အိုပါးချောချောလေးတွေနဲ့ ဆိုးလ်မြို့ကိုလည်ပတ်နိုင်ဖို့ ဝန်ဆောင်မှုပေးနေတဲ့ ခရီးသွားကုမ္ပဏီ

oh my oppa

တောင်ကိုရီးယားနိုင်ငံကတော့ ကေပေါ့နဲ့ ကေဒရာမာကြောင့် ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေကြားမှာ လူသိများလာပြီး ခရီးသွားတွေတော်တော်များများလာလည်တဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်လာပါတယ်။ တောင်ကိုရီးယားကို လာလည်တဲ့သူ အများစုကတော့ ကေဒရာမာတွေထဲကလို အတွေ့အကြုံတွေကို ခံစားနိုင်ဖို့အတွက် လာရောက်ကြသူတွေဖြစ်ပါတယ်။ ဒါကြောင့် “Oh My Oppa” ဆိုတဲ့ ခရီးသွားကုမ္ပဏီကတော့ ကေဒရာမာတွေထဲကလို အိုပါးနဲ့အတူ ဆိုးလ်မြို့ကို လည်ပတ်နိုင်ဖို့အတွက် ခရီးသွားဝန်ဆောင်မှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။

oh my oppa

“Oh My Oppa” ကုမ္ပဏီကတော့ ဆိုးလ်မြို့ကို ကိုရီယားအိုပါးချောချောလေးနဲ့ အတူ လည်ပတ်ချင်တဲ့ သူတွေရဲ့ အိပ်မက်လေးကို ဖြည့်ဆည်းပေးနေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ “Oh My Oppa” ရဲ့ ဝက်ဘ်ဆိုက်မှာတော့ အိုပါးတွေ အများကြီးတွေ့ရမှာဖြစ်ပြီး ကိုယ်သဘောကျတဲ့ သူတစ်ယောက်ကို ရွေးချယ်လို့ရပါတယ်။ ဒါပေမဲ့ နှစ်ရက်ကြိုပြီးတော့ booking လုပ်ရမှာဖြစ်ပြီး ငွေကြိုပေးချေရမှာဖြစ်ပါတယ်။”Oh My Oppa”  ကကိုရီးယား အိုပါးတွေကတော့ အင်္ဂလိပ်စကားလည်း ကျွမ်းကျင်တာကြောင့် ဘာသာစကား အခက်အခဲအတွက်လည်း စိတ်ပူစရာမရှိပါဘူး။

READ
ဆောင်းရာသီ ခရီးသွားဆွဲဆောင်မှုဖြစ်တဲ့ မွန်ဂိုရိုးရာငါးဖမ်းသူများ ကျက်စားရာ ရေခဲပြင်ကန်ကြီး
oh my oppa

“Oh My Oppa” ဝက်ဘ်ဆိုက်မှာတော့ အိုပါးနဲ့အတူ လည်ပတ်နိုင်တဲ့ နေရာတွေနဲ့ ဈေးနှုန်းတွေကိုလည်း ဖေါ်ပြထားပါတယ်။ ဈေးနှုန်းတွေကတော့ ဒေါ်လာ၇၀ ကနေ ဒေါ်လာ ၁၀၀ အထိရှိပါတယ်။ ကိုယ်နဲ့အတူ လိုက်လည်ပေးတဲ့ အိုပါးကတော့ ကိုရီးယားနိုင်ငံရဲ့အကြောင်းတွေကိုလည်း ပြောပြပေးပြီး သွားလည်တဲ့နေရာတွေရဲ့ သမိုင်းကြောင်းတွေလည်း ရှင်းပြပေးမှာပါ။

oh my oppa
oh my oppa

ဒါပေမဲ့ အိုပါးနဲ့ ဖုန်းနံပါတ် လဲလှယ်တာတွေ၊ဆိုရှယ်မီဒီယာအကောင့်တောင်းတာတွေကိုတော့ ပြုလုပ်လို့မရပါဘူး။ “Oh My Oppa” ကုမ္ပဏီကပဲ “Oh My Unnie” ဆိုတဲ့ ခရီးသွားဝန်ဆောင်မှုကို ပြုလုပ်လိုက်ပြီး Unnie တွေကိုတော့ အမျိုးသမီးခရီးသွားတွေပဲ ငှားလို့ရပါတယ်။ “Oh My Oppa”နဲ့ “Oh My Unnie” ကိုတော့ လူသိများတဲ့ ခရီးသွားvlogger တွေရဲ့ ဗီဒီယိုတွေမှာလည်း တွေ့ရပြီး ယုံကြည်စိတ်ချရတဲ့ ခရီးသွားဝန်ဆောင်မှုကုမ္ပဏီအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

READ
အထူးခြားဆုံးဓလေ့ထုံးတမ်းများ ပိုင်ဆိုင်ထားတဲ့နိုင်ငံ (၅) နိုင်ငံ

Source: Oh My Oppa

 

SHARE