နေအိမ်မှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တဲ့ နာမည်ကြီး Streamer ကောင်မလေး

[email protected]

တစ်ခါတစ်လေကျတော့လည်း စဉ်းစားကြည့်မိတယ်။ ရခဲလှတဲ့ လူ့ဘဝမှာ ပျော်ရွှင်အောင် ကိုယ့်ဟာကိုယ်ဖန်တီးယူလို့ရတဲ့ နည်းလမ်းတွေ အများကြီးရှိရက်နဲ့ လူတွေ ဘာလို့ ကိုယ့်ကိုယ်ကိုများ သတ်သေနေကြထာလဲပေါ့။ ဒီလိုပြောလို့ မစာနာတတ်ဘူးလို့ မထင်လိုက်ပါနဲ့။ လူတိုင်းမှာ အခက်အခဲကိုယ်စီရှိကြပါတယ်။ အရာအားလုံးကို သူ့နည်းသူ့ဟန်နဲ့ ဖြေရှင်းကြတဲ့ လူတွေချည်းပါပဲ။ ဒါပေမယ့် ပြသနာတစ်ခုကို မဖြေရှင်းချင်တော့ဘူး၊ အဖြေမရှာချင်တော့ဘူးဆိုရင် လူတွေရဲ့အကျင့်က ကိုယ့်ကိုယ်ကို သတ်သေလိုက်တာပါပဲ။

https://www.instagram.com/p/B-gEeoqBOVt/

အပေါ်မှာတွေ့ရတဲ့ ဓာတ်ပုံထဲက ကောင်မလေးကတော့ Ohlana လို့ အမည်ရပြီး မကြာသေးခင်က ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တဲ့ ဗီယက်နမ် နာမည်ကြီး Streamer ကောင်မလေးတစ်ယောက်ပါပဲ။ အသက်ကတော့ ၂၆ နှစ်သာရှိသေးပေမယ့် Streamer လောကမှာတော့ တော်တော်နာမည်ကြီးပါတယ်။ Counter-Strike: Global Offensive ဆော့ရာမှာ နာမည်ကြီးတဲ့အပြင် Valorant ဂိမ်းပွဲတွေမှာ caster အဖြစ်လုပ်ပေးရင်းနဲ့လဲ လူ သိများလာတဲ့ Streamer တစ်ယောက်လည်း ဖြစ်ပါတယ်။

READ
မိမိထက်အသက်ကြီးတဲ့လူကိုပဲ ချစ်သူ၊အိမ်ထောင်ဖက်အဖြစ် မိန်းကလေးတွေရွေးရတဲ့အကြောင်းအရင်း

https://www.instagram.com/p/Bte_h65BogU/

Ohlana ဟာ မသေဆုံးခင် ရက်ကတောင် သူမရဲ့ Twitter အကောင့်မှာ “ဘယ်သူ့အမှားမှ မဟုတ်ပါဘူး” ဆိုတဲ့ စာလေးတစ်ကြောင်းကိုတောင် ပို့စ်တင်ခဲ့ကြောင်း SCMP သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

ဒါ့အပြင် ဇူလိုင် ၆ ရက်နေ့မှာတောင် ကိုယ့်ကိုယ်ကို သတ်မသေခင် သူမရဲ့ သူငယ်ချင်းဖြစ်သူတွေကို “ဒီနေ့လေးဟာ အရမ်းလှတဲ့နေ့လေးပဲ။ နင်တို့တွေအပြင်ထွက်ပြီး သာယာတဲ့နေ့လေးကို ငါ့အစားခံစားပေးကြပါ။ ငါကတော့ ထွက်သွားနှင့်ပြီ” လို့ Instagram ကနေ မက်စေ့ခ်ျပို့ခဲ့ကြောင်း သိရပါတယ်။ လက်ရှိမှာတော့ ရဲတပ်ဖွဲ့က Ohlana ရဲ့ သေဆုံးမှုဟာ အဆုံးစီရင်မှုလို့ ထုတ်ပြန်ထားပြီး ဘယ်လိုနည်းနဲ့ သေဆုံးသွားလဲဆိုတာကိုတော့ တရားဝင်ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

READ
ခန္ဓာကိုယ်ကနေ အလိုလို သွေးယိုစီးတဲ့ ထူးဆန်းတဲ့ရောဂါ ခံစားနေရတဲ့ အိန္ဒိယကောင်လေး

https://www.instagram.com/p/B64toHUBIut/

Pyi Hein Kyaw

SHARE