စည်းကမ်းမလိုက်နာတဲ့ မင်္ဂလာပွဲတက်ပရိတ်သတ်တွေကြောင့် ဒုက္ခရောက်ခဲ့ရသူများ

YouTube- WLWT

လက်တလောဖြစ်ပွားနေတဲ့ ကပ်ရောဂါဘေးကြောင့် လူတိုင်းမဖြစ်မနေ လိုက်နာရမယ့် အခြေခံအချက် (၃) ချက်ပဲရှိပါတယ်။ လူစုလူဝေးကိုတတ်နိုင်သလောက်ရှောင်ရှားတာ၊ အပြင်သွားတိုင်း mask တပ်တာနဲ့ လက်ကိုခဏတိုင်း ဆပ်ပြာနဲ့ စက္ကန့် ၂၀ ကျော်ကြာအောင် ဆေးတာတို့ပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း ပွဲလမ်းသဘင်တွေ၊ ဈေးဝယ်စင်တာတွေ စတဲ့ လူများစေမယ့်နေရာတွေကို ပိတ်ထားခဲ့ကြတာပါ။

ဒါပေမဲ့လည်း တစ်နှစ်လောက်ကြာပြီးနောက်မှာတော့ နိုင်ငံတိုင်းလိုလိုမှာ new normal ဆိုတဲ့အတိုင်း ရောဂါပိုးနဲ့အတူတကွ အလိုက်သင့်နေဖို့အတွက် ကြိုးစားလာခဲ့ကြပါတယ်။ ဒီအတွက် ပွဲတွေလည်း ပြန်လုပ်ခွင့်ပေးတာမျိုး၊ စားသောက်ဆိုင်တွေကအစ ပြန်ဖွင့်စေခဲ့တာမျိုးတွေအထိပေါ့။ ဒီလိုလုပ်လိုက်ခြင်းဟာ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို ကျန်းမာစေတဲ့အပြင်ကိုမှ စီးပွားရေးလုပ်ငန်းတွေကိုလည်း ပြန်လည်လည်ပတ်ခွင့်ပေးလိုက်တဲ့အတွက် အကျိုးရှိလာပေမယ့်လို့ တစ်ဖက်မှာလည်း ရောဂါဖြစ်ပွားတဲ့ နှုန်းတွေဟာ တက်လာခဲ့ပြန်ပါတယ်။

YouTube- WLWT
YouTube- WLWT

ဥပမာဆိုရင် Buzz Feed မှာ ဖတ်လိုက်ရတဲ့ သတင်းတစ်ပုဒ်ကိုပဲကြည့်ပါ။ Ohio ပြည်နယ်မှာ ကိုဗစ်ဖြစ်နေပေမယ့်လည်း သာရေး၊နာရေး ပွဲလမ်းတွေကို လုပ်ဆောင်ခွင့်ပြုထားခဲ့ပါတယ်။ စည်းကမ်းနဲ့ ကိုက်ညီမယ်ဆိုရင်ပေါ့။ မင်္ဂလာဆောင်တစ်ခု ပြုလုပ်တော့မယ်ဆိုရင် အစားအသောက် မတည်ခင်းရဘူး၊ ကပွဲမပါရဘူး၊ ပွဲလာပရိတ်သတ်တွေအကုန်လုံး mask တပ်ထားရမယ်၊ စည်းကမ်းနဲ့ အဝင်အထွက်ပြုလုပ်ပြီးတော့ တစ်ယောက်နဲ့တစ်ယောက်လည်း ၆ ပေခြားရမယ်ပေါ့လေ။ ဒီလိုစည်းကမ်းတွေနဲ့ ကိုက်ညီမှ မင်္ဂလာဆောင်ကို ပြုလုပ်ခိုင်းထားခဲ့တာပါ။

ဒါကြောင့် Anthony နဲ့ Mikayla Bishop တို့နှစ်ယောက်ကလည်း သူတို့ရဲ့ မင်္ဂလာပွဲလေးကို စည်းကမ်းချက်အတိုင်းပဲ လုပ်မယ်ဆိုပြီးတော့ ကျင်းပခဲ့ပါတယ်။ ဒါပေမဲ့ တကယ့်မင်္ဂလာပဲါနေ့မှာတော့ စည်းကမ်းနဲ့တစ်စက်မှ ညီမနေခဲ့ပါဘူး။ ဒါကိုလည်း သတို့သားနဲ့သတို့သမီးတို့ဟာ ပွဲထွက်တဲ့အချိန်ကျမှ သိပြီးတော့ မှားပြီလို့ အရင်ဆုံးနောင်တရခဲ့ကြတာပါလို့ အင်တာဗျူးမှာအခုလိုဖြေထားခဲ့ပါတယ်။ Mikayla ဟာ လျှောက်လမ်းကို ထွက်ထွက်လိုက်ချင်း ဧည့်သည်တွေကို ကြည့်လိုက်တဲ့အခါ အကုန်လုံးက maks တပ်ထားတဲ့လူရယ်လို့ မရှိပါဘူးတဲ့လေ။ အဲဒီအချိန်မှာ Mikayla တစ်ယောက် ကိုဗစ်တော့ ကူးတော့မှာ သေချာနေပြီဆိုပြီးတော့ ထင်လိုက်ခဲ့ပါတယ်။

YouTube- WLWT
YouTube- WLWT

ဒါပေမဲ့လည်း ဘယ်လိုမှမတတ်နိုင်တော့တဲ့အတွက် ပွဲကို ဆက်လက်ကျင်းပနေခဲ့ပါတယ်။ နောကတော့ အစားအသောက်တွေလည်း လူတစ်ယောက်နဲ့တစ်ယောက် မခြားဘဲနဲ့ ယူခဲ့ကြပြီး သူတို့ကတော့လည်း ဧည့်သည်တွေအကုန်လုံးနီးပါး လိုက်ထပြီး ကခဲ့ကြပါတယ်။ ပွဲပြီးတော့ ဟန်းနီးမွန်းထွက်မယ်လည်းဆိုရော Anthony တစ်ယောက် ဖျားပါတော့တယ်။ စစ်ကြည့်လိုက်တဲ့အခါမှာတော့ ကိုဗစ်ပါတဲ့။ ဒါနဲ့ close contact ဖြစ်တဲ့ ဧည့်သည်တွေကိုလည်း အကုန်စစ်ကြည့်လိုက်တဲ့အခါ ပွဲမှာ mask အမြဲတမ်း တပ်ထားခဲ့တဲ့ အဖိုးနဲ့အဖွားအပါအဝင် ၃ ပုံလောက်ဟာ covid positive ဖြစ်သွားခဲ့ပါတယ်။

YouTube- WLWT

ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ Ohio မြို့တော်ဝန်ကတော့ ပွဲပြုလုပ်တာနဲ့ပတ်သက်လို့ တင်းတင်းကြပ်ကြပ် ထိန်းချုပ်မှုတွေ လုပ်တော့မယ်ဆိုပြီး ပြောလာခဲ့ပါတယ်။

Penny

SHARE