ပေါင် (၅၃၀၀)လောက်အထိ ပေါက်ဈေးရှိနေတဲ့ Pokemon Card အဟောင်းများ

eBay

အခုအချိန်မှာ Pokemon Card အဟောင်းတွေဟာ တန်ကြေးအားဖြင့် ပေါင် (၅၃၀၀)လောက်အထိ ရှိနေတယ်လို့ Unilad သတင်းမှာ ဖော်ပြထားပါတယ်။ ဒီလိုကတ်အဟောင်းတွေကတော့ 90s Born တွေဖြစ်တဲ့ Pokemon ပရိသတ်တွေထံမှာပဲ ရှိနိုင်မှာပါ။ အသက်အားဖြင့် (၃၀) ပတ်ဝန်းကျင်တွေပေါ့ဗျာ။

eBay

တကယ်လို့ သင့်မှာသာ ခေတ်ဟောင်း Pokemon Card တွေ ရှိနေတယ်ဆိုရင်တော့ ဈေးအမြန်ရောင်းလို့ရတဲ့ eBay မှာ တစ်ခါတည်း မှတ်ပုံတင်လိုက်ပါ။ တစ်ချို့ကတ်တွေဆို ပေါင် (၅၃၀၀)အထိ ဈေးရပါတယ်တဲ့။

eBay

90 ခုနှစ်များဝန်ကျင်တုန်းကတော့ Pokemon Card တွေဟာ ကတ်တစ်ထုပ်ကို ပေါက်ဈေး (၃)ပေါင်ကနေ (၄)ပေါင်ဝန်းကျင်ပဲ ရှိခဲ့တာပါ။ အခုဆို အတော် တွက်ချေကိုက်တဲ့ ပမာဏနဲ့ ပြန်ရောင်းရမှာ ဖြစ်ပါတယ်။

eBay

ဈေးအမြင့်ဆုံးရခဲ့တဲ့ ကတ်ကတော့ ပေါင် (၄၃၄၅၀)အထိ လေလံဈေးရရှိခဲ့ကြောင်း သိရပါတယ်။ ဒီဟာကတော့ အထက်မှာ ဖော်ပြခဲ့တဲ့ ခြွင်းချက်ကို ပြန်ကောက်ရမှာပါ။ အဲဒီလေလံကို (၂၀၁၆)ခုနှစ် အမေရိကန်မှာ ကျင်းပခဲ့တာဖြစ်ပြီး၊ ကတ်တစ်ကတ်တည်းကို ဒီဈေးရခဲ့တာလို့ အခိုင်အမာဆိုထားပါတယ်။ ဒီအကြောင်းတွေကိုတော့ ဗြိတိန်အခြေစိုက် The Sun သတင်းစာက ဖော်ပြခဲ့တာပါ။

eBay

သေချာတာကတော့ လွန်ခဲ့တဲ့ (၂၈)နှစ်လောက်က Pokemon Card တွေထဲက အချို့သော ရှားပါး Card တွေဟာ အခုဆိုရင် ပေါင် (၅၀၀၀)ကတော့ အသာလေး ရနိုင်မှာဖြစ်ပြီး၊ ဟိုးအရင်ကတည်းက Pokemon ကို အစဉ်တစိုက် အားပေးခဲ့ကြသူ ဘော်ဒါတွေအနေနဲ့တော့ ကိုယ်စုဆောင်းထားတာလေးတွေ အကောင်းတိုင်း ရှိမရှိဆိုတာကို စစ်ဆေးလိုက်ကြဦးနော်။

လင်းသူရိန် (Shwemom)

SHARE