Hyderabad မြို့ကလမ်းပြပုလိပ်တစ်ဦးဟာ သူ့ရဲ့ကိုယ်ကျိုးစွန့်လုပ်ရပ်ကြောင့် ဆိုရှယ်မီဒီယာတစ်ခွင်မှာ ချီးမွမ်းခံနေရကြောင်း storypick သတင်းစာမျက်နှာအရ သိရပါတယ်။ အဆိုပါ လမ်းပြပုလိပ်ဟာ အသက် ၃၈ နှစ်ရှိပါပြီ။ G Babji အမည်ရပါတယ်။ သူဟာ အရေးပေါ်လူနာတင်ယာဉ်တစ်စီးအတွက် GPO junction ကနေ Koti ဆီကို ၂ ကီလိုမီတာလောက်ပြေးပြီး ယာဉ်ကြောတွေရှင်းကာ လမ်းရှင်းပေးခဲ့တာ ဖြစ်ပါတယ်။
HTP officer Babji of Abids Traffic PS clearing the way for ambulance..Well done..HTP in the service of citizens..👍👍@HYDTP pic.twitter.com/vFynLl7VVK
— Anil Kumar IPS (@AddlCPTrHyd) November 4, 2020
အရေးပေါ်ယာဉ်ထဲက လူနာ အမြန်ဆုံးဆေးရုံရောက်ဖို့အရေး စွမ်းစွမ်းတမံကြိုးစားအားထုတ်ခဲ့တဲ့ သူ့ကိုတော့ Hyderabad ရဲစခန်းက နိုဝင်ဘာ၅ရက်နေ့မှာပဲ ဂုဏ်ပြုဆုချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ G Babji ဟာ အလုပ်အပေါ်ကို စိတ်မြှုပ်နှံထားသူဖြစ်တဲ့အပြင် သူ့ရဲ့လုပ်ရပ်က လေးစားစရာကောင်းပြီး ချီးကျူးဖွယ်ရာဖြစ်ကြောင်း၊ အဖိုးတန်တဲ့လူ့အသက်တစ်ချောင်းကိုကယ်တင်ပေးခဲ့ကြောင်းနဲ့ သူ့အတွက် Hyderabad ရဲစခန်းက ဂုဏ်ယူရကြောင်း ပြောပြခဲ့ကြတာပါ။
#HYDTPinfo
Sri. Anil Kumar, IPS., @AddlCPTrHyd felicitated Sri. G. Babji of Abids Tr PS for his applaudable job in clearing traffic for ambulance.
Sri. L.S.Chowhan, IPS., @DCPTraffic1Hyd Sri. V.V.S. Ramalingaraju, @acp_trf4 and @insptr_abids were also present. pic.twitter.com/2mLf9sG0zW— Hyderabad Traffic Police (@HYDTP) November 5, 2020
.@HYDTraffic constable G Babji who won hearts after running almost two km to clear a traffic jam for an ambulance
has been awarded by @hydcitypolice @CPHydCity for his wonderful gesture to help an unknown patient!#Hyderabad #Trafficop #Telangana #HyderabadTraffic @AddlCPTrHyd pic.twitter.com/mC566D8YKx— Anusha Puppala (@anusha_puppala) November 5, 2020
G Babji ရဲ့ ၇နှစ်အရွယ်သမီးကလေး Sharanya ကတော့ အိမ်မှာ သူ့အဖေကိုဂုဏ်ပြုကြိုဆိုဖို့စောင့်နေခဲ့ပါတယ်။ ဖခင်ဖြစ်သူက ည၁၀နာရီမှ တာဝန်ချိန်ပြီးဆုံးမှာမို့ Sharanya က မအိပ်ဘဲ ဆုရပြီးပြန်လာတဲ့ဖခင်ကို ပွေ့ဖက်ကြိုဆိုဖို့စောင့်နေတာပါ။
Babji ကတော့ “ကျွန်တော့် သမီးလေးရယ်၊ ဇနီးရယ်နဲ့ အိမ်နီးချင်းတွေက ကျွန်တော့်ကိုကြိုဆိုဖို့စောင့်နေကြတာမြင်ရတော့ အရမ်းဝမ်းသာသွားတယ်။ အွန်လိုင်းမှာ ကျွန်တော့်အကြောင်း ဗီဒီယိုတွေပြန့်နေတော့ သူတို့သိသွားတာပါ။ ကျွန်တော့်သမီးက ကျွန်တော့်ကို ဂုဏ်ပြုတဲ့စာတိုလေးရေးထားတယ်။ သမီးဆီက စာကိုဖတ်ရတော့အရမ်းပီတိဖြစ်မိတယ်။ ဒီအချိန်လေးကို တစ်သက်လုံးမေ့နိုင်တော့မှာမဟုတ်ဘူး။ ကျွန်တော့်အိမ်နီးချင်းတွေကလည်း ကျွန်တော့်ကိုဖတ်ပြီးဂုဏ်ပြုကြတယ်။”
Hyderabad Police constable #GBabji who ran for 2 kms to make way for an ambulance was felicitated by @hydcitypolice
His 7 year old daughter waited for him till 11 pm to hug him & congratulate him with this!
Can any thing be more beautiful than this?😊
PC: Newsmeter pic.twitter.com/RoFXAvNe9Z— Priyanka Shukla (@PriyankaJShukla) November 6, 2020
“ကျွန်တော် သိပ်ကျေနပ်မိတယ်။ အကျေနပ်ဆုံးကတော့ အရေးပေါ်ကားပေါ်မှာပါလာတဲ့ လူနာရဲ့ဇနီးက ကျွန်တော့်ကိုဆက်သွယ်တယ်။ သူ့အမျိုးသားက အသက်အန္တရာယ်လွတ်သွားပါပြီတဲ့။ ကျွန်တော်ကူညီပေးလိုက်လို့ သူများအဆင်ပြေသွားတာ တကယ်ဝမ်းသာမိတယ်။ ကျွန်တော်က ဒီအကြောင်းကို မိသားစုကလွဲလို့ ဘယ်သူမှမပြောပြခဲ့ပါဘူး။ ဒါပေမဲ့ ဆေးရုံကားပေါ်လိုက်လာတဲ့လူတစ်ယောက်က ကျွန်တော့်ကိုဗီဒီယိုရိုက်ပြီး အွန်လိုင်းပေါ်တင်ခဲ့ရာကနေ လူတွေသိသွားတာပါ။” လို့လည်း ပြောပြခဲ့ပါသေးတယ်။
ShweMom