OK ကိုယ်စားပြု လက်ဟန်အမူအရာကို အမုန်းတရား ကိုယ်စားပြုအဓိပ္ပာယ်လို့ သတ်မှတ်

WCNC/Pixabay

စက်တင်ဘာလ ၂၆ ရက်နေ့မှာ  Anti-Defamation League (ADL)  က OK ကိုယ်စားပြု လက်ဟန်ကို မုန်းတီးရေးသင်္ကေတ အဖြစ် သတ်မှတ်ခဲ့တာပါ။ ပုံမှန်ဆိုရင် OK ကို လက်မနဲ့ လက်ညှိုး အဝိုင်းပုံစံပြုလုပ်ပြီး ကျန်တဲ့ လက်သုံးချောင်းကိုထောင်ထားရတာပါ။ အဓိပ္ပါယ်က ငါ အဆင်ပြေတယ်လို့ ပြောခဲ့ကြတာပါ။ အခုတော့ ဒါကို နောက်ထပ် အဓိပ္ပါယ် မှတ်ယူနေကြပါပြီ။

ADL က OK လက်ဟန်က လူမျိုးရေး စွမ်းအားကြီးတာကို ဖော်ပြနေတယ်လို့ဆိုပါတယ်။ အပေါ်မှာထောင်ထားတဲ့ လက်သုံးချောင်းက W နဲ့ လက်မနဲ့ လက်ညှိုး က P လို့ သတ်မှတ်ပြီး အဓိပ္ပါယ်ကို “WP” white power လို့ ယူဆလိုက်ကြတာပါ။ 

Anti-Defamation League

ADL အနေနဲ့ ဥပမာ တစ်ခုအဖြစ် Australia နိုင်ငံသား လူဖြူ အစွန်းရောက် တစ်ယောက်ဖြစ်တဲ့ Brenton Tarrant က လူပေါင်း ၅၁ ယောက်ကို ဘုရားရှိခိုးကျောင်းတစ်ခုမှာ ပစ်သတ်ခဲ့ပြီး နောက် OK လက်ဟန်ကို လုပ်ခဲ့တာနဲ့ ပတ်သက်ပြီး ဖော်ပြခဲ့ပါတယ်။ 

ဒီနေရာမှာ လူသတ်သမား က အဆင်ပြေတယ်လို့ ပြောချင်တာထက် WP ( White Power)  လူဖြူတွေက ပိုပြီး အင်အားရှိတယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ သုံးသွားတာဖြစ်နိုင်ကြောင်း ယူဆပါတယ်။

Pexels/Pixabay

OK လက်ဟန်ကို မုန်းတီးရေးသင်္ကေတအဖြစ် ထုတ်ပြန်ကြေညာအပြီးမှာ ဒီ သင်္ကေတကို အကောင်းအယူအဆနဲ့ သုံးတဲ့ လူများစွာက မကျေနပ်ကြောင်း post တွေကို လူမှုကွန်ရက်တွေမှာ တင်ခဲ့ကြပါတယ်။

Lwin Min

SHARE