တာဝန်နဲ့အရာရှိခွေးလေးတွေအတွက် ကျည်ကာအင်္ကျီအလှူခံပေးနေသူလေး

K9 Bulletproof Vest/GoFundMe

ဘယ်နိုင်ငံမှာမဆို ရဲတပ်ဖွဲ့တွေ၊ တပ်တွေမှာ တောဝန်ထမ်းဆောင်နေကြရတဲ့ ခွေးလေးတွေဟာ လူတွေလိုမျိုး အကောင်တိုင်း ကြည်ကာအင်္ကျီမရကြပါဘူး။ ဒီအချက်ဟာ လူကြီးတွေအတွက်တော့ သိပ်ပြီး အဆန်းတကျယ်မဟုတ်ကြပေမယ့် ၉ နှစ်အရွယ် ကလေးလေးတစ်ယောက်အတွက်တော့ စိတ်ထဲဘဝင်မကျမှုတွေနဲ့ တာဝန်ထမ်းဆောင်နေတဲ့ ခွေးလေးတိုင်းကို ကျည်ကာအင်္ကျီတစ်ကောင်တစ်ခုဆီ ရစေချင်နေခဲ့ပါတယ်။

K9 Bulletproof Vest/GoFundMe

Brady Snakovsky ဆိုတဲ့ ကလေးလေးဟာ “Live PD” ဆိုတဲ့ ရဲဇာတ်လမ်းတွဲရုပ်သံရှိုးကို သိပ်ကြိုက်လွန်းလို့ အမြဲတမ်းလိုလို စောင့်ကြည့်နေတဲ့ သူလေးပါ။ တစ်ရက်တော့ Brady ကနေ လူတွေမှာ ကျည်ကာကိုယ်စီနဲ့ပေမယ့် K-9 ခွေးလေးတွေမှာကျတော့ ဘာလို့ကျည်ကာမဝတ်ထားတာလဲလို့ အမေဖြစ်သူကို မေးခဲ့ပါတယ်။ နိုင်ငံတိုင်းရဲ့လုပ်ရိုးလုပ်ထုံးဖြစ်ပြီး ခွေးလေးအားလုံး ကျည်ကာအလုံအလောက်မပေးနိုင်တဲ့အတွက် ဒီလိုပဲလို့ မိခင်ကဖြေတဲ့အဖြေဟာ Brady ကို ဘဝင်မကျစေခဲ့ပါဘူး။

K9 Bulletproof Vest/GoFundMe

ဘဝင်မကျတဲ့အပြင်ကိုမှ လူတွေလို သက်ရှိသတ္တဝါဖြစ်ပြီး နိုင်ငံ့တာဝန်ထမ်းဆောင်နေတဲ့အတွက် လူတွေနဲ့ K-9 အရာရှိလေးတွေနဲ့ ကာကွယ်ရေးအခွင့်အရေး အပြည့်အဝရသင့်တယ်လို့ Brady ယူဆတဲ့အတွက် မိခင်ကို သားတို့ကိုယ်တိုင် ဝယ်ပေးမယ်လေလို့ ကလေးအတွေးလေးနဲ့ ပြန်ပြောခဲ့ပါတယ်။ ဒါပေမဲ့လည်း ကျည်ကာအင်္ကျီတစ်ထည်ကို ဒေါ်လာ ၁၀၀၀ ကျော်ကျသင့်တဲ့အတွက် မတတ်နိုင်ကြောင်း မိခင်က သေသေချာချာရှင်းပြခဲ့ပြီး ဝယ်ပေးချင်ရင်တော့ ပိုက်ဆံရှာ၊ စုပြီး သွားလှူလို့ရတယ်လို့ အကြံပေးခဲ့ပါတယ်။

READ
(၂၂.၉.၁၈) မှ (၂၈.၉.၁၈)အတွင်း လူစိတ်ဝင်စားမှုအများဆုံး သတင်း (၅)ပုဒ်
K9 Bulletproof Vest/GoFundMe

အဲဒီအချိန်ကစပြီး Brady ဟာ တွေ့သမျှလူကြီးတိုင်းကို K-9 အရာရှိလေးတွေအတွက် ကျည်ကာလိုအပ်ကြောင်း အကျယ်တဝံ့တွေရှင်းပြပြီး အလှူခံတတ်သလို အိမ်နီးနားချင်းတွေဆီကိုလည်း တစ်အိမ်တက်တစ်အိမ်ဆင်း တံခါးလိုက်ခေါက်ပြီး အလှူခံကာ ကျောင်းအားလပ်ရက်တွေမှာလည်း ချိုချဉ်လေးတွေ လိုက်ရောင်းပြီး ပိုက်ဆံစုခဲ့ပါတယ်။ လအနည်းငယ်အကြာမှာတော့ သူ့စွမ်းသလောက်လေးနဲ့ ရှာထားတဲ့ ပိုက်ဆံတွေဟာ မလုံလောက်ဘူးဆိုတာ Brady သိလာခဲ့ပါတယ်။

K9 Bulletproof Vest/GoFundMe

မိခင်ကို ဒီကိစ္စနဲ့ပတ်သက်ပြီး ရင်ဖွင့်တဲ့အခါမှာတော့ သားဖြစ်သူရဲ့ စိတ်အားထက်သန်တဲ့ ချစ်စရာစိတ်ထားလေးကို အံ့သြသွားခဲ့ပြီး GoFundMe ဆိုတဲ့ အလှူခံ website မှာ အလှူခံဖို့စီစဉ်ပေးခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်ကတည်းကစတင်ခဲ့တာဖြစ်ပြီး အခုအထိလည်း အလှူခံနေတုန်းပါပဲ။ လက်ရှိမှာတော့ GoFundMe page အရ Brady လေးရဲ့ အလှူခံပုံးထဲမှာ ဒေါ်လာ ၇၇,၀၁၃ ရှိနေပြီဖြစ်ပါယတယ်။ ဒီပိုက်ဆံတွေနဲ့ ပြည်နယ် ၁၂ ခုက K-9 ခွေးလေးပေါင်း ၈၅ ကောင်တို့ကို ကျည်ကာအင်္ကျီလေးတွေ အပိုင်ဝယ်ပေးပြီးဖြစ်ပြီး Brady ဆီမှာ နောက်ထပ် ၅၈ ကောင်ဟာ အလှူခံထားရင်း အလှည့်ကျဖို့ကို စောင့်နေခဲ့ကြပါတယ်။

READ
ကမ္ဘာ့အရက်စက်ဆုံး ဇနီးမယားတွေအဖြစ် သတ်မှတ်ခံထားရတဲ့ အမျိုးသမီး(၅)ယောက်
K9 Bulletproof Vest/GoFundMe
K9 Bulletproof Vest/GoFundMe
K9 Bulletproof Vest/GoFundMe
K9 Bulletproof Vest/GoFundMe

အရွယ်နဲ့မလိုက်အောင် တကယ်လိုအပ်တဲ့ နေရာတွေမှာ အကူအညီပေးချင်တဲ့ Brady လေးရဲ့ စိတ်ထားလေးနဲ့ လုပ်ရပ်လေးဟာ K-9 အရာရှိလေးတွေဖို့ အရင်လို ကျည်ကာအင်္ကျီကို အလှည့်ကျဝတ်စရာမလိုတော့ဘဲ တာဝန်ထမ်းဆောင်နေတုန်း အမြဲတမ်းဝတ်ထားလို့ ရတော့မှာပဲဖြစ်ပါတယ်။ ဒီလိုအလှူလေးအထမြောက်ဖိွုှ့တွက် Brady လေးက အဓိကဖြစ်ပေမယ့်လည်း Brady ရဲ့ ကလေးစိတ်ကူးလေးကို လျစ်လျူရှုမထားဘဲ တတ်စွမ်းသမျှ ပုံပေါ်စေဖို့ ထောက်ပံ့ပေးခဲ့တဲ့ Brady မိခင်ဟာလည်း သိပ်ကို ဂုဏ်ယူစရာကောင်းပါတယ်။ ဒီအပြင် နိုင်ငံတကာက အလှူရှင်တွေဟာလည်း သိပ်ကို ဂုဏ်ယူဖို့ ကောင်းလှပါတယ်။ အသေးစိတ်နဲ့ လှုပ်ရှားပုံတွေကို https://www.bradysk9fund.com/ မှာ ဝင်ရောက်ကြည့်ရှုနိုင်ပြီး လှူချင်တယ်ဆိုရင်တော့ https://www.gofundme.com/bradyk9vest မှာ ဝင်ရောက်လှူဒါန်းလို့ရပါတယ်။

K9 Bulletproof Vest/GoFundMe
K9 Bulletproof Vest/GoFundMe

Penny

SHARE