင်းထားပါတယ်။

READ
ကမ္ဘာတစ်ဝှမ်းမှ ရင်သပ်ရှုမောဖွယ် အလှပဆုံး မီးပြတိုက်များ

International Pillow Fight Day, Europe/USA

© daniele_mi / Instagram © jasminshandarbeiten / Instagram

အပြည်ပြည်ဆိုင်ရာ ခေါင်းအုံးတိုက်ပွဲနေ့ကိုတော့ တစ်ကမ္ဘာလုံးမှာ တစ်နေ့တာသာ ကျင်းပပါတယ်။ ပွဲတော်မှာတော့ လူတွေဟာ စုရုံးပြီး တစ်ယောက်နဲ့ တစ်ယောက် ခေါင်းအုံးတွေနဲ့ ရိုက်ကြ ခတ်ကြတာ ဖြစ်ပါတယ်။

Els Enfarinats, Spain

© ad_nl / Instagram © ukraine_ethno_dance_federation / Instagram

ဒီပွဲတော်ကတော့ အုပ်စုနှစ်စုပါဝင်တဲ့ တိုက်ပွဲပုံစံပါ။ ပထမအုပ်စုကတော့ အိမ်ထောင်သည် (Els Enfarinats) အမျိုးသားအုပ်စုဖြစ်ပါတယ်။ ဒီအုပ်စုဟာ ရပ်ကွက်ထဲမှာ အာဏာရှိတဲ့လူတွေဖြစ်ပြီး ထူးထူးဆန်းဆန်း ဥပဒေတွေကို ပြဌာန်းနိုင်သူတွေပါ။ သူတို့ဟာ သူတို့သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း မလိုက်နာသူတွေကို ရှာဖွေပြီး ဒဏ်ကြေးကောက်လေ့ ရှိပါတယ်။ နောက်အုပ်စုကတော့ လူငယ်အုပ်စု  (La Oposicio) တွေဖြစ်ပြီး ပထမအုပ်စုက သူတို့ကို လာဖမ်းရင် ပြန်တိုက်ခိုက်ရတာပါ။ ပွဲတော်တွင်း စည်းကမ်းမလိုက်နာသူတွေကို ဖမ်းပြီး ကောက်ခံရရှိတဲ့ ငွေကြေးတွေကိုတော့ လူမှုရေးအဖွဲ့အစည်းတွေမှာ အကုန်လှူဒါန်းလေ့ ရှိပါတယ်။

READ
သင် လည်ပတ်ချင်စိတ်တွေပေါ်ပေါက်လာစေမယ့် ထူးခြားဆန်းပြားတဲ့ ဟိုတယ်များ

Water Gun Festival, South Korea

instagram

တောင်ကိုရီးယားက ရေသေနတ်ပွဲတော်ပါ။ ပွဲတော်မှာတော့ တစ်ယောက်နဲ့ တစ်ယောက် ရေသေနတ်တွေနဲ့ ပစ်ခတ်ကစားကြတာကြောင့် ကလေးဘ၀ကို ပြန်ရောက်သွားသလို ခံစားပျော်ရွှင်ရမှာပါ။

Cooper’s Hill Cheese Rolling and Wake, England

instagram

ဒီပွဲတော်ကတော့ ချိစ်ဘီးလုံးကြီးကို နောက်ကနေ လိုက်ဖမ်းကြတဲ့ ပွဲတော်ဖြစ်ပါတယ်။ ဒါပေမယ့် အန္တရာယ်တော့ များပါတယ်။ ဘာကြောင့်လည်းဆိုတော့ ပွဲတော်မှာ အနိုင်ရဖို့အရေး လူတွေက သူ့ထက်ငါ ချိစ်ဘီးကြီးရအောင် တွန်းတိုက်ပြေးလွှားရတာကြောင့် ဖြစ်ပါတယ်။ ချိစ်ဘီးလုံးကြီးကလည်း တစ်နာရီအတွင်းမှာ မိုင်(၇၀) နီးနီး ပြေးနိုင်ပါတယ်တဲ့။

လင်းလင်း (ShweMom)

Ref: Brightside

SHARE