ချစ်သူရဲ့ မိဘတွေနဲ့ တွေ့ဆုံခဲ့တဲ့ ဥက္ကာမင်းမောင်

ယောကျာ်းချင်း ချစ်ကြိုက်တဲ့ လိင်တူချစ်သူတစ်ယောက်ဆိုတာကို ပရိသတ်တွေကို တရားဝင်ဖွင့်ပြောခဲ့တဲ့ မော်ဒယ်/မင်းသား ဥက္ကာမင်းမောင်ကတော့ ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို ရရှိထားတဲ့ ဆယ်လီတစ်ဦးဖြစ်ပါတယ်။ သူကတော့ လတ်တလောမှာ သူ့ရဲ့ ချစ်သူနဲ့အတူ ပြည်ပကို ရောက်ရှိနေတာဖြစ်ပါတယ်။

ချစ်သူနဲ့အတူ ပော်ျရွှင်စရာအချိန်လေးတွေကို ဖြတ်သန်းနေတဲ့ ဥက္ကာမင်းမောင်ကတော့ သူ့ရဲ့ အင်စတာဂရမ်ပေါ်မှာ ဓါတ်ပုံလေးတွေကို မျှဝေပေးထားပါသေးတယ်။ ဥက္ကာမင်းမောင်ကတော့ သူရဲ့ ချစ်သူရဲ့ မိဘတွေနဲ့ တွေ့ဆုံခဲ့တဲ့ ဓါတ်ပုံလေးကိုလည်း အင်စတာဂရမ်ပေါ်မှာ တင်ပေးထားပါသေးတယ်။

“မေထုန်ရာသီဖွား” ရုပ်ရှင်ကားနဲ့ ပရိသတ်တွေကြားလူသိများတဲ့ မင်းသားတစ်ယောက်ဖြစ်တဲ့ ဥက္ကာမင်းမောင်ကတော့ အနုပညာအလုပ်တွေကိုလည်း ဆက်လက်ပြီး ကြိုးစားလုပ်ကိုင်သွားမယ်လို့လည်း သိရပါတယ်။ ပရိသတ်တွေလည်း ဥက္ကာမင်းမောင်ရဲ့ ရှေ့ဆက်အနုပညာလှုပ်ရှားမှုတွေကို အားပေးလိုက်ကြပါဦးနော်။

Source: Ye Htoo Win

SHARE