အမေရိကန် အိုကလာဟိုးမားမှာ ဖတ်စာအုပ်ဟောင်းတွေနဲ့သင်လို့ မိဘများဆန္ဒပြနေ

အမေရိကန်နိုင်ငံ Oklahoma ပြည်နယ်ရှိ ကျောင်းတွေမှာ ကလေးတွေကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ဖတ်စာအုပ်တွေနဲ့ ဆက်သင်နေလို့ မိဘအချို့ ဆန္ဒပြလျက်ရှိပါတယ်။ Alisha Malaska ဆိုတဲ့ မိခင်တစ်ဦးက နိုင်ငံတွင်းသင်ရိုးတွေ ပြောင်းလဲနေတာတောင် သူ့သားရဲ့ ဖတ်စာအုပ်အချို့က လွန်ခဲ့တဲ့ (၁၀)ကတည်းက ထုတ်ဝေထားတဲ့ ဖတ်စာအုပ်ဟောင်းတွေအဖြစ် တွေ့ရှိခဲ့ရပါတယ်။

www.pbs.org

Oklahoma ပြည်နယ်က ဆရာနဲ့ မိဘများစွာဟာ အခုလိုဒိတ်အောက်နေတဲ့ ဖတ်စာအုပ်တွေပုံကို အွန်လိုင်းပေါ်တင်ပြီး ဖွံ့ဖြိုးမှုတွေလုပ်ပေးဖို့ ဆန္ဒထုတ်ဖော်လျက်ရှိတာပါ။ Oklahoma ပြည်နယ်ဟာ ပညာရေးထောက်ပံ့မှု အနည်းဆုံးရတဲ့ ပြည်နယ်တွေထဲက တစ်ခုဖြစ်ပြီး လက်ရှိသင်နေတဲ့ ဖတ်စာအုပ်အချို့မှာဆိုရင် အမေရိကန်သမ္မတဟာ (၂၀၀၉)ခုနှစ်က တာဝန်ပြီးဆုံးသွားတဲ့ ဂျော့ရှ်ဘုရှ်ပဲ ဖြစ်နေသေးတဲ့အထိပါ။

www.pbs.org

ဆရာတွေက အသင်အပြကောင်းသော်လည်း ပြဿနာက သင်ရိုးနဲ့ စာအုပ်တွေ ဒိတ်အောက်ဟောင်းနွမ်းနေတာ ဖြစ်ပါတယ်။ တွစ်တာအသုံးပြုသူတစ်ဦးဆိုရင် လက်ရှိဖတ်စာအုပ်တွေထဲက တစ်အုပ်ဟာ လွန်ခဲ့တဲ့နှစ်(၃၀) သူမကျောင်းတုန်းက သင်ခဲ့ရတဲ့ စာအုပ်တောင်ဖြစ်နေကြောင်း ဆိုပါတယ်။ Scarberry ဆိုသူက စုတ်ပြဲနေတဲ့ ဖတ်စာအုပ်အဟောင်းတွေအပြင် နောက်မှီပျက်စီးနေတဲ့ စာသင်ခန်းထိုင်ခုံပုံတွေကိုပါ တင်ခဲ့ပါတယ်။

READ
ခရီးဆောင်အိတ်ထဲမှာ တောင်ခြင်္သေ့အသေကောင်ကို ထည့်သယ်လာတဲ့ဖြစ်ရပ်
www.pbs.org

Oklahoma ပြည်နယ်က နောက်ထပ်ကျောင်းတစ်ခုမှာ စာကြည့်တိုက်ဟာဆိုရင် မိုးရွာတာနဲ့မိုးယိုပြီး စာအုပ်စင်တွေကိုပါ ရွှေ့ပြောင်းရလေ့ရှိကြောင်း စာကြည့်တိုက်မှူး Donna Pritchett က ပြောခဲ့ပါတယ်။ အမေရိကန်နိုင်ငံဟာ ဖွံ့ဖြိုးပြီး နိုင်ငံဖြစ်နေပေမယ့် ၎င်းဒေသအချို့မှာ အခုလိုပညာရေးထောက်ပံ့မှုတွေ လျော့နည်းနေသေးတာကို တွေ့ရပါတယ်။

www.pbs.org

White (Shwemom)

Ref: PBS News Hour

SHARE