“ဝက်ဝက်ကွဲအောင်ပွင့်” ရုပ်ရှင်နဲ့ကြောင့် အထင်လွဲနေမှုတွေကို ရှင်းလိုက်တဲ့ ဥက္ကာမင်းမောင်

နာမည်ကျော်ကြားတဲ့ မော်ဒယ်၊ရုပ်ရှင်မင်းသားတစ်ယောက်ဖြစ်တဲ့ ဥက္ကာမင်းမောင်ကတော့ သူဟာ လိင်တူချစ်သူတစ်ယောက်ဖြစ်ကြောင်းကို လူသိရှင်ကြားဖွင့်ပြောခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိထားတဲ့အပြင် LGBT လောကရဲ့ အားပေးချစ်ခင်မှုတွေကိုလည်း ရရှိထားတဲ့သူဖြစ်ပါတယ်။

သူကတော့ “ဝက်ဝက်ကွဲအောင်ပွင့်”ဆိုတဲ့ ရုပ်ရှင်ကားမှာလည်း ပါဝင်သရုပ်ဆောင်ထားပြီး ဒီရက်ပိုင်းမှာတော့ ဥက္ကာမင်းမောင်ပါဝင်ထားတဲ့ “ဝက်ဝက်ကွဲအောင်ပွင့်”ရဲ့ ထွေလာဗီဒီယိုအပိုင်းလေးထွက်လာခဲ့ပါတယ်။ ဗီဒီယိုထဲမှာတော့ ဥက္ကာမင်းမောင်က သတို့သမီးဝတ်စုံဝတ်ပြီးသရုပ်ဆောင်ထားပြီး မိန်းမလျှာပုံစံ ဟာသသရုပ်ဆောင်ထားတာကြောင့် ပရိသတ်တွေက Gayနဲ့ လိင်ပြောင်းတွေကို လှောင်ပြောင်တယ်ဆိုပြီး ဝေဖန်နေကြတာဖြစ်ပါတယ်။

ဒါကြောင့် ဥက္ကာမင်းမောင်ကတော့ အခုလိုမျိုး ဗီဒီယိုတင်ပြီး ဖြေရှင်းခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ထင်မြင်ချက်လေးတွေကိုလည်း ပြောပြခဲ့ပါဦးနော်။

ဝက်ဝက်ကွဲအောင်ပွင့်ဂယက်များကို ဖြေရှင်းခြင်း.. ကျွန်တော့်ကို အထင်လွဲနေသော ပရိတ်သတ်များသိအောင် ဒီဗီဒီယိုလေးကို share ပေးပါလို့ တောင်းဆိုချင်ပါတယ်..

Posted by Ye Htoo Win on Thursday, January 24, 2019

SOurce: Okkar Min Maung

SHARE