ခွေးကြီးဖရက်ဒ်ရဲ့ ရင်ငွေ့ကိုလှုံရင်း ပျော်နေကြရှာတဲ့ မိဘမဲ့ ဘဲပေါက်လေးများ

အသက်ကြီးနေပြီဖြစ်တဲ့ ခွေးကြီးတစ်ကောင်ဟာ ရုတ်တရက် မိခင်ကြီးပျောက်သွားတဲ့ သနားစရာ မိဘမဲ့ဘဲပေါက်ကလေး(၉)ကောင်ကို ဖခင်သဖွယ် စောင့်ရှောက်နေတယ်လို့ သိရပါတယ်။ ခွေးကြီးဟာ လက်ဘရက်ဒေါအမျိုးအစားဖြစ်ပြီး ဖရက်ဒ်လို့ အမည်ရပါတယ်။ မိခင်ဘဲမကြီးဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့ကတည်းက  ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး ထိုအချိန်ကတည်းက မိဘမဲ့ဘဲပေါက်လေးတွေဟာ ဖရက်ဒ်ရဲ့စောင့်ရှောက်မှုအောက်ကို ရောက်ခဲ့တာပါ။

ဖရက်ဒ်က အသက်(၁၀)နှစ်ရှိပါပြီ။ အက်ဆက်ပြည်နယ် Mountfitchet ရဲတိုက်မှာနေတဲ့ ခွေးကြီးတစ်ကောင်ပါ။ Mountfitchet ရဲတိုက်ဟာ ကမ္ဘာလှည့်ခရီးသွားတွေ လာလေ့ရှိတဲ့အထင်ကရနေရာတစ်ခု ဖြစ်ပါတယ်။ ရဲတိုက်မှာရှိတဲ့ဝန်ထမ်းတစ်ဦးက သူရဲခိုမှာလျောက်သွားနေတဲ့ ဘဲပေါက်လေးတွေကို စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဝန်ထမ်းက ဘဲပေါက်လေးတွေနဲ့ပတ်သက်ပြီး အရမ်းစိုးရိမ်နေခဲ့ပေမယ့် ဖရက်ဒ်ဟာဘဲကလေးကို ထိန်းကျောင်းခဲ့ကာ တာဝန်ယူခဲ့တာပါ။ Mountfitchet ရဲတိုက်က တာဝန်ရှိသူတစ်ဦးကတော့ ဘဲမကြီးက သားပေါက်နေတာကို သိကြောင်းနဲ့ ရုတ်ချည်းဆိုသလို ဘဲမကြီးကိုမမြင်ရတော့ပဲ ဘဲကလေးတွေသာ အပြင်ထွက်လာကြောင်း ပြောပြခဲ့ပါတယ်။

READ
အသက်(၁၉)နှစ်နဲ့ PhD ဘွဲ့ရယူနိုင်ခဲ့တဲ့ အာရှရဲ့ အငယ်ဆုံး ဒေါက်တာဘွဲ့ရ ကောင်မလေး

ဘဲမကြီးဟာ မြေခွေးကိုက်လို့ သေသွားတာဖြစ်နိုင်ကြောင်း ထိုသူကပဲ ပြောပြခဲ့ပါတယ်။ ဒါ့အပြင် ဖရက်ဒ်ဟာနှ စ်လိုဖွယ်ကောင်းတဲ့ စရိုက်ရှိတာကြောင့် ဘဲကလေးတွေဟာ သူတို့မွေးစားအဖေကို ချစ်ခင်ကြကြောင်း သိရပါတယ်။ စာဖတ်သူတွေတွေ့ရမယ့် ဓာတ်ပုံတွေမှာလည်း ရဲတိုက်ရဲ့မြက်ခင်းပေါ်မှာ လှဲနေတဲ့ဖရက်ဒ်နဲ့ သူ့ရဲ့မွေးစားကလေးတွေကို တွေ့ရမှာဖြစ်ပါတယ်။ ဓာတ်ပုံတစ်ပုံမှာတော့ ဘဲညီအကိုမောင်နှမ (၉)ကောင်စလုံးက ဖရက်ဒ်ရဲ့ကျောပေါ်တက်နေတာကိုလည်း တွေ့ရမှာပါ။

ရဲတိုက်ဝန်ထမ်းတစ်ယောက်က “ဘဲပေါက်ကလေးတွေက အရမ်းဆော့ပါတယ်။ ဖရက်ဒ်ရဲ့ကျောပေါ်မှာလည်း လိုက်စီးတယ်။ ဖရက်ဒ်က ကျုံးထဲကို ရေဆင်းကူးဖို့ သွားတဲ့အခါမှာလည်း ဖရက်ဒ်နောက်ကို ရေကူးဖို့လိုက်သွားကြတယ်။” လို့ပြောပြပါတယ်။ Mountfitchet ရဲတိုက်ဟာ သစ်သားနဲ့ဆောက်လုပ်ထားတဲ့ Norman Motte and Bailey ရဲတိုက်ကြီးဖြစ်ပါတယ်။ အရင်တုန်းကတော့ Iron Age တောင်ကုန်းခံတပ်လို့ ခေါ်ပါတယ်။ သမိုင်းဝင်နေရာဖြစ်ပြီး ရောမခံတပ်တစ်ခုလဲဖြစ်ခဲ့ပါတယ်။ (၁၀၆၆)ခုနှစ်မှာ အင်ပါယာဝီလျံဝင်မတိုက်ခင် ဆက်ဇွန်နဲ့ဗိုက်ကင်းလူမျိုးတွေရဲ့ အခြေချခဲ့ရာနေရာလည်းဖြစ်ခဲ့ကြောင်း သိရပါတယ်။

READ
ကျောင်းစာရိတ်အတွက် ဟင်းသီးဟင်းရွက်တွေရောင်းရင်း ကိုယ့်ထူးကိုယ်ချွန် ကြိုးစားခဲ့သူ

လင်းလင်း (ShweMom)

Ref: TheSun

SHARE