Greta Thunberg ပုံတွေနဲ့ ပလတ်စတစ်သုံးသူတွေကို ဟာသလုပ်နေတဲ့ ရုံးခန်းများ

Facebook-Eco Witch

Greta Thunberg ဟာ အသက် ၁၆ နှစ်အရွယ်သာရှိတဲ့ ပတ်ဝန်းကျင်ဆိုင်ရာတက်ကြွလှုပ်ရှားမှုမှာ တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ ဦးဆောင်ဦးရွက်ပြုနေခဲ့တဲ့ ဆွီဒင်ကျောင်းသူချာတိတ်မလေးတစ်ယောက်ဖြစ်ပါတယ်။ တစ်နှစ်တုန်းကတော့ Greta Thunberg ဟာ အခုလိုကမ္ဘာကျော်လာဖို့မပြောနဲ့ သူနေတဲ့မြို့မှာတောင် လူတိုင်းနီးပါး သူမကိုမသိခဲ့ကြပါဘူး။ သာမန်သူလိုကိုယ်လို အလယ်တန်းကျောင်းသူလေးတစ်ယောက်ပေါ့။

၂၀၁၈ ခုနှစ်တုန်းကဆိုရင် Greta Thunberg ဟာ အက် ၁၅ နှစ်သာသာပဲရှိဦးမှာပါ။ အဲဒီအရွယ်ကတည်းက သူမဟာ သောကြာနေ့တိုင်း ကျောင်းမတက်ဘဲ ဆွီဒင်လွှတ်တော်ရှေ့ ကွင်းပြင်မှာ တစ်ကိုယ်တည်းငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ပါတယ်။ အဲဒီကနေမှတစ်ဆင့် သူမနေထိုင်ရာမြို့မှ ကျောင်းတွေ၊ နောက် တခြားနိုင်ငံတွေကကျောင်းတွေအထိ ကျောင်းမတက်ဘဲ ဆန္ဒပြတဲ့အလေ့အထလေးဟာ ပျံ့နှံ့သွားရင်း Greta Thunberg ဆိုတာဟာလည်း Fridays for Future လှုပ်ရှားမှုရဲ့ခေါင်းဆောင်၊ လက်တလော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေထဲ လှုပ်ရှားမှုအစိတ်ဆုံးအဖြစ် အသိအမှတ်ပြုခံရရင်း ကမ္ဘာကျော်လာခဲ့ပါတော့တယ်။

Facebook-Eco Witch
Facebook-Eco Witch

ဒီအပြင် Time မဂ္ဂဇင်းမှ ၂၀၁၉ ခုနှစ်အတွက်ရွေးချယ်ထားတဲ့ Person of the Year ဆုကို ရရှိခဲ့တဲ့သူပါ။ ဒီဂုဏ်ပုဒ်ရဲ့သက်တမ်းတစ်လျှောက်မှာတော့ Greta အနေနဲ့ အသက်အငယ်ဆုံး Time ရဲ့ Person of the Year အဖြစ်ရွေးချယ်ခံခဲ့ရသူ ဖြစ်သွားခဲ့ပါပြီ။

READ
ဆိုရှယ်မီဒီယာပေါ်က မိန်းကလေးတွေရဲ့ သဘာဝကို ဖော်ပြနေတဲ့ ပုံလေးများ

ဆိုလိုတာ လက်ရှိအချိန်မှာတော့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းမှုဆိုရင် Greta Thunberg နဲ့ တစ်ခါတည်းတွဲမြင်မိမှာအသေအချာပါပဲ။ UN အစီးအဝေးပွဲတွေမှာလည်း သူမဟာ နိုင်ငံကြီးတွေကိုတောင်မှပဲ ပြတ်ပြတ်သားသား ရဲရဲဝံ့ဝံ့နဲ့ကြိမ်းမောင်းပြောဆိုခဲ့တယ်မဟုတ်လား။ သူမရဲ့လက်စွဲတော်စကားတစ်ခွန်းကတော့ မိန့်ခွန်းတိုင်းလိုလိုမှာ ပြောခဲ့တဲ့ “How Dare You?!” ဆိုတဲ့ စကားတစ်ခွန်းပါ။

အခုဆိုရင် ရုံးခန်းတွေကတောင် သူမရဲ့ပုံတွေ၊ မိန့်ခွန်းပါစကားတွေကို ဝန်ထမ်းတွေ ပလတ်စတစ်သုံးမှုမှ လျှော့သုံးဖို့အတွက် သတိပေးစာတွေအဖြစ် အသုံးပြုနေကြပါပြီ။ ဥပမာပြောရရင် ပလတ်စတစ်ခွက်တို့၊ ပလတ်စတစ်ဇွန်းတို့စတဲ့ တစ်ခါသုံးပလတ်စတစ်ပစ္စည်းတွေ ထားပေးတဲ့နေရာမျိုးတွေမှာ Greta Thunberg ရဲ့ပုံလေးတွေကို သတိပေးတဲ့အနေနဲ့ ကပ်ကပ်ထားခဲ့တာပါ။

Eco Witch is joining the trend of placing Greta next to the plastic cups bulk in your office / gym / class!Also, I've…

Posted by Eco Witch on Saturday, November 2, 2019

ဒီဓလေ့ဟာ အစ္စရေးရုံးခန်းတွေမှာ တော်တော်လေး ခေတ်စားနေတယ်ဆိုပြီး Twitter နဲ့ Facebook post တွေအရ သိခဲ့ရပါတယ်။ ဒီလိုလုပ်တာကို “Greta Shaming” ဂရီတာကဲ့ရဲ့မယ့်လုပ်ရပ်ဆိုပြီး နာမည်ပေးထားခဲ့ပါတယ်။ အစ္စရေးနိုင်ငံတချို့မှာတော့ တစ်ခါသုံးပလတ်စတစ်တွေကို ရောင်းချမှုအတွက် တချို့သော ဆိုင်တွေမှာ ပိတ်သိမ်းလိုက်ပြီဖြစ်ပြီး ပလတ်စတစ်လျှော့ချမှုအတွက် အခုကတည်းက လုပ်ဆောင်နေပြီပဲဖြစ်ပါတယ်။

READ
ပြောင်မြောက်လွန်းတဲ့ ဓာတ်ပုံတွေရဲ့ လျို့ဝှက်ချက်ကို ပိုင်ပိုင်နိုင်နိုင် သိသွားတဲ့အခါ...
[email protected]
[email protected]
[email protected]

ပလတ်စတစ်တင်မကဘဲ သစ်ပင်တွေမှ ထုတ်ထားတဲ့ စက္ကူတွေကိုလည်း ရုံးတွေဟာ အဖြုန်းဆုံးပါပဲ။ ဒါကြောင့် Gerta ရဲ့ ပုံလေးတွေဟာ printer စက်နားမှာ၊ နောက်ဆုံး ဓာတ်လှေကားအစား ကျန်းမာရေးနဲ့ညီညွတ်ပြီး စွမ်းအားခြွေတာရာရောက်တဲ့ လှေကားတက်ပါတို့အထိ ပါပဲ။ စိတ်ကူးလေးကတော့ အကောင်းသားပဲ။

[email protected]
[email protected]
[email protected]

Penny

 

SHARE