ရေစီးကြောင်းထဲ မျောနေသူကို ဖြတ်ထိုးဥာဏ်သုံးပြီး ကယ်တင်နိုင်ခဲ့တဲ့ ရဲအရာရှိ

Youtube-VIDEO: Off-duty officer rescues California hiker trapped in whirlpool

ရဲအရာရှိတစ်ယောက်ဟာ သူ့ရဲ့တာဝန်ချိန်မှာပဲဖြစ်ဖြစ် ဒါမှမဟုတ် တာဝန်ချိန်ပြင်ပမှာပဲဖြစ်ဖြစ် သူထမ်းဆောင်ရမယ့် တာဝန်ကို အမြဲကျေပွန်အောင် ထမ်းဆောင်ပေးပါတယ်။ ပြည်သူတစ်ယောက်အခက်အခဲတွေ့လာရင်လည်း ဘယ်အချိန်ဘယ်နေရာမှာပဲဖြစ်ဖြစ် သူလုပ်စရာရှိတာကို အကောင်းဆုံးလုပ်ပေးလေ့ရှိပါတယ်။ အခုလည်း အမေရိကန်နိုင်ငံက ရဲအရာရှိတစ်ယောက်ဟာ သူ့သူငယ်ချင်းတွေနဲ့ Bass Lake ရေကန်ကိုသွားနေတုန်း တောင်တက်သမားတစ်ယောက်ဟာ တောင်ပေါ်ကနေခြေချော်ကျပြီး ရေစီးနဲ့အတူတူမျောပါလာတာကို အချိန်မှီ ကယ်ဆယ်ပေးနိုင်ခဲ့ကြောင်း CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Youtube-VIDEO: Off-duty officer rescues California hiker trapped in whirlpool

လွန်ခဲ့တဲ့ စနေနေ့(၉.၅.၂၀၂၀)တုန်းက အမေရိကန်နိုင်ငံ၊ California ပြည်နယ်၊ Madera County မြို့ရှိ Bass Lake ရေကန်ကို ရဲအရာရှိ Brent Donley နဲ့ သူ့သူငယ်ချင်းတစ်သိုက်ဟာ အားလပ်ရက်ခရီးထွက်လာကြပါတယ်။ Bass Lake ရေကန်အနီးက ရေတံခွန်နားမှာ လမ်းလျှောက်နေတုန်း Brent ဟာ ရေတံခွန်ထဲကနေ လူတစ်ယောက်ရဲ့ အော်ဟစ်သံကို ကြားလိုက်ရပါတယ်။ ရေတံခွန်အနီးအနားကို လိုက်ရှိာလိုက်တဲ့အချိန်မှာ ရေထဲမှာ လူတစ်ယောက် မြုပ်ချည်ပေါ်ချည်ဖြစ်နေတာကို Brent တစ်ယောက် တွေ့လိုက်ရပါတယ်။

READ
ဘင်လာဒင်ရဲ့မြေးငယ်တစ်ဦး အာဖဂန်နယ်စပ် လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးခဲ့

ဒီလိုနဲ့ Brent ဟာ အဲဒီသူနဲ့ အနီးဆုံးကို နေရာကို ရောက်အောင်သွားပြီး ရေထဆြင်းကယ်ဖို့ လုပ်ခဲ့ပေမယ့် ရေစီးကြောင်းဟာတစ်စက္ကန့်ကို ပေ ၅၀ မှ ၈၀ အထိစီးဆင်းပြီး ရေစီဒကြမ်းနေတာကြောင့် ဆင်းကယ်ဖို့ မဖြစ်နိုင်ခဲ့ပါဘူး။ နောက်ဆုံးမှာတော့ Brent ဟာ အိတ်ထဲမှာ ပါလာတဲ့ ကြိုးခွေကို အနီးအနားမှာရှိတဲ့ သစ်ကိုင်းခြောက်တစ်ခုနဲ့ချည်ပြီး ရေထဲက အမျိုးသားကို ပစ်ပေးခဲ့ပါတယ်။ နောက်ဆုံးမှတြော့ အဆိုပါအမျိုးသားဟာ Brent ပစ်ပေးလိုက်တဲ့ သစ်ကိုင်းခြောက်ကို ဆွဲပြီး Brent တို့ဆီ တဖြည်းဖြည်းနဲ့ ကူးခပ်လာပါတယ်။ Brent တို့ သူငယ်ချင်းတစ်သိုက်လည်း ကုန်းပေါ်ကနေ ကြိုးကို အားသွန်ခွန်စိုက်ဆွဲနေပြီး မကြာခင်အချိန်မှာပဲ အဆိုပါအမျိုးသားကို ကယ်တင်နိုင်ခဲ့ပါတယ်။

Youtube-VIDEO: Off-duty officer rescues California hiker trapped in whirlpool

“ ကျွန်တော် အသံကြားလိုက်မိတာ တော်တော်ကံကောင်းတယ်။ ရုတ်တရက်ဆို ရေစီးတဲ့အသံတွေနဲ့ ဘာမှမကြားနိုင်လောက်ဘူး။ ကံကောင်းတာက ကျွန်တော့် အိတ်ထဲမှာလည်း ကြိုးခွေတစ်ခွေက အဆင်သင့်ပါလာတာပဲ” လို့ Brent က ပြောကြားခဲ့ပါတယ်။

READ
မင်္ဂလာဆောင်မှာ ကျိန်စာတိုက်ခဲ့တဲ့ဖခင်ကြောင့် ဒေါသထွက်ခဲ့ရတဲ့သတို့သား

Pyi Hein Kyaw

SHARE