မွန်မြတ်တဲ့ လှူဒါန်းမှုလေးတစ်ခုကြောင့် တက္ကသိုလ်က ဘွဲ့ရခဲ့တဲ့ အသက် ၇၀ ကျော်ဖိုးဖိုးကြီး

Facebook/Laura Kelly

အလှူအတန်းလုပ်တယ်ဆိုတာ စိတ်ထားတတ်ရင် ညောင်စေ့လောက်လှူလည်း ညောင်ပင်ကြီးကြောက်ကုသိုလ်ရတယ်ဆိုတဲ့စကားကို ကျွန်တော်တို့တွေ ကြားဖူးကြမယ်ထင်ပါတယ်။ တကယ်လည်း တန်ဖိုးရှိတဲ့စကားပါပဲ။ အခုလည်း ဖိုးဖိုးကြီးတစ်ယောက်ရဲ့ ကုသိုလ်လေးတစ်ခုအကြောင်း မျှဝေပေးချင်ပါတယ်။ Insider မှ ကိုးကားဖော်ပြပေးလိုက်ပါတယ်။

နယူးယောက်အုပ်ချုပ်ရေးမှူး Andrew Cuomo ဆီကို စာလေးတစ်စောင်ရောက်လာခဲ့ပါတယ်။ စာနဲ့အတူ N95 mask လေးတစ်ခုလည်း တွဲလျက်သားပါ။ စာဖတ်ကြည့်လိုက်တဲ့အခါမှာတော့ စာရေးပြီးပို့တဲ့သူဟာ ကန်းနက်စ်မှ လယ်သမားကြီးတစ်ဦးဖြစ်ပြီး အသက်ကတော့ ၇၀ ကျော်နေပြီလို့သိရပါတယ်။

သူဟာ စာနဲ့တွဲလျက်ပို့လိုက်တဲ့ mask လေးကို နယူးယောက်မှာ တာဝန်ကျနေတဲ့ ဆေးဖက်ဆိုင်ရာဝန်ထမ်းဆီကိုပေးပါဆိုပြီး တောင်းဆိုလာခဲ့တာပါ။ သူဆီမှာ mask ၅ ခုရှိပေမယ့်လို့ ကျန်တဲ့ ၄ ခုကတော့ မိသားစုတွေအတွက်မလို့ လှူလို့မရတာကြောင့် သူ့အတွက် တစ်ဦးတည်းသောရှိနေတဲ့ mask လေးကိုပဲ လှူလိုက်ရတယ်ဆိုပြီးလည်း စာထဲမှာ ထည့်ရေးထားပါတယ်။ နောက်ပြောသေးတယ်၊ မိန်းမကတော့ ဒီလိုလှူတယ်လို့သိရင် သူ့ကိုသတ်တော့မှာပဲလို့လည်း အရွှန်းဖောက်ပြီး ပြောထားပါသေးတယ်တဲ့။ တကယ်တော့ သူရော ဇနီးသည်ရောပါ အဆုတ်ရောဂါနဲ့ ဆီးချိုတွေရှိနေပါတယ်။ အခုလက်ရှိအချိန်မှာ mask ဝယ်ယှုရတာ နေရာတိုင်းမှာ ခက်ခဲနေပါတယ်။

စာထဲမှာပဲ ထပ်ပြီး လယ်သမားကြီး Ruhnke ဟာ ၁၉၇၁ ခုနှစ် ဖခင်သေဆုံးပြီးချိန်မှာတော့ တက္ကသိုလ်တက်နေရင်းတန်းလန်း အိမ်ရဲ့ အိမ်ထောင်ဦးစီးနေရာကို ယူရတော့မှာမလို့ ထွက်ခဲ့ရတယ်လို့လည်း ရေးထားပါသေးတယ်။ နောက်နှစ်ပတ်အကြာမှာတော့ သူကျောင်းတက်ခဲ့တဲ့ ကန်းနက်စ်တက္ကသိုလ်မှ Ruhnke ကို ယူခဲ့တဲ့မေဂျာရဲ့ဘွဲ့လက်မှတ်ကို ပေးအပ်ခဲ့ပါတယ်တဲ့။

READ
နာဇီဂျာမနီရဲ့ အရက်စက်ဆုံးလို့ သတ်မှတ်ခံထားရတဲ့ ရွှေရောင်ဆံပင်ပိုင်ရှင်အမျိုးသမီး
Facebook/Laura Kelly

Penny

SHARE