သင်ခွေးလေး၊ ကြောင်လေးတွေကို ဆုံးရှုံးဖူးလား။ နှစ်ပေါင်းများစွာကြာအောင် ကိုယ့်အဖော်အဖြစ် နေလာခဲ့တဲ့ ကိုယ့်ရဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေကို ဆုံးရှုံးလိုက်ရတဲ့ သူတွေအနေနဲ့ ဘယ်လောက်တောင် ခံစားရသလဲဆိုတာ ဖော်ပြနိုင်မယ် မထင်ပါဘူး။ သံယောဇဉ်ဆိုတာ လူတွေအချင်းချင်းသာမဟုတ်ဘဲ တိရိစ္ဆာန်လေးတွေ မွေးထားတဲ့ လူတွေတွပဲ ခွေးလေးတွေ၊ ကြောင်လေးတွေနဲ့မှာလည်း ခိုင်မြဲတဲ့သံယောဇဉ်တွေ ရှိနေနိုင်တယ်ဆိုတာ သိမှာဆိုတော့လေ။
Bored Panda မှာ သတင်းတစ်ခု တက်လာခဲ့ပါတယ်။ စာပို့သမားတစ်ယောက်ရဲ့ ဇာတ်လမ်းလေးပေါ့။ သူ့နာမည်ကတော့ David McLeod လို့ခေါ်ပါတယ်။ David ဟာ Scotland ရဲ့ ရပ်ကွက်တစ်ခုတည်းမှာပဲ စာတွေ၊ ပစ္စည်းတွေ ပို့တဲ့အလုပ်ကို လုပ်နေခဲ့တာ နှစ်ပေါင်းများစွာကြာနေပါပြီ။ တစ်ရက် David တစ်ယောက် သူ ၆ နှစ်လောက် စာတွေ၊ ပစ္စည်းတွေ လာလာပို့ပေးနေတဲ့ အိမ်ရဲ့ ခြံတံခါးမှာ စာလေးကပ်ထားတာကို တွေ့လိုက်ရပါတယ်။

I have been delivering Iceland to this lovely guy for almost 6 years he is such a nice caring man. this is absolutely…
David Macleod ပို့စ်တင်ရာတွင် အသုံးပြုမှု ၂၀၂၀၊ နိုဝင်ဘာ ၂၂၊ တနင်္ဂနွေနေ့
စာကိုဖတ်ကြည့်လိုက်တော့ ဒီလိုရေးထားခဲ့တာပါ။ “အဖော်လုပ်ပေးဖို့ ခွေးသေးသေးလေး တစ်ကောင်လိုချင်ပါတယ်၊ အရင်ခွေးလေးက ကင်ဆာဖြစ်ပြီး ဆုံးသွားတာ မကြာသေးလို့ တော်တော်လေးကို စိတ်ထဲမကောင်းပြီး နေရထိုင်ရတာလည်း အဆင်မပြေလှဘူး။ ယူရို ၃၀ လောက်တော့ တတ်နိုင်ပါတယ်” ဆိုပြီးတော့ Jack Russell ဆိုတဲ့ အဖိုးအိုက ရေးထားခဲ့တာပါ။
ကိုဗစ်ဖြစ်နေတော့ သက်ကြီးရွယ်အိုတွေအနေနဲ့ အပြင်လည်း မထွက်နိုင်၊ တစ်ယောက်တည်းနေလာရင်း ဒီကြားထဲ တစ်ဦးတည်းသော အဖော်ခွေးလေးကလည်း ဆုံးပါးသွားတယ်ဆိုတော့ တ်ာတေော်လေးကို စိတ်မကောင်းဖြစ်နေရှာတဲ့ပုံပါပဲ။

ဒါလေးကို David တစ်ယောက် ဓာတ်ပုံရိုက်ပြီး သူ့ရဲ့ social media မှာ တင်လာခဲ့ပါတယ်။ လူတွေက အဖိုးအို Jack Russell ရဲ့ အဖြစ်ကို သနားသွားပြီးတော့ ခွေးလေးတစ်ကောင်ပေးဖို့ စုပြိး တိုင်ပင်နေခဲ့ကြပါပြီ။ သက်ကြီးရွယ်အိုဖြစ်တာကြောင့် တစ်နိုင်တစ်ပိုင် အကောင်လည်းသေးရမယ်၊ နောက် ငြိမ်ငြိမ်လေးနဲ့ အားလည်း ကိုးရမယ့် ခွေးအမျိုးအစားလေးကို ရှာပေးနေခဲ့ကြပါတယ်။
David ကိုယ်တိုင်ဦးဆောင်ပြီးတော့ ဂေဟာက ခွေးလေးတွေကို ရှာပေးရင်းနဲ့ ခွေးစုတ်ဖွားလေး အထီး၊ အမနှစ်ကောင်ကို သွားတွေ့တယ်တဲ့။ ဒါကြောင့် အဖိုးနဲ့ ဂေဟာကို ဆက်သွယ်ပေးကာ မွေးစားဖို့ စာရွက်စာတမ်းတွေကိုလည်း ကူညီပေးခဲ့ပါတယ်။ အခုတော့ စာတင်ထားဆဲဖြစ်လို့ မွေးစားခွင့်ကျ၊ မကျတော့ မသိသေးပါဘူး။
penny